တောင်ကိုရီးယား၏ အကြီးဆုံး ဖုန်းကုမ္ပဏီတစ်ခုထံမှ သုံးစွဲသူ ၁၂သန်း၏ အချက်အလက်များ ခိုးယူခံရ
တောင် ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ဖုန်းကုမ္ပဏီအနက် တစ် ခုဖြစ်သော KT Corp မှသုံးစွဲသူ ၁၂ သန်း၏ အချက်အလက် များကို ခိုးယူခံသည့် ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ဆက်စပ်သော လူနှစ်ဦးကို ဖမ်းဆီးထိန်း သိမ်းနိုင် ခဲ့ကြောင်း သိရသည်။
ဖမ်းဆီး ထိန်းသိမ်း ခံရသူအနက်မှ တစ်ဦး၏ အမည်သည် Kim ဖြစ်ကြောင်း၊ ၎င်းသည်ကိုယ်ပိုင် hacking program ကို အသုံးပြု ကာ KT Corp ၏ကွန်ပျူတာစနစ် အတွင်းသို့ ချိုးဖောက်ဝင်ရောက် ခဲ့ခြင်း ဖြစ်ကြောင်းအင်ချွမ်ရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ Lee Sang-Won ၏ထုတ်ပြန်ကြေညာခဲ့သည်။
အသက် ၂၉ နှစ်အရွယ် Kim သည် KT Corp တွင်မှတ်ပုံတင်ပြီး အသုံးပြုသူ ၁၆ သန်းအနက်လေးပုံသုံးပုံ၏ ဘဏ်အချက်အလက်များ၊ အိမ်လိပ်စာများနှင့် အလုပ်အကိုင် အချက်အလက်များကို ရယူခဲ့ကြောင်း၊ အဆိုပါ အချက်အလက်များကို Park ဟုခေါ်သည့် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးထံ ရောင်းချခဲ့ကြောင်း သိရသည်။ Park သည်တယ်လီဖုန်းဖြင့် ထုတ်ကုန်များကို ဈေးကွက်ရှာဖွေသည့် လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ၎င်းသည်အထက်ပါ အချက်အလက်များကို အသုံးပြုပြီး KT မှကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဆဲလ်ဖုန်း များကို ရောင်းချခဲ့ကြောင်း ရဲအရာရှိ Lee Sang-Won ကပြောကြားခဲ့သည်။
အဆိုပါ သံသယရှိသူနှစ်ဦးသည် Park ထံအချက်အလက် ရောင်းချခြင်းအတွက် ၁၁.၅ ဘီလီယံ (အမေရိ ကန်ဒေါ်လာ ၁၀.၈ သန်း) ရရှိခဲ့ကြောင်း ရဲအဖွဲ့မှဆိုခဲ့သည်။
ဆိုက်ဘာတိုက်ခိုက်မှုတွင် ပါဝင်သည်ဟု တတိယမြောက်သံသယရှိသူကို လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း အခြားသံသယရှိသူများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
နောင်နောင်
Ref: CNN
အင်တာနက်ဂျာနယ်