မြန်မာနိုင်ငံမှာ 2G အသုံးပြုမည်လား၊ 3G အသုံးပြုမည်လား



ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ 2G, 3G ဆိုတဲ့ အသုံးအနှူန်းကို အများစုက ကြားဖူးနား ၀ရှိပြီး သားဖြစ် မှာပါ။ 2G နှင့် 3G ကွန်ယက်တွေဟာ မိုဘိုင်းဆက်သွယ်ရေး အတွက် အသုံးပြုနေ တာဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ data rate, speed တွေအကြောင်းပြော သွားမှာ မဟုတ်ပဲ နည်းပညာနယ် ပယ်ထဲက မဟုတ်တဲ့သူများ အတွက် ဖတ်ရှူရတာ နားလည်ရှင်း လင်းအောင် 2G နှင့် 3G ကွာခြားပုံကို ရေးသား သွားပါမယ်။

2G ဆိုတာ ကြိုးမဲ့တယ်လီ ဖုန်းနည်းပညာ ဒုတိယမျိုး ဆက်ဖြစ်တဲ့ second-generation ကိုပြောတာပါ။ 2G မိုဘိုင်းတယ်လီ ကွန်းကွန် ယက်ကို 1991 ခုနှစ် Finland နိုင်ငံမှာ စတင်အသုံးပြုခဲ့ တာဖြစ်ပါတယ်။ သက်တမ်း အားဖြင့် ဆိုရင် ၂၃နှစ် ရှိနေပါပြီ။ 2G မှာ စာတိုပေးပို့ခြင်း (SMS) ကိုစတင် မိတ်ဆက်ခဲ့ ပါ တယ်။ ထို့အတူ စာတိုပေးပို့ခြင်းသာမက ရုပ်ပုံများပေးပို့ခြင်း နှင့် multi media message ပါ အသုံးပြုနိုင် ပါတယ်။ 2G မှာဆိုရင် voice communications, text messaging နှင့် simple web browsing (စာရှာ ဖွေခြင်းကဲ့ သို့သော သာမန်အင်တာနက် အသုံးပြုနိုင်ခြင်း) တို့ပါဝင် ပါတယ်။ထို့နောက် 2G ကိုထပ်မံ အဆင့်မြင့် တင်ရာမှ 2.5G, 2.75G, 3G နှင့် 4G များက အစားထိုးဝင်ရောက် လာပါတယ်။

3G ဆိုတာ လက်ရှိမြန်မာနိုင်ငံရဲ့လူနေမှူဘ၀ကို စိတ်ကျေနပ်မှူအပြည့်နဲ့ ပညာရေး၊ သတင်း၊ လူမှူရေး စတဲ့ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးမယ့် မိုဘိုင်းဆက်သွယ်ရေး နည်းပညာ တတိယ မျိုးဆက်ဖြစ်ပါတယ်လို့ပဲ တင်စားပါရစေ။ 3G ကိုမြင်တာနဲ့ အင်တာနက်မြန်နှူန်းမြင့်ဆိုတာက ပါလာပြီး သားပါ။ အချက်အလက်၊ ဓာတ်ပုံ၊ ရုပ်ရှင်တွေကို မြန်ဆန်စွာ Download, Upload ပြုလုပ်နိုင်မှာက 3G ပါ။

ယနေ့ခေတ်မှာ 3G အသုံးပြုသင့်နေပြီလား?

ကျနော်အဖြေက “Yes” လို့ချက်ချင်းဖြေမိမှာပါပဲ။ Why - အနီးစပ်ဆုံးဥပမာတစ်ခုပေးရမယ်ဆိုရင် ကျနော်တို့ လက်ရှိသုံးနေတဲ့ Smart Phone ဟာ လွန်ခဲ့တဲ့ ၁နှစ်၊ ၂နှစ်က ထုတ်ထားတာဖြစ်ကောင်းဖြစ် မယ်။ ယနေ့အသစ်ထွက်ရှိလာတဲ့ဖုန်းတွေကို လိုချင်စိတ်မဖြစ်မိဘူးလား။ လဲချင်စိတ်ကော မဖြစ်ဘူးလား။ သေချာတာကတော့ ယခင်ဖုန်းနဲ့ လဲချင်မိမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုရင် ယနေ့နောက်ဆုံး ပေါ်ထွက် ရှိလာတဲ့ Smart Phone တွေဟာ ဆန်းသစ်တဲ့နည်းပညာအဆင့်မြင့်တင်မှူတွေ ပြုလုပ်လာလို့ပဲ မဟုတ် ပေဘူးလားခင်ဗျာ။ ဒီလိုပဲ။ 3G ဆိုတာလည်း 2G ကနေ အဆင့်ဆင့် မြင့်တင်လာတဲ့ မိုဘိုင်းဆက်သွယ် ရေးနည်းပညာတစ်ခုပါပဲ။ ဒါပေမယ့် 3G ကွန်ယက်ကို နေရာတိုင်းမှာ အသုံးပြုလို့ ရရှိဦးမှာမဟုတ်ပါဘူး။ ယခု ပြည်ပ Telecom ကုမ္ပဏီနှစ်ခုက တာဝါတိုင်တွေ တည်ဆောက်နေဆဲဖြစ်ပါတယ်။ မြို့ကြီးတွေမှာ တော့ 3G ကွန်ယက်တွေကို စမ်းသပ်အောင်မြင်နေပြီ ဖြစ်ပါတယ်။

Ooredoo ​Myanmar ​က 3G ကွန်ယက်ကိုသာ အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့် 3G နဲ့ပက်သက်ပြီး အဆင်ပြေချောမွေ့အောင် ဂရုတစိုက်လုပ်ကိုင်နေမှာ အသေအချာပါပဲ။

3G ကိုအသုံးပြုရင် နေထိုင်မှူပုံစံဘယ်လိုကွာခြားသွားမလဲ?

