ယူကေနိုင်ငံ ဖောင်ဒေးရှင်းပရိုဂရမ်အတွက် ပေါင်တစ်သောင်းခွဲကျော် ပညာသင်ဆု လျှောက်ထားနိုင်
ယူကေနိုင်ငံ နယူးကာဆယ်တက္ကသိုလ်က စက်တင်ဘာမှာ ဖွင့်လှစ်မယ့်ဖောင်ဒေးရှင်း ပရိုဂရမ်အ တွက် ရာနှုန်းပြည့်ပညာသင်ဆု ခြောက်ဆုချီးမြှင့်မှာဖြစ်ပြီး အဲသည်ပညာသင်ဆုက ဖောင်ဒေးရှင်း တက်ရောက်စဉ်ကုန်ကျမယ့် ကျောင်းလခစတာလင်ပေါင် ၁၅,၉၀၀ ကို ချီးမြှင့်မှာဖြစ်ပါတယ်။
ဖောင်ဒေးရှင်းပညာရေးလမ်းကြောင်းတွေက စီးပွားရေးနဲ့စီမံခန့်ခွဲမှု၊ လူသားအရင်းအမြစ်နဲ့ လူမှုသိပ္ပံ၊ ရူပဗေဒဆိုင်ရာ သိပ္ပံနဲ့အင်ဂျင်နီယာ၊ ဇီဝဗေဒဆိုင်ရာ သိပ္ပံနဲ့ဗိသုကာပညာရပ်တို့ ဖြစ်ပါ တယ်။ ဖောင် ဒေးရှင်းပညာရပ်အောင်မြင်ပြီးရင် သက်ဆိုင်ရာဘာသာရပ်ရဲ့ ပထမနှစ်ကို ဆက်တက်နိုင်ပါ တယ်။ နယူးကာဆယ်တက္ကသိုလ် (Newcastle University) မှာသင်ကြားပေးနေတဲ့ ဘာသာရပ်တွေကို www.nicl.ac.uk/undergraduate ကိုဝင်ရောက်လေ့လာနိုင်ပါတယ်။
နိုင်ငံတကာဖောင်ဒေးရှင်း ပရိုဂရမ်ကိုမြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်းအောင် သို့မဟုတ် အိုင်ဂျီစီ အက်စ်အီးအောင်မြင်ထားသူ သို့မဟုတ် အမေရိကန်အဆင့်မြင့် ဒီပလိုမာကျောင်းအောင်မြင်ပြီး IELTS 5.5 ရရှိထားသူတွေတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းပရိုဂရမ်အတွက် ပညာသင်ဆုတွေ ကိုလျှောက်မယ်ဆိုရင် မိမိရဲ့ပညာရေးဆိုင်ရာ စာရွက်စာတမ်းတွေ၊ IELTS အမှတ်စာရင်းတွေနဲ့အတူ လျှောက်ထားနိုင်ပါတယ်။ ပညာသင်ဆုလျှောက်ထားလိုမှာ ပညာသင်ဆုလျှောက်ထားလိုတဲ့ အချက် အလက်တွေကို ရေးသားဖော်ပြပြီး Regent Consultancy Services Co.Ltd. ကိုဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီးလျှောက်ထားရမှာ ဖြစ်ပါတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၈)၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