Trinity College သို့ တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအတွက် ဝင်ခွင့်ဆိုင်ရာများ ဆွေးနွေးပွဲ ပြုလုပ်မည်
အတွဲ (၁၅)၊ အမှတ် (၁၁)
Photo:google
Trinity College သို့ တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် ဝင်ခွင့်ဆိုင်ရာ များ ဆွေးနွေးပွဲ ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် နံနတ်တောလမ်းရှိ Regent ရုံးခန်း၌ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် Trinity College ၏ Senior Marketing and Admission Manager ဖြစ်သော Mr.Ben Waymire သည် ကျောင်းဝင်ခွင့်ဆိုင်ရာများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တစ်ခု ဖြစ်သော The University of Melbourne သို့ တက်ရောက် လိုသော နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများ The University of Melbourne ၏ တစ်ခု တည်းသော Foundation ဖြစ်သည့် Trinity College Foundation မှတစ်ဆင့် တက်ရောက်နိုင် မည်ဖြစ်သည်။ Trinity College Foundation Studies (TCFS) တွင် စာသင်ခန်းတစ်ခန်း လျှင် ကျောင်းသူ၊ ကျောင်းသားပေါင်း အများဆုံး ၁၅ ယောက်သာထားရှိပြီး University of Melbourne တွင် သာမက သြစတြေးလျနိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်များသို့ ဝင်ခွင့်ရရန် တစ်ဦးချင်းစီ၏ လိုအပ်သော အရည်အချင်းများကို ဖြည့် ဆည်းပေးသော နေရာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လိုသူများသည် မိမိ၏ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (မူရင်း၊ မိတ္တူ) နှင့်တကွ လာရောက် ဆွေးနွေးနိုင်မည် ဖြစ်သည်။ လူဦးရေ ကန့်သတ်ချက် ရှိသောကြောင့် ဆွေးနွေး လိုသူများ Trinity College ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ်သော Regent Consultancy Services Co.,Ltd အမှတ် B (13+23) ၊ ရွှေကိန္နရီအဆင့်မြင့်အိမ်ရာ၊ နာနတ်တောလမ်း ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၅၀၀၀၅၄၊ ၀၉-၅၀၁၉၈၇၀၊ ၀၉-၇၃၂၀၅၃၃၃ သို့ ဆက်သွယ်စုံစမ်း ကြိုတင် စာရင်း ပေးသွင်းနိုင်သည်။
Internet Journal