အိုင်ယာလန်ဘွဲ့ဒီဂရီ ဧပြီကျောင်းဖွင့်အမီ လျှောက်ထားနိုင်


အိုင်ယာလန်နိုင်ငံရှိ နာမည်ကျော်တက္ကသိုလ်တစ်ခုဖြစ်တဲ့ University College Dublin မှပေးအပ်တဲ့ ဘွဲ့ဒီဂရီတွေ ရယူလိုသူတွေအနေနဲ့ စင်ကာပူနိုင်ငံရှိ ကပ်ပလန်ကျောင်းမှာ ဧပြီလကျောင်းဖွင့်အမီ ကျောင်းလျှောက်နိုင်ပြီလို့ Study Abroad Information Centre ကသိရပါတယ်။

အဲသည်တက္ကသိုလ်က အသိအမှတ်ပြုဘွဲ့ဒီဂရီကို မြန်မာကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ စင်ကာပူ နိုင်ငံရှိကက်ပလန်ကျောင်းမှာ ၁၈ လတက်ရောက်ပြီး ရယူနိုင်မှာဖြစ်ပါတယ်။

အဲသည်တက္ကသိုလ်ရဲ့ ဘွဲ့ဒီဂရီအတွက် LCCI Level (3) ပြီးထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ IELTS မလိုဘဲတိုက်ရိုက်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တိုက်ရိုက်ဝင်ခွင့်အနေနဲ့ CAT ရရှိ ထားသူတွေ၊ ABE Business Diploma ရရှိထားသူတွေအနေနဲ့ စီးပွားရေးနဲ့ဆက်နွှယ်တဲ့ ဒီပလိုမာ ကိုင်ဆောင်ထားသူတွေလည်း လျှောက်ထားနိုင်ပါတယ်။

ဘွဲ့ဒီဂရီတိုက်ရိုက်ဝင်ခွင့်မရရှိရင်ကလည်း ကက်ပလန်ရဲ့ ဂလိုဘယ်ဒီပလိုမာကို အရင်တက်ရောက် နိုင်ပါတယ်လို့ Study Abroad Information Centre ကသိရပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၈)၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...