ယူကေရှိ တက္ကသိုလ်များ၏ Foundation Program တက်ရောက်မည့် သူများအတွက် ပညာသင်ဆုပေး အပ်မည်

အတွဲ (၁၅)၊ အမှတ် (၁၁)

UK တက္ကသိုလ်များတွင် Foundation Program ကိုတက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသား များအတွက် Study Group International Study Center မှပညာသင်ဆု စတာလင်ပေါင် ၃,၀၀၀ ချီးမြှင့်မည့် အစီအစဉ်ရှိကြောင်း သိရသည်။ ၎င်းပညာသင်ဆုမှာ အတော်ဆုံးကျောင်းသား ၇ ယောက်ကို ချီးမြှင့်မည်ဖြစ်ပြီး ဘွဲ့ရပြီး၍ Pre-Master Program ကို တက်ရောက်မည့်
ကျောင်းသူ၊ ကျောင်းသားများအတွက် ပညာသင်ဆုအနေဖြင့် စတာလင်ပေါင် ၁,၅၀၀ ကိုလျှောက်ထားနိုင်ကြောင်း သိရသည်။

Study Group International Study Center သည် UK နိုင်ငံတွင်Lancaster University, University of Leicester, Royal Holloway University of London, University of Surrey, University of Sussex, Keele University, kongston University London, Leeds Metropolitan University, University of Huddersfield, University of Lincoin, Liverpool John Moores University, Heriot-Watt University, University of Strathclyde, Trinity College Dublin, University College Dublin
စသည့်တက္ကသိုလ်များသို့ တက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားများ UK ပညာရေးကို လေ့လာရာတွင် အခက်အခဲမရှိဘဲ အဆင်ပြေနိုင်စေရန် တက္ကသိုလ်အကြို International Foundation Program များ၊ ပထမနှစ်နှင့်တူညီသည့် International Year One Program များနှင့် Pre-Master Program များကိုသင်ကြားပို့ချ ပေးနေသော Centre တစ်ခုဖြစ်သည်။ Bellerbys College Cambridge, Bellerbys College Oxford, Bellerbys College London, Bellerbys College Birghton စသည့် College များတွင် GCSE, GCE A-Level, Fundation, Extended Foundation, Diploma, Pre-Master စသည့် Pathway Program များကိုလည်း သင်ကြားပို့ချပေးနေပြီး Bellerbys College ကိုတက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအတွက်လည်း ပညာသင်ဆုအစီအစဉ်များ ရှိကြောင်းသိရသည်။

USA နိုင်ငံတွင် James Madison University, Long Island University, University of Maine, Roosevelt University, University of Vermont, Widener University စသည့် တက္ကသိုလ်များသို့တက်ရောက် လိုသောကျောင်းသူ၊ ကျောင်းသားများအတွက် အမေရိကန်တက္ကသိုလ် ပထမနှစ်နှင့်ညီမျှသည့် International Year One Program နှင့် ဘွဲ့ရကျောင်းသူ၊ ကျောင်းသားများအတွက် Pre-Master Program များကိုဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး University of Vermont မှပညာသင်ဆုအဖြစ် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ကိုချီးမြှင့်မည်ဖြစ်သည်။

လျှောက်ထားလိုသူများအ နေဖြင့် Regent Consultancy Services Co., Ltd အမှတ် B(13+23) ရွှေကိန္နရီ အဆင့်မြင့်အိမ်ရာ၊ နာနတ်တောလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၅၀၀၀၅၄၊ ၀၉-၅၀၁၉၈၇၀၊ ၀၉-၇၃၂၀၅၃၃၃ သို့ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်သည်။

သန္တာ
အင်တာနက်ဂျာနယ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...