G ကိုအသုံးပြုမယ်ဆိုရင် အဓိကအချက်အနေနဲ့ ကျနော်တို့အင်တာနက်လိုင်းကောင်းမွန်စွာ အသုံးပြုနိုင်ပါ မယ်။ Youtube က video လိုမျိုးကို စောင့်ဆိုင်းနေစရာမလိုပဲ တိုက်ရိုက်ကြည့်ရှူနိုင်မယ်။ Youtube မှာဆိုရင် ပညာရေးအတွက်ပဲ အသုံးပြုမလား။ ဖျော်ဖြေရေးအတွက်ပဲအသုံးပြုမလား။ နောက်ဆုံးရ သတင်းတွေကို ရုပ်သံနဲ့ ကြည့်ရှူမလား။ စွယ်စုံအသုံးချနိုင်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာ Youtube ကိုအသုံးနည်းနေတယ်ဆိုတာ အဓိက အင်တာနက်လိုင်း မကောင်းလို့ပါ။ ဖုန်းပြောဆိုရာမှာလည်း အသံကြည်လင်ပြတ်သားမှူသာမက video calls တွေပါအသုံးပြုနိုင်ပါမယ်။ ယခုကျနော်တို့ ဖုန်းအပြန်အ လှန် ပြောဆိုတဲ့အခါ အသံနဲ့သာ ဆက်သွယ်ပြောဆိုလို့ရပါတယ်။ 3G မှာဆိုရင် ရုပ်ကောအသံပါ နှစ်မျိုး စလုံး အသုံးပြုလို့ရရှိမှာဖြစ်ပါတယ်။

Ooredoo ​ Myanmar​ က video calls စမ်းသပ်အောင်မြင်ပြီးတဲ့ နောက်ပိုင်းမှာ ဟာသအနေနဲ့ အင်တာ နက်စာမျက်နှာတွေပေါ်မှာ ဒီလိုမျိုးရေးသားထားတာတွေ့ရပါတယ်။ “အိမ်က မိန်းမက ယောက်ျား ဘယ် ရောက်နေလဲမေးရင် အရင်လို သူငယ်ချင်းအိမ်မှာဆိုပြီး လိမ်ညာပြောလို့မရတော့ဘူး။ မယုံဘူး video calls ဖွင့်ပြဆိုမှ ပြသနာတွေတက်ကုန်မယ်”

ယခင်လို “ဟလို ဟလိုကြားလား” ဆိုပြီး လိုင်းမိအောင် လိုက်ဖမ်းရတဲ့ ဒုက္ခကလည်း ကင်းဝေးသွားမှာပါ။

ကျောင်းသားတွေ အနေနဲ့လည်း အင်တာနက်လိုင်းမြန်ဆန်စွာ အသုံးပြုနိုင်မယ်ဆိုရင် Online မှာရှိတဲ့ video tutorials တွေကို ကြည့်ရှူနိုင်မယ်။ နိုင်ငံတကာမှာ သင်ကြားနေတဲ့ course တွေကိုသင် ယူနိုင် မယ်။

ကွန်ပျူတာပရိုဂရမ် ရေးသားသူ၊ မိုဘိုင်း App ရေးသားသူ၊ Developer တွေအနေနဲ့လည်း အင်တာနက် လိုင်းကောင်းမွန်စွာ အသုံးပြုနိုင်မယ်ဆိုရင် သူတို့ရဲ့အရည်အသွေးတွေဟာ ပိုမိုတိုးတက်လာပြီး မြန်မာနိုင်ငံရဲ့ ICT လိုအပ်ချက်တွေကို ကမ္ဘာ့အဆင့်မှီဖြည့် ဆည်းပေးနိုင်မှာပါ။ ဂီတ၀ါသနာရှင်တွေ အနေနဲ့ သူတို့ solo သီချင်း၊ MTV တွေကို အင်တာနက် ပေါ်မှာ တင်နိုင်မယ်။ လူကြည့်များပြီး လူအများ လက်ခံပြီဆိုရင် နိုင်ငံကျော်တင်မက၊ ကမ္ဘာကျော်အဆိုတော် ထိတောင် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက် ကို နိုင်ငံတကာသတင်းတွေ ဖတ်ရှူဖို့အတွက် ရည်ရွယ်ပြီး အသုံးချနေသူများအတွက်လည်း စာဖတ်စွမ်း ရည်၊ ဥာဏ်ရည်၊ ဗဟုသုတတွေ ကြွယ်ဝပြီး သူများပါးစပ် အပြောကို မယုံပဲ ကိုယ်တိုင်မှန်ကန်တိကျတဲ့ သတင်းတွေကို အင်တာနက် ကနေ ရှာပြီးဖတ်နိုင်လာမယ်။ အိမ်မှာပဲ အင်တာနက်အသုံးပြုပြီး Online Shopping ဖွင့်မယ်။ အင်တာနက်ကနေ ပိုက်ဆံရှာမယ်။ စသဖြင့် နယ်ပယ်ပေါင်းစုံက လူနေမှူဘ၀တွေ ဟာ မြန်နှူန်းမြင့်အင်တာနက်ကိုအသုံးပြုမယ်ဆိုရင် ယခုထက်ပိုတဲ့ ဖွံ့ဖြိုးတိုးတက်မှူတွေအများကြီး ရှိလာ မှာပါ။ 
 

Ref - မိုးလုံးပြည့်လျံ

ရိုးရာလေး 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...