မြန်မာ ကျောင်းသားများအတွက် The Hong Kong Institute of Education မှ ရာနှုန်းပြည့် ပညာသင်ဆု ပေးအပ်မည်

The Hong Kong Institute of Education နှင့် သပြေပညာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မြန်မာ ကျောင်းသား၊ ကျောင်းသူ များအတွက် ရာနှုန်းပြည့် ပညာသင်ဆုများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ပညာသင်ဆုကို မြန်မာနိုင်ငံ (သို့) နိုင်ငံခြား တွင် အနည်းဆုံး တစ်နှစ် တက္ကသိုလ် တက်ရောက် ဖူးသူများ၊ IGCSE (သို့) GCE ရမှတ် Grade C နှင့်အထက် ရှိသူများ၊ TOEFL 550 (သို့) IELTS 6 ရှိသူများ လျှောက်ထားနိုင်မည် ဖြစ်သည်။

“ပညာသင်ဆုအတွက် လျှောက်လွှာတွေကို ဒီဇင်ဘာလ ၃၁ ရက်နေ့ထက် နောက်မကျဘဲ လာရောက်တင်ပေး စေချင်ပါတယ်။ ပညာသင်ဆုအတွက် မနှစ်တုန်းကတော့ ရာနှုန်းပြည့်ပညာသင်ဆုအတွက် သုံးယောက်ရွေးချယ်ပြီး စေလွှတ်ခဲ့တယ်။ ဒီနှစ်တော့ ၂ ယောက် သို့မဟုတ် ၃ ယောက်တော့ ပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု သပြေ ပညာရေး ဖောင်ဒေးရှင်းမှ စီနီယာပရိုဂရမ်မန်နေဂျာ ဦးစိုးလေးက ပြောသည်။

ပညာသင်ဆုကို ပညာရေး မူဝါဒဆိုင်ရာ အထူးပြု ဘာသာရပ်၊ ပညာရေး စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု ဘာသာရပ် များအတွက် ပေးအပ်မည်ဖြစ်ပြီး Bachelor ဘွဲ့အတွက် Social Sciences in Global and Environmental Studies, Social Sciences in Psychology, Arts in Creative Arts and Culture (Music/Visual Arts Major), Arts in Education for Sustainability, Arts in Liberal Studies Education, Music in Education (Contemporary Music and Performance Pedagogy), Science Education (Science and Web Technology), Science Education (Sports Science) , Social Science Education (Greater China Studies), Arts in Human and Organizational Development , Social Science in Psychology, Bachelor of Education (English Language - Primary/Secondary) အစရှိသည့် ဘာသာရပ်များကို လျှောက်ထားနိုင် မည်ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် သပြေပညာရေးဖောင်းဒေးရှင်း ဖုန်း - ၅၀၂၈၈၄၊ ၂၃၀၄၂၄၂ သို့ဆက်သွယ် မေးမြန်း စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။


Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...