မပေါ့ဆသင့်သော ခြေထောက်နာကျင်မှုဝေဒနာ
Health Updates Journal No. 110
ဘော့စတွန်ရှိ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လေ့လာမှုဗဟိုမှ တွေ့ရှိချက်အရ Restless leg Syndrome မှာ အခြားကြီးမားသော ဝေဒနာတချို့၏ ကနဦးလက္ခဏာ ဖြစ်နိုင်ကြောင်းသိရသည်။ Restless leg Syndrome (RLS) ဆိုသည်မှာ လူတစ်ဦးတစ်ယောက်အိပ်စက် အနားယူတော့မည့် အချိန်တွင် ခြေထောက်မှနာကျင်ခြင်း၊ ယားယံခြင်း တစ်ခုခုခံစားရပြီး ယင်းဝေဒနာအား သက်သာရန် လူနာမှ လိုက်လံနေရာ ပြောင်းရွှေ့နေရခြင်းကြောင့် အိပ်ရေးပျက်ခြင်းပါ တွဲဖက်ခံစားရသည့် ရောဂါလက္ခဏာအစုအရုံးကို ဆိုလိုသည်။ လေ့လာမှုတွင် ဆရာဝန်များ က RLS ဝေဒနာခံစားနေရသူ အမျိုးသား ၁၂၅၅၆ ဦးအား လေ့လာခဲ့ရာ အခြားသောဝေဒနာများနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပြီး RLS ဝေဒနာခံစားနေရသောသူများသည် အခြားသူများထက်အသေအပျောက် နှုန်းပိုများပြီး သွေးတိုးနှင့် နှလုံးရောဂါဝေဒနာခံစား ရနိုင်ခြေပို များကြောင်း တွေ့ရှိခဲ့သည်။ ယခင် လေ့လာမှုတွင် RLS က အဆုတ် ရောဂါ၊ ဟော်မုန်းထုတ် အင်္ဂါများ ဖြစ်ပွားသည့်ရောဂါအာဟာရဆိုင်ရာပြဿနာ၊ ခုခံအားစနစ်ပြဿနာ နှင့် ဇီဝရုပ်ဖြစ်ပျက်မှုမမှန်သည့် ရောဂါများဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ သည်။ ထို့ကြောင့် RLS ရောဂါကို မပေါ့ဆသင့်ပေ။ ရောဂါလက္ခဏာနုသူများတွင် life style အနည်း ငယ်ပြောင်းရုံဖြင့် လက္ခဏာများကို သက်သာစေနိုင်သော်လည်း (ဥပမာ ကဖင်းလျော့သောက်ခြင်း) လက္ခဏာ ပြင်းထန်သူများတွင် ကုသမှု ခံယူသင့် ပေသည်။
ဖိုးသောကြာ
ref:Netdoctor.co.uk
- (အရှေ့သို့) ခွဲစိတ်မွေးဖွားသူ ကလေးငယ်များ အ၀လွန်ရောဂါခံစားရနိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'