University of Chester မှ ပေးအပ်မည့် စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု မဟာဘွဲ့ကို စင်ကာပူတွင် တက်ရောက် သင်ကြားနိုင်

အတွဲ (၁၅)၊ အမှတ် (၁၃)


မြန်မာနိုင်ငံမှ ဘွဲ့တစ်ခုခုရရှိပြီး အသက် ၂၁ နှစ် ပြည့်ပြီးသူတိုင်း အတွက် UK နိုင်ငံ University of Chester မှ ပေးအပ်မည့် စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု မဟာဘွဲ့ကို Dimensions International College, Singapore တွင် တက်ရောက်နိုင်ပြီ ဖြစ်ကြောင်းသိရသည်။

University of Chester သည် UK နိုင်ငံတကာ တက္ကသိုလ်လောကတွင် အစောဆုံးတည်ထောင်ခဲ့သော တက္ကသိုလ်ကြီးများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး MBA ဘာသာရပ်၏ အားသာချက်မှာ ကျောင်း သား၊ ကျောင်းသူများ၏ Critical Thinking Skill, Research Skill နှင့် Analysis Skill တို့ကို တစ်ဦးချင်း (သို့) အုပ်စုလိုက် Team Work ပုံစံဖြင့် မြှင့်တင်ပေးရန် ရည်ရွယ်ချက်ထား သင်ကြား ပို့ချပေးနေခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် စီမံခန့်ခွဲမှု အတွေ့အကြုံ မရှိသေးသူများ အနေဖြင့်လည်း စီမံခန့်ခွဲမှုအား အခြေခံမှ စတင်လေ့လာနိုင်မည်ဖြစ်ပြီး လက်တွေ့စီမံခန့်ခွဲမှုအတွေ့အကြုံရှိထားပြီးသူများအနေဖြင့်လည်း မိမိတို့၏ စီမံခန့်ခွဲမှု အရည်အချင်းများကိုမြှင့်တင်ပေးနိုင်သော ဘာသာရပ်မျိုးဖြစ်သည့်အပြင် ဘွဲ့တစ်ခုခု ရရှိပြီး စီးပွားရေးဆိုင်ရာ အခြေခံမရှိထားသူများအတွက် 2 weeks MBA Bridging Course ကို အခမဲ့ တက်ရောက်နိုင်ကြောင်း သိရသည်။ အထူးသဖြင့် မြန်မာနိုင်ငံမှ ABE Graduate Diploma ရရှိထားသူများ၊ LCCI အောင်မြင်ထားသူများ ဆက်လက် တက်ရောက်သင့်သော Master Degree Program ဖြစ်ကြောင်းလည်း သိရသည်။

၂၀၁၄ ခုနှစ် June Intake အတွက် ကျောင်းလျှောက်လွှာများကို Dimensions ၏ မြန်မာပြည်ရုံးခွဲတွင် စတင်လက်ခံ ဆောင်ရွက်ပေးနေပြီဖြစ်ပြီး ယင်းမြန်မာပြည်ရုံးခွဲတွင် ကျောင်းသားတစ်ဦးချင်းစီ အလိုက် ရုံးချိန် အတွင်း အသေးစိတ် (အခမဲ့) အကြံပြု ဆွေးနွေးပေးလျက်ရှိသည်။

စိတ်ပါဝင်စားသူများနှင့် ကျောင်းလျှောက်ထားလိုသူများသည် Dimension Education Center အမှတ် ၄၅၉၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်၊ ဗဟန်း၊ ဖုန်း-၀၉-၄၅၀၀၄၄၁၁၇၊ ၀၉-၄၂၁၀၇၆၈၅၈ သို့ စုံစမ်းနိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...