ပြည်တွင်းမှာ ရှားရှားပါးပါး ဖြစ်မယ့် 2013 Chevrolet Corvette
ပြည်တွင်းမှာ ရှားရှားပါးပါး ဖြစ်မယ်လို့ ခေါင်းစဉ်မှာ တပ်လိုက်ရတဲ့ အကြောင်းလေးကို ရှင်းပြရင်း ကျွန်တော်ရဲ့ သုံးသပ်ချက်လေးကို အစပျိုးလိုက်ချင်ပါတယ်နော်။ ဘာကြောင့်မို့ အဲဒီလို ခေါင်းစဉ် တပ်လိုက် ရတာလဲ ဆိုတော့ အခု ကျွန်တော်မိတ်ဆက်ပေးမယ့် မော်ဒယ်က တလောလေးကမှ ပြည်တွင်းမှာ တရား ၀င်ရောင်းချဖို့ Showroomကို ရောက်ရှိလာတာ ဖြစ်ပြီး တစ်နိုင်ငံလုံး အနေအထားမှာ တစ်စီးတည်း ရောင်း ချဖို့ တင်သွင်းလာတာကြောင့် တကယ်ကို ရှားရှားပါးပါး မော်ဒယ်ပါလို့ ဆိုလိုက်တာပါ။ ဆိုတော့ကာ Corvetteက ပြည်တွင်းမှာ တစ်စီးတည်း ရှိမယ့် မော်ဒယ်ဆိုတော့ သူ့ကို ပိုင်ဆိုင်ထားသူကတော့ တကယ့် Hotပဲပေါ့နော်။ ထားပါတော့၊ ဘယ်လိုပဲ ဖြစ်ဖြစ်၊ သူ့အကြောင်းကတော့ စိတ်ဝင်စားသူတွေ ရှိကြပါလိမ့် မယ်။ တစ်ဖက်က တွက်ကြည့်ရင် ကိုယ်ပိုင်ဆိုင်ထားတဲ့ မော်ဒယ် မဟုတ်သည့်တိုင်အောင် ဘာတွေ များကောင်းသလဲ၊ ညံ့သလဲ ဆိုတာမျိုး သိချင်ကြမှာ မဟုတ်လား။ ဒီတော့ ကျွန်တော်လည်း မပိုင်တဲ့ Corvetteအကြောင်းကို အတင်း နည်းနည်းတုပ်ရအောင်နော်၊ ကောင်းပါပြီ၊ ဆက်ကြည့်ရအောင်ပါ။
Flowအသစ်…
------------------
ပုံမှန် ရေးနေကျ ပုံစံအတိုင်းကို ဖောက်ထွက်ပြီး Alter ဒီဇိုင်းနဲ့ Corvette ကို သုံးသပ်ချက်ပေးချင်ပါတယ်။ ဒီတော့ ပထမဆုံး ကျွန်တော်က Corvette ရဲ့ Highlightကို ပြောပြချင်ပါတယ်။ ၆.၂လီတာသုံး V8 အင်ဂျင်ကို တပ်ဆင်ထားတယ်၊ နောက်ဘီးယက် စနစ်နဲ့ လာတယ်၊ Transmission အပိုင်းမှာ Manual စနစ်နဲ့ သွားမှာ ဖြစ်ပြီးတော့ ဂီယာချက် ၆ချက်ထိအောင် သုံးနိုင်မယ်၊ အင်ဂျင်ရဲ့ လည်ပတ်အား တစ်မိနစ် အတွက် အပတ်ရေ ၄၆၀၀မှာ အင်ဂျင်ရဲ့ စွမ်းအင် ထုတ်လုပ်နိုင်မှု မြင်းကောင်ရေ ၄၃၀အား ရှိမယ်၊ ဆီစားနှုန်း အပိုင်းက ပျမ်းမျှ အနေနဲ့ ဆီတစ်ဂါလံကို ၂၂မိုင်လောက်ထိအောင် စီးနင်းနိုင်မယ်၊ အခြေခံ ဆက်သွယ်ရေး စနစ် တစ်ခု ဖြစ်တဲ့ Bluetooth ကတော့ Null ပဲ၊ နောက်ပြီးတော့ အဆင့်မြင့် တည်နေရာပြ စနစ် ဖြစ်တဲ့ Navigation System လည်း Null ပဲ၊ ဒီတော့ အခြေခံ Featureနှစ်ခု Nullသွားတော့ Corvette ကို နှာခေါင်း ရှုံ့သွားသလား၊ နေပါဦး၊ အပူပေး ထိုင်ခုံစနစ်တော့ တပ်ဆင်ထားတာ တွေ့ရသေးတာကြောင့် မဆိုသေးပါဘူးဗျ။ ကဲ… Highlight ကတော့ ပြီးပြီ၊ တစ်ချက်ချင်းစီကို ဖြည်းဖြည်းချင်း သုံးသပ်ကြည့် ရအောင်နော်။
ကျွန်တော့်အကြိုက်….
