ထိုင်းနိုင်ငံတွင် Instagram အသုံးပြုသူ ၁.၅ သန်းရှိလာ
Facebook အသုံးပြုသူ ၂၄ သန်းရှိသည့် ထိုင်းနိုင်ငံတွင် Instagram အသုံးပြုသူဦးရေ ဆက်လက်မြင့်တက်ခဲ့ပြီး အသုံးပြုသူ ၁.၅ သန်းပြည့်ကာ ကမ္ဘာပေါ်တွင် Instagram အသုံးပြုသူ အများဆုံးနေရာများအနက် တစ်ခုအပါအဝင် ဖြစ်ခဲ့ကြောင်း Zocial Inc မှထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။
Zocial Inc သည် ထိုင်းနိုင်ငံ၏ social media အသုံးပြုမှု တိုးတက်ဖွံ့ဖြိုးလာမှုကို စောင့်ကြည့်နေသည့် ကုမ္ပဏီဖြစ်သည်။ အဆိုပါကုမ္ပဏီမှ ဖော်ပြခဲ့သည့် အချက်အလက်များအရ ထိုင်းနိုင်ငံရှိ Instagram သုံးစွဲသူဦးရေသည် ၂၀၁၂ ခုနှစ်က ၂၄၀,၀၀၀ သာရှိရာမှ ၂၀၀၃ ခုနှစ်တွင် ၁,၅၅၁,၆၄၉ အထိရှိခဲ့ကြောင်း၊ ထိုကဲ့သို့ Facebook ပိုင် Photo app အသုံးပြုမှုမြင့်တက် လာရခြင်းသည် စမတ်ဖုန်းသုံးစွဲမှု အလျင်အမြန် မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
Instagram ကိုအသုံးပြုသူ ၁.၅ သန်းအနက် ၄၇.၉၄ ရာခိုင်နှုန်းသည် ပြီးခဲ့သည့် ၃ လအထိ အသုံးပြုခဲ့ကြသူများဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှ Instagram သုံးစွဲသူများအနေဖြင့် ဓာတ်ပုံနှင့်ဗီဒီယို စုစုပေါင်း ၃၆,၄၄၃,၃၉၈ ကို upload ပြုလုပ်ခဲ့ကြကြောင်း၊ ၎င်းအနက် ၉၆.၂၄ ရာ ခိုင်နှုန်းမှာ ဓာတ်ပုံများဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ Instagram သုံးစွဲသူများအနက် ထင်ပေါ်ကျော်ကြားသူများမှ အသုံးပြုသူ ၀.၂၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၎င်းတို့တွင်ပျှမ်းမျှ follower ၁၇၂,၀၁၃ ရှိကြောင်း Zocial Inc မှဖော်ပြခဲ့ သည်။
-နောင်နောင်
Ref: TechInAsia
အင်တာနက်ဂျာနယ်