“My Body, My Rights” by Hikaru Cho – Body Art
“My body, my rights” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ကမ်ပိန်း (campaign) တခုမှာ ပန်းချီဆရာ Hikaru Cho က ရေးဆွဲခဲ့တဲ့ တခုတည်းသော Body Art လက်ရာတွေ ဖြစ်ပါတယ်... ဒီကမ်ပိန်းကို နိုင်ငံတကာ ဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ “Amnesty International” က support လုပ်ခဲ့တာပါ... Tokyo တက္ကသိုလ်မှာ ဒုတိယနှစ် ကျောင်းသူတစ်ဦးလည်းဖြစ်တဲ့ Hikaru Cho ရဲ့ လက်ရာတွေကို လွန်ခဲ့တဲ့နှစ်က နိုင်ငံတကာမီဒီယာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်...
သူမအနေနဲ့ ပန်းချီရေးဆွဲမဲ့ နေရာကတော့ လူသားတွေရဲ့ ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်...
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ “Amnesty International” ကို ၁၉၆၁ ခုနှစ်မှာ UK နိုင်ငံမှာ ဖွဲ့စည်းထူထောင်ခဲ့ပါတယ်... အဖွဲ့ရဲ့ရည်ရွယ်ချက်တွေကတော့ “undertake research and action focused on preventing and ending human rights to physical and mental integrity, freedom of conscience and expression, and freedom from discrimination the context of its work to promote all human rights. ”
“လူတွေအားလုံးမှာ အာဃာတတရားတွေနဲ့ ခွဲခြားဆက်ဆံလိုစိတ်တွေ ရှိနေကြတယ်... ကျမတို့ဟာ ဒါတွေကို မကြာခဏဆိုသလို သတိမပြုမိခဲ့ကြဘူး... ဂျပန်မှာနေတဲ့အချိန်က ကျမကိုယ်တိုင် ဒါတွေအားလုံးကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပါတယ်... လူတွေဟာ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးအကြား မှာ ခွဲခြားဆက်ဆံကြတယ်..." လို့ Cho က ဆိုပါတယ်... သူမဟာ ဂျပန်မှာမွေး ဂျပန်စကားပြောတဲ့ တရုတ်နိုင်ငံသား တစ်ဦးပါ...
Oddstuffmagazine/ http://lwanmapyay.blogspot.com/ ကိုမျိုး