အ၀လွန်သူများကို လှောင်ပြောင် ရှုတ်ချလျင် ပိုဝစေနိုင်

အ၀ လွန်သူများကို လှောင်ပြောင်ခြင်း၊ ရှုတ်ချခြင်း၊ ခွဲခြားဆက်ဆံ ခြင်းတို့ ပြုမူလျင် ယင်းအ၀လွန် သူများကို ကိုယ် အလေးချိန် လျော့ချရန် တွန်းအားပေးရာ မရောက်ဘဲ ပို၍အ၀လွန်စေ မည်သာ ဖြစ်ကြောင်း ယူကေ သုတေသီ များက လေ့လာဆန်းစစ် တွေ့ ရှိ ကြောင်း သိရသည်။

လူအများက အ၀လွန်သူများကို ခွဲခြားဆက်ဆံလေ့ရှိပြီး စိတ်ဆင်းရဲ စေခြင်း၊ မလေးမစားပြုမူခြင်း၊ စားသောက်ဆိုင် နှင့်စတိုးဆိုင် များတွင် ပြည့်ဝသော ၀န်ဆောင်မှုမပေးခြင်း၊ လူနုံလူအ များကဲ့သို့ သဘောထားခြင်းတို့ ကို ပြုလုပ်လေ့ ရှိသည်။

သုတေသီများက လူအယောက် သုံးထောင်ထက်မနဲကို ဆန်းစစ်ကြည့်ရာဝယ် အ၀လွန်ခြင်းကြောင့် ခွဲခြားဆက်ဆံ ခံရသူများသည် ၄-နှစ်အတွင်း ၂ ပေါင်ခန့် ထပ်တိုးလာခဲ့ကြပြီး ခွဲခြားဆက်ဆံခြင်းမခံရသူများတွင်မူ ကိုယ်အလေး ချိန် ၁ ဒသမ ၅ ပေါင်ခန့်  ကျဆင်းသွားသည်ကို တွေ့ ရသည်။

ဝတဲ့သူတွေကို လူတွေရော၊ ဆရာဝန်တွေကပါ အပြစ်တင်ပြောဆိုတာတွေ၊ လှောင်ပြောင်တာတွေ၊ ရှုတ်ချတာတွေ လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တဲ့အတွက် သူတို့ ကို ကိုယ်အလေးချိန်လျော့ချဖို့  တွန်းအားပေးရာမရောက်ပါဘူး။ တစ်ကယ်တော့ သူတို့ ကိုအားပေးနှစ်သိမ့်ရပါမယ်။ ၀ိုင်းကူညီပေးရပါမယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

အ၀လွန်သူများသည် ပြစ်တင်ရှုတ်ချခြင်းခံရဖန်များလာပါက စိတ်သက်သာရာရအောင် ကယ်လိုရီများသော အစား အစာများကို ပို၍စားမိတတ်ကြပြီး မိမိဝနေသည့်အတွက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရမည်ကိုလည်း ရှက် ရွံ့ ကာ မ၀ံ့မရဲဖြစ်သွားတတ်ကြသည်။

ထို့ အပြင် အ၀လွန်သည့်အဆင့်သို့  မရောက်ရှိသေးသူများသည်လည်း ၀သည်ဟု မကြာခဏအပြောခံရလျင် နှစ် အနည်းငယ်အတွင်း အ၀လွန်လာနိုင်ချေ ၂ ဒသမ ၅ ရာခိုင်နှူန်း မြင့်တက်လာနိုင်ကြောင်း သိရသည်။ 

ထို့ ကြောင့် မိမိပတ်ဝန်းကျင်တွင် ၀သူများ၊ အ၀လွန်သူများကို တွေ့ ရှိလျင် ၀လိုက်တာဟု ရက်ရက်စက်စက် မပြော ဘဲ ၄င်းအားကိုယ်အလေးချိန်လျော့ချရန်လိုအပ်ကြောင်းကို အရှက်တကွဲမဖြစ်စေဘဲ တိုးတိုးတိတ်တိတ်ပြောခြင်း၊ ၄င်း၏အစားအသောက်ရွေးချယ်မှုမှန်ကန်စေရန် ကူညီပံ့ပိုးပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ရန် အားပေး တိုက်တွန်း လက်တွဲခေါ်ပေးခြင်းဖြင့် ကူညီနိုင်မည်ဖြစ်ကြောင်း သိရသည်။

လွယ်လွယ်မပြောပါနဲ့ ။ ကိုယ်ကသူ့ ကိုကြည့်ပြီး ၀လိုက်တာလို့  ရယ်မောပြောဆိုလိုက်တဲ့အတွက် သူ့ ရင်ထဲမှာ ကြေကွဲနေနိုင်ပါတယ်။ ဘယ်သူမှလူဝကြီးတွေမဖြစ်ချင်ကြပါဘူး။ အကြောင်းမလှလို့  အခုလိုပုံပျက်ပန်းပျက် ၀ လာပြီးတဲ့နောက် ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကျန်းမာသန်စွမ်းပါးလျတဲ့ခန္ဓာကိုယ်ကို လိုချင်ကြ တာပါပဲ။ အလုပ်ကြောင့်ဖြစ်စေ၊ ကျန်းမာရေးကြောင့်ဖြစ်စေ ကိုယ်လက်လှုပ်ရှားမှုမလုပ်နိုင်လို့  ကိုယ်အလေးချိန်

ကို အစားရှောင်ပြီးလျော့ဖို့ အတော့်ကိုကြိုးပမ်းရသူတွေပါ။ ဒါကြောင့်သူတို့ ကိုအပြစ်တင်မယ့်အစား အားပေးကူ ညီဖို့  လိုအပ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။


သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...