MHR Business Institute Centre II
MHR Centre ကို လွန်ခဲ့သည့် ၁၅ နှစ်မှ စတင် တည်ထောင်ခဲ့ပြီး MHR Centre II ကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့သည်။ MHR Centre သည် ၁၉၉၈ ခုနှစ်မှ စ၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ABE (UK) ၏ ဒီပလိုမာ များ အားလုံးနှင့် အဆင့် အားလုံးကို သင်ကြားပေးနေသည့် သင်တန်း ကျောင်း ဖြစ်သည်။ သင်ကြားမှု သက်တမ်း ၁၅ နှစ်ရှိပြီး ကမ္ဘာအမှတ် အများဆုံး ဆုရှင် ၃၀ ဦးကိုလည်း မွေးထုတ်ထားသည်။ ABE (UK) အဖွဲ့ကြီးမှ ချီးမြှင့်သည့် ABE ဒီပလိုမာများ သင်ကြားမှုအကောင်းဆုံး သင်တန်းကျောင်းဆု ကိုလည်း MHR မှ ရရှိခဲ့သည်။
MHR Centre II တွင် Business Management, Travel, Tourism & Hospitality Management, Business Start-up and Entrepreneur ship, Human Resource Management, Marketing Management, Business Management (Financial Management Pathway) စသည့် ဘာသာရပ် များသင်ကြားနိုင်ပြီး ဘဏ္ဍာရေးနှင့် ဆိုင်သည့် CIMA သင်တန်းကိုလည်း ဖွင့်လှစ်ထားသည်။ ကျောင်း သားများအတွက် သင်တန်း တစ်ခုပြီးတိုင်း ၂၀ ရာခိုင်နှုန်း Discount ပေးပြီး ထူးချွန်စွာ အောင်မြင် သူများကို ပညာသင်ဆုချီးမြှင့်ပေးလျက် ရှိသည်။
Business Management
အသက် ၁၆ နှစ်ရှိပြီး တက္ကသိုလ်ဝင်တန်း အဆင့်ရှိပါက QCF Level 4 Diploma ၄ဘာသာကို ၆ လ တက်ရောက်နိုင်မည်ဖြစ်ပြီး အသက် ၁၈ နှစ်နှင့် တက္ကသိုလ် ဒုတိယနှစ်အောင်မြင်ပြီးပါက QCF Level 5 Diploma 8 ဘာသာကို ၁၅ လတက်ရောက်နိုင်သည်။ ဘွဲ့တစ်ခုခုရရှိပြီး လုပ်သက်မရှိပါက QCF Level 6 Diploma 5 ဘာသာကို ၆ လ တက်ရောက်၍ ဘွဲ့တစ်ခုခုနှင့် အရာရှိအဆင့်လုပ်သက်များပါက QCF Level 7 Diploma 5 ဘာသာရပ်ကို ၁၂ လတက်ရောက်နိုင်သည်။
Travel, Tourism & Hospitality Management
အသက် ၁၆ နှစ်နှင့် တက္ကသိုလ်ဝင်တန်း အဆင့်ရှိပါက QCF Level 4 Diploma 4 ဘာသာကို ၆ လ တက်ရောက်နိုင်ပြီး အသက် ၁၈ နှစ်နှင့် တက္ကသိုလ် ဒုတိ ယနှစ် အောင်မြင်ပြီးလျှင် QCF Level 5 Diploma 8 ဘာသာကို ၁၅ လ တက်ရောက်နိုင်သည်။ ဘွဲ့တစ်ခုခုရရှိပြီး သက်ဆိုင်ရာ လုပ်သက်ရှိလျှင် QCF Level 6 Diploma 5 ဘာသာကို ၆ လ တက်ရောက် ရမည်။
Business Start-up and Entrepreneurship
အောင်မြင်သည့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကို စနစ်တကျ ဦးဆောင်တည်ထောင်လိုသူများအတွက် QCF Level 4 Diploma 4 ဘာသာကို ၆ လ တက်ရောက် ရမည်။
Human Resource Management
အသက် ၁၆ နှစ်နှင့် တက္ကသိုလ်ဝင်တန်း အဆင့်ရှိလျှင် QCF Level 4 Diploma ၄ ဘာသာကို ၆ လ တက်ရောက် သင်ယူနိုင်ပြီး အသက် ၁၈ နှစ်နှင့် တက္ကသိုလ်ဒုတိယနှစ် အောင်မြင်ပြီးလျှင် QCF Level 5 Diploma ၈ ဘာသာကို ၁၅ လ တက်ရောက်နိုင်သည်။ ဘွဲ့တစ်ခုခု ရရှိပြီး သက်ဆိုင်ရာ လုပ်သက်မရှိပါက QCF Level 6 Diploma 5 ဘာသာကို ၆ လ သင်ကြားရမည်။
Marketing Management
အသက် ၁၆ နှစ်နှင့် တက္ကသိုလ်ဝင်တန်း အဆင့်ရှိလျှင် QCF Level 4 Diploma 4 ဘာသာကို ၆ လ တက်ရောက်ရမည်ဖြစ်ပြီး အသက် ၁၈ နှစ်နှင့် တက္ကသိုလ် ဒုတိယနှစ် အောင်မြင်ပြီး လျှင် QCF Level 5 Diploma 8 ဘာသာကို ၁၅ လ သင်ကြားရမည်။ ဘွဲ့တစ်ခုခု ရရှိပြီး သက်ဆိုင်ရာ လုပ်သက်မရှိပါက QCF Level 6 Diploma 5 ဘာသာကို ၆ လ တက်ရောက်ရမည် ဖြစ်သည်။
Business Management (Financial Management Pathway)အသက် ၁၆ နှစ်နှင့် တက္ကသိုလ်ဝင်တန်း အဆင့်ရှိလျှင် QCF Level 4 Diploma 4 ဘာသာကို ၆ လ သင်ယူနိုင်မည်ဖြစ်ပြီး အသက် ၁၈ နှစ်နှင့် တက္ကသိုလ် ဒုတိယနှစ် အောင်မြင်ပြီးလျှင် QCF Level 5 Diploma 8 ဘာသာကို ၁၅ လ တက်ရောက်ရမည်။ ဘွဲ့တစ်ခုခုရရှိပြီး သက်ဆိုင်ရာ လုပ်သက်ရှိလျှင် QCF Level 6 Diploma 5 ဘာသာကို ၆ လ သင်ယူရမည်။
ကျောင်းအကြောင်း စုံစမ်းနိုင်မည့် လိပ်စာ
MHR Centre II
အခန်း ၂၇၊ မြေညီထပ်၊ အဆောင်-စီ၊ Eco Apartment ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့၊
ဖုန်း-၀၉-၇၃၂၂၃၇၇၇၊ ၀၉-၈၆၂၈၈၇၈
အင်တာနက်ဂျာနယ်