သူများတွေကို ကူညီရတာ ကျွန်မကို ပျော်ရွှင်စေပါတယ်လို့ဆိုတဲ့ Angelina Jolie


Jack the Ripper on 2014-06-09 14:27

စစ်ပွဲတွေဖြစ်နေတဲ့ နေရာတွေကို သွားရောက် လည်ပတ်ရတာက သူမကို ပိုပြီးပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်စေတယ်လို့ Angelina Jolie ကယုံကြည်နေပါတယ်။

ကုလသမဂ္ဂနဲ့ တွဲဖက်အလုပ်လုပ်ဖို့အတွက် သွားရတဲ့ ခရီးတွေကြောင့် Jolie တစ်ယောက် သူမရဲ့ ကိုယ်ပိုင်ပြသနာတွေကို မေ့လျှော့ပြီး သူမပိုင်ဆိုင်တဲ့အရာတွေကို တန်ဖိုးထားမြတ်နိုးနေရကြောင်း ပြောပါတယ်။

‘ကျွန်မရဲ့ကိုယ်ပိုင်ပြသနာတွေနဲ့ ဒုက္ခတွေအကြောင်းပိုပြီး စိတ်ဝင်စားခဲ့တဲ့ ကာလတစ်ခုကို ကျွန်မဖြတ် သန်းခဲ့ပါတယ်။ ပြီးတော့ ကျွန်မမြေမြှုပ်မိုင်း ဒဏ်ခံရတဲ့သူတွေရှိတဲ့ ကျွန်မပထမဆုံးရောက်တဲ့ စစ်ဖြစ် ပွားရာနေရာဖြစ်ပြီး အကူအညီတကယ်လိုအပ်နေတဲ့လူတွေကို ရှင်တွေ့ရမယ့် နေရာတွေကို ကျွန်မခရီး ထွက်ခဲ့ပါတယ်။ သူတို့ရဲ့ မိဘတွေဒါမှမဟုတ် သားသမီးတွေ ဘယ်မှာရှိတာလဲ ဆိုတာတောင်မသိတဲ့ လူတွေနဲ့တွေ့တာဖြစ်ပါတယ်။ ပြီးတော့ သူတို့မှာလုံလောက်တဲ့ အစားအစာမရှိကြဘူး။ ပြီးတော့ ရှင် အိပ်ရာကနိုးလာပြီး ရှင့်ပြသနာတွေဟာ (ဒါတွေနဲ့ယှဉ်ရင်) ဘာမှမဟုတ်ပါလား ဆိုတာနဲ့တင် ရှင် ကံကောင်းတယ်ဆိုတာ သိရမှာပါ။ ရှင်ကိုယ့်အကြောင်းကိုယ် မပူပန်တော့ပဲ အခြားလူတွေကို စိတ်ပူပေပြီး ရှင်ရင့်ကျက်လာတာလေ။ ဒါကျွန်မ အတ္တမကြီးအောင် ကူညီပေးပါတယ်။ ပြီးတော့ ဒါကပိုပြီး ပျော်စရာကောင်းတဲ့ဘ၀ပါ။ သူများတွေကို အကူအညီပေးရတာ ပိုကောင်းတဲ့ဘ၀ကိုဖန်တီးပေးပါတယ်’ လို့ဆိုပါတယ်။


Ref:starpulse.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...