မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်

အတွဲ (၁၅)၊ အမှတ် (၁၂)

သြစတြေးလျနိုင်ငံ၏ နာမည် အကြီးဆုံး ထိပ်တန်း တက္ကသိုလ်များတွင် တစ်ခု အပါအဝင် ဖြစ်သည့် University of Queensland ၏ Foundation Program ကို သင်ကြားပေးနေသည့် International Education Service Limited (IES) မှ Foundation Program များ အတွက် ကျောင်းလခ ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ရရှိမည့် ပညာသင်ဆုကို မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် စတင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများ အနေဖြင့် မတ်လ ၁၉ ရက်တွင် AVSS မန္တလေးနှင့် မတ်လ ၂၂ ရက်တွင် AVSS ရန်ကုန်ရုံးများတွင် နံနက် ၁၀ နာရီမှ နေ့လယ်၁၂ နာရီ အတွင်း ကျင်းပမည့် IES ၏ ပညာရေး ဆွေးနွေးပွဲများတွင် လာရောက် မေးမြန်း လျှောက်ထားနိုင်ကြောင်း သိရသည်။

ပညာသင်ဆု လျှောက်ထားလိုသူများ အနေဖြင့် IES ၏ Standard (or) Express Foundation Program ကို တက်ရောက်မည့်သူများ ဖြစ်ပြီး အနိမ့်ဆုံး ပညာအရည်အချင်း အနေဖြင့် GCE O Level (or) IGCSE တွင် Average B ရရှိမည်ဖြစ်ကာ တက္ကသိုလ် ဝင်တန်းဖြေဆိုအောင် မြင်ထားသူများ အနေဖြင့် စုစုပေါင်း ပျမ်းမျှရမှတ် 75-80 ရာခိုင်နှုန်း ရရှိရမည် ဖြစ်သည်။ IELTS Score 5.5 ထက်မနည်း ရရှိထားရမည် ဖြစ်သည်။

အသေးစိတ် သိရှိလိုပါက AVSS ဖုန်း -၀၉-၄၅၀၀၆၉၄၄၊ ၀၉-၄၅၀၀၆၉၅၅ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်။

အေးဖြူ
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...