----------------------------
အရှိန်မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းကတော့ ထူးထူးထွေထွေပြောစရာ မလိုပဲနဲ့တောင်မှ မြန်မယ် ဆိုတာ သိနိုင်ပါတယ်နော်။ ဒါပေမယ့် နေပါဦး၊ ပြောချင်ပါသေးတယ်၊ တကယ်ကို မြန်ပါတယ်၊ အရမ်းမြန်ပါတယ်၊ တွက်ကြည့်ဦးလေ၊ တစ်နာရီ မိုင် ၆၀ဆိုတဲ့ နှုန်းကို အချိန် ၄.၅စက္ကန့် ဆိုတာက နည်းလားလို့၊ ဒါပေမယ့် ကားသုံးသပ်ချက်တွေ များများဖတ်ထားတဲ့ သူ၊ Sportတွေ အကြောင်း သိထားသူ တချို့ကတော့ မောင် လင်းထက်တော့ တော်တော်လွန်နေပြီ၊ ဒီနှုန်းလောက် မြန်မြန်မောင်းနိုင်တဲ့ မော်ဒယ်တွေ တပုံကြီး ရှိတာကို အခု Corvette ကျမှ ဘာတွေရထားလို့ ဒီလောက်ညွှန်းနေတာလဲလို့ တွေးကြတော့မယ် ထင်ပါ့ဗျာ။ ဒါပေမယ့် ကျွန်တော် ဘာမှ မရပါဘူး၊ နောက်ပြီး အချိန် ၄.၅ စက္ကန့်ဆိုတာလည်း ထိပ်ဆုံး တန်းဝင်တော့ မဟုတ်ပါဘူး။ သို့သော်လည်း အမြန်နှုန်း မြှင့်တင်နိုင်မှုနဲ့ အရှိန်မြှင့်တင်နိုင်မှုရဲ့ ကြားထဲက ကွာခြားမှု ကိုတော့ သိတဲ့ သူ နည်းပါလိမ့်မယ်။ အခု Corvette က အရှိန်မြှင့်တင်မောင်းနှင်နိုင် မှု ကောင်းမွန် တာ ဖြစ်ပြီးတော့ အဲဒီ တစ်ချက်နဲ့ပဲ သူ့ကို ကျွန်တော် သဘောကျမိတာပါနော်။ နောက်ပြီး ၀န်တင်ခန်း ကျယ်တယ်၊ လက်ကိုင်ပိုင်းနဲ့ ဘရိတ်ပိုင်းက World-Class ဆိုတဲ့ အတန်းအစားထဲက ဖြစ်တယ်။
စင်းလုံးချောဆိုတာ မရှိ….
