Android Device ပေါ်မှ Account Permission များကို ပြန်လည်ဖယ်ရှားခြင်း

Android Device ပေါ်ကနေ ပြီး Google Account ကိုအသုံးပြု ကာ ကိုယ်ဝင်ခဲ့တဲ့ ၀က်ဘ်ဆိုက်တွေနဲ့ ကိုယ့်ရဲ့ Google Account ကနေ လက်ခံပေးထားတဲ့ App တွေဘယ် လောက်ရှိတယ် ဆိုတာမျိုးကို သိရှိ လိုတယ် ဆိုရင် Android Device ပေါ်ကနေ အလွယ်တကူနဲ့ကြည့် ရှုနိုင်မှာဖြစ်ပါတယ်။ Google Account ကို အသုံးပြုပြီး ရယူထားတဲ့ App တွေဘယ်လောက်ရှိတယ်ဆိုတာနဲ့ ကိုယ့်ရဲ့ Google Account နဲ့ ဆိုက်တွေ ဘယ်လောက် ချိတ်ဆက်ထားပြီး အသုံးပြုနေတယ် ဆိုတာတွေကို ကြည့်ရှု စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ်က ကွန်ပျူတာကနေပြီး စစ်ဆေးချင်တဲ့သူတွေကတော့ Account Permission တွေကို http://goo.gl/jXqMS7 ဖော်ပြထားတဲ့ ဝက်ဘက်ဆိုက်ကနေပြီး သွားရောက် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။



Android Device ပေါ်ကနေ စစ်ဆေးချင်သူတွေ အတွက်ကတော့ Google Settings App ကို အသုံးပြု ပြီး စစ်ဆေးကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Android Device ပေါ်ကနေ စစ်ဆေးဖို့အတွက် Google Settings App ထဲကို ဝင်လိုက်ပါ။ ပြီးသွားရင် Connected apps ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Connected apps ကို ရွေးချယ်လိုက်ရင် ကိုယ့်ရဲ့ အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ App တွေနဲ့ ဝက်ဘ် ဆိုက်တွေ ကို ဖော်ပြမှာ ဖြစ်ပါတယ်။

ချိတ်ဆက်ထားတဲ့ App တွေ ဟာ Google Account ရဲ့ ဘယ် ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ထားတယ် ဆိုတာတွေကို ဖော်ပြပေးနေမှာ ဖြစ်ပြီး၊ အကယ်၍ မလိုချင်တော့ဘူး ဆိုရင်တော့ Disconnect ကို နှိပ်ပြီး ဖယ်ရှားထားနိုင်မှာ ဖြစ်ပါတယ်။ Disconnect button ကို နှိပ်လိုက်ပြီဆိုရင် Google Account နဲ့ ဒီ App ကို Disconnect ပြုလုပ်မှာလားဆိုပြီး မေးမှာဖြစ်ပါတယ်။ ပြုလုပ်လိုတယ်ဆိုရင် Disconnect ကိုနှိပ်ပြီး App နဲ့ Google Accounအ ကို ချိတ်ဆက်ထားမှုကနေ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Google Settings App မှာ Android Device အတွက် လုပ်ဆောင်နိုင်တဲ့ အခြားသော လုပ်ဆောင်ချက်တွေများစွာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 


Internet Journal 
အတွဲ (၁၅)၊ အမှတ် (၂၃)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...