နေအိမ်များတွင် အလုပ်များ အလိုအလျှောက်လုပ်ပေးမည့် AngelBlocks



နေအိမ်တွင် ပြောင်းလဲမှုများကို သိရှိပြီး အလိုအလျှောက်အလုပ်များ လုပ်ပေးနိုင်သော Sensor တပ်ဆင် ထားသည့် AngelBlocks ကို တီထွင်လိုက်ကြောင်း သိရပါသည်။ AngelBlocks ကို အသုံးချနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ ဥပမာ အားဖြင့် AngelBlocks သည် မြေထု ၏ ရေငွေ့စိုထိုင်းမှု ကို သိရှိပြီး သစ်ပင်များ ရေလောင်းရမည့် အချိန်ကို သတိပေးနိုင်ပါသည်။ ပိုင်ရှင် အပြင်ထွက်ခွာသွားလျှင် အိမ်တံခါး ကို အလိုအလျှောက် Lock လုပ်ပေးနိုင်ပါသည်။ အိမ်တွင်မွေးထားသည့်ခွေးက အပြင်ထွက်သွားလျှင် လည်း သတိပေးနိုင်ပါသည်။ AngelBlocks က လုပ်ပေးနိုင်သည့် အရာများကို Notify, Monitor, Control ဟု ကဏ္ဍသုံးခုခွဲခြားထားပါသည်။

အဆိုပါနည်းပညာ သည် အချိန်ကုန်မှု နှင့် အလုပ်ရှုပ်မှုများကို ကင်းဝေးစေမည် ဖြစ်ကြောင်း နှင့် နေအိမ်ရှိ ပစ္စည်းများသည် သင့်ကို အချိန်မကုန်စေဘဲ အလိုအလျှောက် အလုပ်များ လုပ်နိုင်ရန် အရေးကြီးကြောင်း AngelBlocks ကို တီထွင်သူ Steve Montgomery က ပြောပါသည်။

နေအိမ် ရှိ ပစ္စည်းများတွင် AngelGate ကို တပ်ဆင်ထားရမည် ဖြစ်ပြီး AngelGate က အင်တာနက် မှ တစ်ဆင့် AngelBlocks နှင့် ဆက်သွယ် အလုပ်လုပ်မည် ဖြစ်သည်။ အသုံးပြုသူများ က AngelBlock တစ်ခုချင်းစီကို Web Application တွင် မှတ်ပုံတင်ထားနိုင်ပြီး နေအိမ်တွင် လှုပ်ရှားမှုများဖြစ်ပေါ်သည့် အခါ ၊ အပူချိန်ပြောင်းလဲသည့်အခါ စသည့် အခြေအနေများတွင် ပြုလုပ်ရမည့် အလုပ်များ ကို Program ရေးဆွဲထားနိုင်ပါသည်။ အခြား စွမ်းဆောင်ချက် တစ်ခုမှာ AngelTags များကို ဥပမာ အားဖြင့် Keychain တွင် တပ်ဆင်ထားနိုင်ပြီး အသုံးပြုသူ ၏ တည်နေရာ ကို ခြေရာခံနိုင်ပါသည်။ ဥပမာ အားဖြင့် အခန်း တစ်ခုအတွင်း သို့ ရောက်ရှိလျှင် မီးများကို အလိုအလျှောက်ဖွင့်ပေးနိုင်ပါသည်။

AngelBlocks များတွင် AAA ဘက်ထရီ နှစ်ခု ကို အသုံးပြုနိုင်ပြီး ငါးနှစ်ကြာ အသုံးခံသည် ဟု သိရပါ သည်။ AngelBlocks သည် လုံခြုံမှု ရှိစေရန် Cloud ကို အသုံးမပြု ဟု သိရပါသည်။ AngleBlocks ၏ စွမ်းဆောင်ချက် နှင့် တူညီသည့် Ninja Sphere ထွက်ပေါ်ခဲ့ဖူးသော်လည်း AngelBlocks သည် ပစ္စည်း တစ်ခုကို နည်းမျိုးစုံဖြင့် ခိုင်းစေနိုင်ခြင်း ၊ ကြိုးမဲ့ အလုပ်လုပ်နိုင်ခြင်း နှင့် Cloud ကို အသုံးမပြုခြင်းစသည့် အားသာချက်များ ပါရှိပါသည်။

AngelBlocks ကို ထုတ်လုပ်ရောင်းချရန် Kickstarter ၀က်ဆိုက်တွင် ရန်ပုံငွေ ကောက်ခံနေပါသည်။ ဒေါ်လာ ငါးသောင်း ရရှိရန် ရည်မှန်းထားပြီး ယခုအချိန်တွင် ဒေါ်လာ ၄၅၀၀၀ ရရှိပြီ ဖြစ်သည်။

AngleBlocks ၏ အလုပ်လုပ်ပုံကို အောက်မှ ဗီဒီယို တွင် လေ့လာနိုင်ပါသည်။

https://d2pq0u4uni88oo.cloudfront.net/projects/866840/video-352357-h264_high.mp4


သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...