အင်္ဂလန်သင်ရိုးနဲ့ စင်ကာပူမှာ မားကတ်တင်းနဲ့စီးပွားစီမံ တက်ရောက်နိုင်
မြန်မာနိုင်ငံတက္ကသိုလ်တစ်ခုခုက ဘွဲ့ရထားတဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက် မားကတ်တင်းနဲ့ စီးပွားရေး စီမံခန့်ခွဲမှုပညာရပ်တွေကို အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်နှစ်ခုရဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း စင်ကာပူနိုင်ငံ Marketing Institute of Singapore ကျောင်းမှာတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
စီမံခန့်ခွဲမှုပညာနဲ့ ဈေးကွက်ရှာဖွေမှု ပညာရပ်ကအရေးပါလာပြီ ဖြစ်တယ်။ စီးပွားရေးပညာရပ်နဲ့ ပတ် သက်ပြီး လေ့လာသင်ယူတဲ့အခါ ဘွဲ့လက်မှတ်ရရုံသက်သက်မဟုတ်ဘဲ နိုင်ငံတကာအတွေ့အကြုံ တွေ ရရှိထားတာက အားသာချက်တစ်ခု ဖြစ်ပါတယ်။ စီးပွားရေးဘာသာရပ်ကို စိတ်ဝင်စားတဲ့ မြန်မာ နိုင်ငံကကျောင်းသား၊ ကျောင်းသူတွေအတွက် ဘွဲ့လွန်ဒီပလိုမာကို အင်္ဂလန်နိုင်ငံ University of the West of England နဲ့ The University of Buckingham တို့ရဲ့သင်ရိုးညွှန်းတမ်းအတိုင်း စင်ကာပူနိုင်ငံ အမ်အိုင်အက်စ်ကျောင်းမှာ ကျောင်းလခသက်သာစွာ တက်ရောက်နိုင်မှာဖြစ်တယ်လို့ Wissen Edu-cation ကသိရပါတယ်။
ဘွဲ့လွန်ဒီပလိုမာကို တက်ရောက်ဖို့သင်တန်းကာလက ခြောက်လကြာမြင့်မှာဖြစ်ပြီး ကျောင်းလခက ကျပ်သိန်း ၅၀ ဝန်းကျင်ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ ဘွဲ့လွန်ဒီပလိုမာကို အောင်မြင်ရင် ဘွဲ့ဒီဂရီကို တက်ရောက်စရာမလိုဘဲ မာစတာဒီဂရီကို တိုက်ရိုက်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ မာစတာဒီဂရီဘွဲ့မှာ University of West of England ကချီးမြှင့်တဲ့ Master of Science in Interna-tional Management ဘွဲ့၊ ဘာကင်ဟမ် တက္ကသိုလ်က ချီးမြှင့်တဲ့ Master of Science of Interna-tional Marketing ဘွဲ့နဲ့အမ်ဘီအေဘွဲ့တွေ ဖြစ်ပါတယ်။
ကျောင်းဖွင့်ချိန်တွေက မတ်လနဲ့မေလတို့ဖြစ်ပြီး ကျောင်းလျှောက်ထားဖို့အတွက် Wissen Education ကိုဆက်သွယ်လျှောက်ထားနိုင်ပါတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၈)၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