ယူကေ၊ အမေရိကန်၊ သြစတြေးလျား စကောလားရှစ် ဆွေးနွေးပွဲ
ယူကေ၊ အမေရိကန်၊ သြစတြေးလျားနိုင်ငံတွေက တက္ကသိုလ်တွေရဲ့ စကောလားရှစ်ဆိုင်ရာတွေနဲ့ ကျောင်း ဝင်ခွင့်ဆိုင်ရာတွေအကြောင်း ဆွေးနွေးပွဲကို မတ်လ ၆ ရက်နေ့ညနေ ၃း၀၀ နာရီ Regent Consultancy Service Co.,Ltd မှာကျင်းပပါမယ်။
ဆွေးနွေးပွဲမှာ Study Group International Study Center ကတာဝန်ရှိသူ Mr.Hua Vinh Dzuy ကလာရောက်ဆွေးနွေး အကြံပေးပါမယ်။ အဲသည် Study Group က ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာ ရှိတဲ့ တက္ကသိုလ်တွေ ကောလိပ်တွေမှာ ပညာသင်ယူနိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို ဖြည့်ဆည်း ပေးတဲ့ ပညာရေး အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ယူကေနိုင်ငံက တက္ကသိုလ်တွေကို တက်ရောက်လိုတဲ့နိုင်ငံတကာက ကျောင်းသား၊ ကျောင်းသူတွေ ယူကေပညာရေးကို လေ့လာတဲ့အခါ အခက်အခဲမရှိအောင် တက္ကသိုလ်အကြို အင်တာနေရှင်နယ် ဖောင်ဒေးရှင်း ပရိုဂရမ်တွေ ပထမနှစ်နဲ့တူညီတဲ့ အင်တာနေရှင်နယ် ပထမနှစ်ပရိုဂရမ်တွေ၊ မာစတာ အကြိုတွေကို အဲသည်အဖွဲ့အစည်းက သင်ကြားပို့ချပေးနေပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်လိုသူတွေ စကောလားရှစ်နဲ့ပတ်သက်ပြီး အသေးစိတ်သိလိုသူတွေ သွား ရောက်ဆွေးနွေးနိုင်ပါတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၈)၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