စင်ကာပူနိုင်ငံ MDIS ၏ Merit Scholarship ကို လျှောက်ထားနိုင်

အတွဲ (၁၅)၊ အမှတ် (၁၂)

Management Development Institute of Singapore (MDIS) မှ ပေးအပ်မည့် Master နှင့် Bachelor တန်းများ အတွက် Merit Scholarship ကို လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

MDIS ၏ Merit Scholarship တွင် Master's Degree များအ တွက် စင်ကာပူဒေါ်လာ ၄၀၀၀ နှင့် Bachelor's Degree များအတွက်စင်ကာပူဒေါ်လာ ၃၂၀၀ ရရှိနိုင်မည်ဖြစ်သည်။ ပညာသင်ဆုရရှိရန် အတွက် ကျောင်း၏၀င်ခွင့်ကို အရင်ဆုံး လျှောက်ထားရမည် ဖြစ် သည်။ လျှောက်ထားသူ ကျောင်း သူ၊ ကျောင်းသားများအနေဖြင့် ထူးချွန်သည့် Academic Performance မှတ်တမ်းများ ကို ပြသနိုင် ရမည် ဖြစ်သည်။ Social/Community Work များတွင် ထူးချွန်သူများ အား ဦးစားပေး ရွေးချယ် သွားမည် ဖြစ်သည်။

Australia, France, the Unites Kingdom, the United States of America စသည့် တက္ကသိုလ်ကောင်းများမှ သင်ကြားပေးမည့် ဘာသာရပ်များ ဖြစ်ကြသော Business, Engineering, Fashion Design, Information Technology, Health & Life Sciences, Mass Communications, Travel, Tourism & Hospitality Management တို့ကို တက်ရောက်နိုင်မည် ဖြစ်သည်။

Merit Scholarship လျှောက် ထားလိုသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အသေးစိတ် စုံစမ်းသိရှိလိုသည်များ ရှိပါက STUDY ABROAD Information Centre တိုက် (အေ)၊ ၁၁ လွှာ၊ အခန်းအမှတ် ၁၁၀၃၊ ဒိုင်းမွန်း ကွန်ဒို၊ပြည်လမ်း (မေတ္တာဦးဆေးခန်း အနီး)၊ ကမာရွတ်မြို့နယ်၊ ဖုန်း-၀၉-၅၁၅၁၀၀၈၊ ၀၉-၇၃၂၄၂၄၀၄ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

သန္တာ
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...