-------------------------------
အတွင်းပိုင်း အပြင်အဆင်က နည်းနည်း ခေတ်ကျန်နေခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဖက် မဖြစ်တဲ့ ကားတန်းထဲ မှာ ထိုးရပ်လိုက်ပြီး မော်ဒယ်နိမ့်တဲ့ Sportတွေနဲ့ ယှဉ်ကြည့်ရင်တော့ ဟုတ်နေမှာပါပဲ။ ဒါပေမယ့် ကျွန်တော်ပြောတဲ့ ခေတ်ကျန်နေတယ်ဆိုတဲ့ စကားလုံးကို နားလည်ချင်ရင်တော့ Audi R8 လို Sport တစ်စီးလောက်နဲ့ နှိုင်းစာကြည့်လိုက်ရင် သိမှာပါ။ ဒါမှမဟုတ်လည်း Classic ဒီဇိုင်းမျိုးကို သဘောကျတယ် ဆိုရင်တော့ အဆင်ပြေပါလိမ့်မယ်။
Highlightကို ထောက်ရှုခြင်း…
အထက်မှာ ပြောခဲ့တဲ့ Highlightတွေထဲက တစ်ချက်စီကို နည်းနည်းစီ ပြန်ထောက်ပြချင်ပါတယ်။ ဒါပေမယ့် နေရာ ရသလောက်ဆိုတော့ အရေးကြီးတဲ့ အချက် သုံးချက်ကိုပဲ ပြောပါ့မယ်နော်။ ပထမဆုံး အနေနဲ့တော့ အင်ဂျင်ပိုင်းကို ပြောချင်ပြီးတော့ တပ်ဆင်ထားတဲ့ အင်ဂျင် အရွယ်အစား ဖြစ်တဲ့ ၆.၂ လီတာသုံး ဆိုတာကြီးကတော့ တော်တော်ကို ကြီးလွန်းတယ်လို့ ထင်မိပါတယ်။ ဒါကလည်း ပြည်တွင်းလို အနေအထားနဲ့ လမ်းကြောင်းမှာ ပြောတာပါ။ အမြင့်ဆုံး လည်ပတ်အားက တစ်မိနစ်ကို အပတ်ရေ ၅၉၀၀ဆိုတာကလည်း အမေရိကထုတ် GM SUVတွေထက်တောင်မှ နည်းနည်း ပိုချင်နေပါသေးတယ်။ တစ်ခု ရှိတာက ရုန်းအား အပိုင်းပါ၊ ၄၂၄ပေ-ပေါင်မှာ မြင်းကောင်ရေ ၄၃၀အား ဆိုတော့ နည်းနည်း တော်သေးတယ်ပေါ့။ ဒါပေမယ့် မလိုအပ်တဲ့ အင်ဂျင်ကြီးနဲ့ မော်ဒယ်ကိုတော့ သဘောမကျမိတာ အမှန်ပါ။ နောက်တစ်ချက် ဆက်ပြောရရင် Transmission အပိုင်း၊ Sport တစ်စီး ဖြစ်တာကြောင့် နောက် ဘီးယက် စနစ်ကို သုံးထားတာက တကယ်ကို ကောင်းပါတယ်။ နောက်ပြီးတော့ Manual စနစ်၊ မောင်း တတ်လို့ကတော့ ကျွန်တော် ပြောတဲ့ မြန်နှုန်း အတိုင်းရပါလိမ့်မယ်၊ မဟုတ်ရင်တော့ ၄.