UK နှင့် USA ရှိ ကမ္ဘာထိပ်တန်း တက္ကသိုလ်များ၏ ဝင်ခွင့်ဆိုင်ရာများနှင့် Scholarships Interview ပြုလုပ်မည်

အတွဲ (၁၅)၊ အမှတ် (၁၂)

UK နှင့် USA ရှိ အဆင့်မြင့် ထိပ်တန်း တက္ကသိုလ်များဆိုင်ရာ ဝင်ခွင့် သတ်မှတ်ချက်များနှင့် Schoalrships လျှောက်ထားပုံများအကြောင်း အသေးစိတ် ဆွေးနွေး အကြံပေးမည့် အစီအစဉ်ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၃ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ Regent Consultancy Services Co.,Ltd ရုံးခန်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး Unconditional Offer ရရှိထားသော ကျောင်း သူ၊ ကျောင်းသားများကို မွန်းလွဲ ၂ နာရီတွင် Scholarship Interview ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲ၌ USA မှ ထိပ်တန်းအဆင့်မြင့် တက္ကသိုလ်များဖြစ်ကြသော Muaom Colorado State University, Oregon State Univrsity, University of South Florida, Marshall University စသည့် တက္က သိုလ်များနှင့် UK မှ ထိပ်တန်းတက္ကသိုလ်များ ဖြစ်ကြသော The University of Exeter, The Univresity of Manchester, Manchester Metropolitan University, Newcastle University, University of East Anglia, Queen's University Belfast, Glasgow Caledonian University, University of Gloucestershire, St.George's (The University of London), City University London စသည့် တက္ကသိုလ် များနှင့် ပတ်သက်၍ အထူးအကြံပေး ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လိုသူများ Regent Consultancy Service အမှတ် B (13+23) ၊ ရွှေကိန္နရီ အဆင့်မြင့်အိမ်ယာ၊ နာနတ်တောလမ်း (ရွှေကောင်းဟော့ပေါ့ အရှေ့)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁- ၅၀၀၀၅၄၊ ၀၉-၅၀၁၉၈၇၀၊ ၀၉-၇၃၂၀၅၃၃၃) သို့ ဆက်သွယ် စုံစမ်းကြိုတင် စာရင်းပေးသွင်းနိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...