Progesterone and pregnancy (ပရိုဂျက်စတီရုန်း) နဲ့ ကိုယ်ဝန်


(၁) အမျိုးသမီးတချို့က 1 month ထိုးဆေးကို Menstruation ပုံမှန်လာလို့ဆိုပြီး ထိုးချင်ကြပါတယ်။ ထိုးရင်းနဲ့ ကိုယ်ဝန်ရသူများလည်း တွေ့ရပါတယ်။ ထိုးသင့် မသင့်ရှင်းပြပေးပါဆရာ။ Menstruation မလာရင်နေထိုင်မကောင်းလို့ 3-mnth ကိုလည်း မထိုးချင်ကြလို့ပါဆရာ။ ဒြီ့ပင်နည်းလည်းမသုံးချင်ရင်ပါဆရာ။
(၂) Dear doctor, I have pregnancy 20 weeks and last a few days some blood sports came a little bit. My doctor advised to take this medicine two weeks at night time. So I would like to know from you about this medicine. Doctor here never explained to me a lot and now I need to take progesterone. So this morning I saw your Facebook talking about this medicine. So I would like to know about this medicine.

မေးခွန်း (၁) မှာ တလထိုးဆေးလို့သာပါပြီး ဆေးနာမည်မပါပါ။ ဖြစ်နိုင်တဲ့ဆေးအကြောင်း ရေးပါမယ်။


Progesterone Injection (ပရိုဂျက်စတီရုန်း) ထိုးဆေး
(၁) (ပရိုဂျက်စတီရုန်း) ထိုးဆေးကို ရာသီမလာတဲ့၊ ရာသီမမှန်တဲ့အမျိုးသမီးတွေအတွက်သုံးတယ်။ ရာသီမမှန်ဖြစ်စေနိုင်တဲ့ သားအိမ်အတွင်းဆုံးအလွှာအောက်မှာရှိနေတဲ့ အကျိတ်ရောဂါနဲ့ သားအိမ်ကင်ဆာ အတွက်လဲ သုံးတယ်။

(၂) ရာသီမလာသူတွေကို 5-10 mg ကို ၆-၈ ရက်ဆက်ထိုးပေးတယ်။ မျိုးဥအိမ်ကဆေးကို တုန့်ပြန်မှုရှိသူတွေမှာ ဆေးထိုးပြီး ၂-၃ ရက်နေရင် သွေးဆင်းမယ်။ နောက်လတွေမှာ ပုံမှန်ပြန်ဖြစ်နိုင်တယ်။

(၃) ရာသီမမှန်သူတွေ (ရာသီကြားရက်ဆင်းသူတွေ) ကို 5-10 mg ကို ၆ ရက်ဆက် ထိုးပေးတယ်။ ၆ ရက်အတွင်း သွေးဆင်းမယ်။

(၄) ကိုယ်ဝန်ဆောင်
(ပရိုဂျင်စတီရုန်း) က အမျိုးသမီးဟော်မုန်းတမျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်ဟော်မုန်းလို့ခေါ်နိုင်တယ်။ (IVF) လို့ ကိုယ်ဝန် အောင်မြင်စေအောင် အထောက်အကူပေးနည်းတွေမှာလဲ သုံးတယ်။ တနေ့ ၁ ခါ တင်ပါးမှာထိုးတယ်။ အဆီနဲ့ လုပ်ထားတယ်။ အပ်ရှည်သုံးတာကောင်းတယ်။

(က) Before pregnancy ကိုယ်ဝန်မဆောင်မီသုံးခြင်း
လလယ်ရက်မှာ မျိုးဥထွက်ပြီးတာနဲ့ (ပရိုဂျင်စတီရုန်း) ထွက်လာရမယ်။ မျိုးဥအိမ်ကနေ သဘာဝအတိုင်း ထုတ်ပေးနေတဲ့ ဟော်မုန်း နည်းနေရင်။ ဒါမှမဟုတ် လုံးဝထုတ်မပေးရင်လဲ (ပရိုဂျင်စတီရုန်း) ကိုပေးရတယ်။ သူရှိမှသာ သားအိမ် အတွင်းဆုံးလွှာက ကောင်းမယ်။

(ခ) During pregnancy ကိုယ်ဝန်ဆောင်ချိန်သုံးခြင်း
(ပရိုဂျင်စတီရုန်း) ကနေ သန္ခေသားဖွံ့ထွားစေဘို့ကူညီတယ်။ သန္ခေသားက သားအိမ်အတွင်းလွှာမှာ လာကပ်ပြီးတာနဲ့ ဆက်ပြီးတည်မြဲနေစေဘို့ လိုအပ်တယ်။ ကိုယ်ဝန် ၈-၁ဝ ပါတ်နောက်မှာ အချင်းဖြစ်လာပြီး (ပရိုဂျင်စတီရုန်း) ထုတ်ပေးဘို့ တာဝန်ယူလာတယ်။


(ပရိုဂျင်စတီရုန်း) အမျိုးမျိုး
၁။ Vaginal gel ဗဂျိုင်းနားထည့်ရတဲ့ ဂျဲလ်ကို တနေ့ ၁ ခါထည့်ရတယ်။ မျိုးဥအလှူခံတဲ့နည်းကိုယ်ဝန်နဲ့ အေးခဲထားတဲ့ သန္ခေကိုပြောင်းပို့တာမျိုးအတွက် ကိုယ်ဝန် ၁၂ ပါတ်အထိ ထည့်စေတယ်။

၂။ Vaginal suppositories ဗဂျိုင်းနားထဲထည့်ဆေး


တနေ့မှာ ၂-၃ ခါထည့်နိုင်တယ်။

၃။ Vaginal inserts ဗဂျိုင်းနားထဲထည့်ဆေး
အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေကိုသုံးတာများတယ်။ တနေ့မှာ ၂-၃ ခါထည့်နိုင်တယ်။

၎။ Progesterone oral capsules သောက်ဆေး
တနေ့မှာ ၃ ခါထည့်နိုင်တယ်။ မွေးလမ်းထဲထည့်ဘို့ မညွှန်းပါ။

ဘေးထွက်-ဆိုးကျိုးများ
သွေးဆင်းတာ အမျိုးမျိုး (ကြားရက်ဆင်းတာ၊ အစက်ကလေးသာဆင်းတာ၊ အရင်ကနဲ့မတူတာ)၊ ကိုယ်အလေးချိန် ပြောင်း (ပိန်-ဝ) တာ၊ ကိုယ်ရောင်တာ၊ သားအိမ်ဝကအဖြူဆင်းတာ၊ အသားဝါ၊ ရင်သားတင်းနာတာ၊ ဆေးထိုးတဲ့နေရာ နာတာ-ယားတာ၊ ဝက်ခြံထွက်တာ၊ အမွှေးထူတာ၊ စိတ်ကျတာ၊ ကိုယ်ပူတာ၊ အိပ်မပျော်တာ၊ ပျို့တာတွေဖြစ်နိုင်တယ်။

ဘယ်လိုအမျိုးသမီးတွေကို ဒီဆေးမထိုးသင့်သလဲ
သွေးပြန်ကြောရောင်သူ၊ အသဲမကောင်းသူ၊ ရင်သားနဲ့ မျိုးပွါးလမ်း ကင်ဆာရှိသူ၊ မွေးလမ်းကြောင်းကနေ အကြောင်းမှန် မသိရဘဲ သွေးဆင်းနေသူ၊ Missed abortion ကိုယ်ဝန်ပျက်သူ။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၄
၁၂-၃-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...