၅စက္ကန့် ဆိုတာ မဖြစ်နိုင်ပါဘူး။ ထားပါတော့ ဒါက အရေးမကြီးဘူး။ စုစုပေါင်းသုံးနိုင်မယ့် ဂီယာချက်က ၆ချက်ဆိုတော့ ကျွန်တော်ဆိုရင် ၇ချက်ဆို ပိုကောင်းမယ်လို့ ထင်မိပါတယ်၊ ဒါပေမယ့် ဒီတစ်ချက်ကို ချုံပြောရ ရင်တော့ ကောင်းပါတယ်။ ကဲ…နောက်ဆုံး တစ်ချက်က Fuel ကို ထောက်ကြရအောင်ဗျာ။ အင်ဂျင်က ကြီးကြီး၊ လည်ပတ်အားက များတယ်၊ နောက်ဘီးယက် ဆိုတော့ နည်းနည်း ခံသာတယ်၊ Manual စနစ် ကလည်း သုံးတတ်ရင် အဆင်ပြေနိုင်မယ်၊ ပျမ်းမျှ ဆီစားနှုန်းက ၂၂မိုင်ဆိုတော့ ကောင်းပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ City အတွက် ဆိုရင် ၁၆မိုင်နဲ့ Highway အတွက် ဆိုရင် ၂၆မိုင်ဆိုတာက ဒီအင်ဂျင်၊ ဒီစွမ်းဆောင်ရည်၊ ဒီမော်ဒယ် အတွက် ကောင်းပါတယ်။
Corvetteရဲ့ တစေ့တစောင်း…
------------------------------------
ဒီတစ်ပတ် Flowပြောင်းလိုက်တော့ ဖတ်ရတာ နည်းနည်း အောက်သွားမယ် ထင်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက်တော့ စိတ်ဝင်စားစရာ ကောင်းလာမလားလို့ ထွင်ကြည့်လိုက်တာပါ။ အခု ဖောင်နေရာ ကုန်တော့မှာ ဆိုတော့ Corvetteအကြောင်း ရေပေါ်ဆီဝေ့လေး ပြောရင်း အဆုံးသတ်လိုက်ရအောင်နော်။ အသက်ကယ် လုံခြုံရေး စနစ် အပိုင်းမှာ ရှေ့ဖက် စုံလိုက် အသက်ကယ် လေအိတ်စနစ်၊ ဘေးဘက် အသက်ကယ် လေအိတ်စနစ်တွေကို တပ်ဆင်ထားတာ တွေ့ရတာကြောင့် သင့်တင့်ပါတယ်။ ဘရိတ်ပိုင်း ကတော့ ထုံးစံ အတိုင်း ABSဖြစ်ပြီးတော့ စံမီတယ်၊ နောက်ပြီး OnStarဆိုတဲ့ စနစ်တစ်ခု ပါသေးတယ်၊ သူက အတိုက်အခိုက်ဒဏ်တွေကို အလိုအလျောက် မှတ်သား ဖြေလျော့ပေးမယ်၊ နောက်ပြီး ကားတစ် စီးလုံးရဲ့ အကြမ်းခံနိုင်ရည်ကို နည်းပညာ အကူအညီနဲ့ ပိုမို မြင့်မားစေမယ်၊ ကောင်းပါတယ်။ Coupe တန်းဝင် ဖြစ်ပြီးတော့ အလျားက ၁၄ပေနဲ့ ၆လက်မခွဲ ရှိမယ်၊ မျက်နှာစာ အကျယ်က ၆ပေနဲ့ လက်မ ၀က်ရှိမှာ ဖြစ်ပြီးတော့ အမြင့်ကတော့ ၄ပေနဲ့ တစ်လက်မကို တစ်စိတ်ပဲ စွန်းပါတယ်။ ဆီတိုင်ကီ အပိုင်းမှာ ၁၈ဂါလံထိအောင် ထည့်ထားနိုင်မယ်၊ ကားတစ်စီးလုံးရဲ့ အလေးခ်ျိန်က ပေါင် ၃၂၀၀ကို နည်းနည်းလေးပဲ စွန်းပါလိမ့်မယ်။ ကဲ..ဒီလောက်ဆိုရင် ကိုယ့်ရှေ့ကနေ Corvetteဖြတ်သွားရင်တောင် ဘယ်လို ဘယ်ချမ်းသာဆိုတာ သိလောက်ပါပြီနော်။
လင်းလင်း (IA)
TechSpace Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)