သြစတြေးလျအစိုးရ ပညာသင်ဆုလျှောက်ထားနိုင်
ယခုနှစ်သြစတြေးလျအစိုးရ၏ ပညာသင်ဆုအစီအစဉ်တွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အစာရေစာဖူလုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဘာသာရပ်များသင်ယူမည့်သူများကို ဦးစားပေးမည်ဖြစ် ကြောင်းသိရသည်။
မြန်မာနိုင်ငံဆင်းရဲမွဲတေမှုမှ ကျော်လွှားနိုင်ရန် ရည်ရွယ်၍သြစတြေးလျအစိုးရသည် ၂၀၁၁ ခုနှစ်မှစ၍ မြန်မာကျောင်းသားများအား ပညာသင်ဆုပေးအပ်နေပြီး နှစ်စဉ်ကျောင်းသားဦးရေတိုးမြှင့်ခေါ်ယူ လျက်ရှိသည်။
ပညာသင်ဆုအစီအစဉ်အတွက် မဟာဘွဲ့လေ့လာသင်ယူသူများအား အဓိကထားမည်ဖြစ်သော်လည်း ဘွဲ့ကြိုသင်တန်းတက်ရောက်မည့်သူများကိုလည်း အကန့်အသတ်ဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း သြစတြေးလျသံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အမျိုးသမီးများ၊ မသန်စွမ်းပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားလူမျိုးစုများကိုလည်း ပညာသင်ဆုလျှောက်ထား ရန်တိုက်တွန်းအားပေးထားပြီး ၂၀၁၄ ခုနှစ်ဧပြီလကုန်နောက်ဆုံးထား၍ ပညာသင်ဆုလျှောက်လွှာပေး ပို့ရမည်ဖြစ်သည်။
ပညာသင်ဆုအစီအစဉ်လျှောက်ထားရန် ပညာရေးမှတ်တမ်းကောင်းရှိရမည်ဖြစ်ပြီး မိမိနိုင်ငံ၏ဖွံ့ဖြိုးတိုး တက်မှုအတွက် အကျိုးပြုဆောင်ရွက်ဖူးသူဖြစ်ကာ ခေါင်းဆောင်မှုစွမ်းရည်ပြသနိုင်ရမည်ဟု သတ်မှတ် ထားသည်။
အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအနေဖြင့် IELTS ၅ မှတ်အနည်းဆုံးရရှိထားရန်နှင့် ပညာသင်ဆု ရွေးချယ်ခံရသော်လည်း သြစတြေးလျတက္ကသိုလ်တစ်ခုတွင် ဝင်ခွင့်ရရှိရန် အင်္ဂလိပ်ဘာသာစကားလို အပ်ချက်ရှိသူများကို မြန်မာနိုင်ငံတွင် တစ်နှစ်ထိသင်ယူနိုင်ရန် ထောက်ပံ့မည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြသည်။
ပညာသင်ဆုအစီအစဉ်အသေးစိတ်နှင့် ဝင်ခွင့်လျှောက်ချင်သူများ www.dfat.gov.au/austraila-awards တွင်ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သလိုသြစတြေးလျှသံရုံးသို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ် သည်။
7Day News Journal
Vol.12, No.51, Feb.26, 2014

- (အရှေ့သို့) ရန်ကုန်တက္ကသိုလ်နှင့် ကိုရီးယား တက္ကသိုလ်သုံးခု နားလည်မှုစာချွန်လွှာ ရေးထိုးမည် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) ရေဆေးအကြည်နဲ့ Nude တွေရေးတဲ့ ပန်းချီမြင့်နိုင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို