BACK LIGHT ပျောက်လျှင်

စက်နိုးသော်လည်းရုပ်မပေါ်ဖြေရှင်းနည်း

 

ပုံထည်းမှာပြထားတဲ့ အပိုင်းကို ကိုင်ရမှာပါ။ supply ကိုတပ်ထားပြီး ပါဝါမနိုးပဲ တိုင်းကြည့်ပါ့မယ်။ supply ရဲ့ test ကို ခလုတ်လေးလှည့်ပြီး အနီရောင်လက်တံနဲ့ ထောက်ပါ့မယ်။ 


စက်မနိုးသေးပဲ supply တပ်ထားတဲ့ အနေအထားမှာပဲ ကွိုင်ရဲ့တဘက်တချက်နဲ့ ဒိုင်အုပ် သင်္ကေတလိုင်းပါတဲ့ ဘက်ကို 3.3v ရှိနေရပါမည်။ ကျွန်တော်တို့စစ်ရမှာ အဲ့ဒိ ပွိုင့် ၃ ပွိုင့်ကိုပဲ စစ်မှာပါ။

ဘာဖြစ်လို့လဲဆိုရင်တော့ ic ကောင်းခြင်း၊မကောင်းခြင်းကို အဲ့ဒိ ပွိုင့်၃ပွိုင့်နဲ့ စစ်မှာပါ။ အကယ်၍ နံပါတ် ၁ နေရာလေးမှာ volt ပျောက်နေရင် အောက်က ပုံထည်းကကောင်လေးကို ကိုင်ရမှာပါ။ 


နံပါတ် ၁ ကို လက်တံ အနီထောက်လျှက် ပါဝါနိုးပါမည်။ နံပါတ် ၁ တွင် 3.3volt မှ 3.5volt ပြောင်းသွား ရပါမည်။ ဒါဆိုရင် ဘက်လိုက် အချက်ပြလမ်းကြောင်း ကောင်းလို့ပါ ဘက်လိုက်လမ်းကြောင်း မကောင်း ရင် အခုလိုပြောင်းမည် မဟုတ်ပါ။ အချက်ပြလမ်းကြောင်းသည် နံပါတ် ၁ နေရာလေးနှင့် အိုင်စီ၏ pin-no-6 ကို လည်း တပြိုင်နက် ဝင်ပါသည်။ လမ်းကြောင်း တဆက်ထည်းဖြစ်ပါသည် အိုင်စီ၏အထွက်သည် pin-no-4 ဖြစ်ပါသည်။ ထို pin no 4 နှင့် လမ်းကြောင်း တဆက်ထည်းက ပုံထည်းက အမှတ် နံပါတ် ၂ ပါ။ နံပါတ် ၁ တွင် 3.5 volt ရောက်သလိုနံပါတ် ၂ တွင်လည်း ကွိုင်ကောင်းသည် ဆိုလျှင် 3.5 volt ရောက်နေပါမည်။ ထို volt မတွေ့ရင် အဲ့ဒိကွိုင်ကို လဲရပါမည်။

နံပါတ် ၂နေရာမှာ supplyနှင့်တိုင်း၍ သာမန် volt အဖြစ် တွေ့နေရပေမဲ့ ဘက်လိုက် အိုင်စီမှဘက်လိုက် အချက်ပြခုန် လှိုင်းပါရှိနေမည်ကို မေ့၍မရပါ အိုင်စီမှ အချက်ပြခုန်လှိုင်း မပါလျှင် နံပါတ် ၂ တွင် သာမန် volt အဖြစ်သာရှိနေပါမည်။ display လင်းမည် မဟုတ်ပါ။ ထိုအချက်ပြ ခုန်လှိုင်းနှင့် ကွိုင်နံပါတ် ၂ မှ3.5 volt တို့သည် carrier သဘောတရားအရဒိုင်အုတ်၏တဘက်သို့ကူးသည်နှင့်displayတပ်ထားမည်ဆိုပါက နံပါတ် ၃ နေရာတွင် 23 volt သို့ပြောင်းသွားပါသည်။ back light ic ပျက်နေခြင်း၊ display ပျက်ခြင်း၊conector မှကြေးငုတ်လေးများ နိမ့်နေ၍ အဆက်အသွယ်မရှိခြင်း၊ conector ခဲချက် လွတ်နေခြင်းများ ဖြစ်နေပါက 3.5 volt အဖြစ်သာ တွေ့ရပါလိမ့်မည်။ 


နံပါတ် ၃နေရာတွင် ဒိုင်အုတ် ပျက်နေရင်တော့ မည်သည့် volt မှ တွေ့မည်မဟူတ်ပါ။ ဘက်လိုက် လင်းချိန် 23 volt ရှိပြီး၊ ဘက်လိုက် မှိန်ချိန်တွင် 3.3 volt သည် စက်သား၏ ကောင်းမွန်သော အခြေ အနေပင်ဖြစ်ပါသည်။ နံပါတ် ၃ ဒိုင်အုတ်၏ လမ်းသည် A(+)ဖြစ်ပါကြောင်း LCD သို့ jumper လုပ်လို သူများအတွက် ဖေါ်ပြလိုက်ရပါသည်။ ဗဟုသုတအဖြစ် သူ့ schematic မဟုတ်သော်လည်း လေ့လာလိုသူများအတွက်- 



သိမ်းထားလိုသူများအတွက်-http://www.mediafire.com/download/8qa0ine74c0vtom/backlight+pdf.pdf


အောင်မြင်ကြပါစေ။

credit to ဆရာကိုမောင်နှိင် 
ref;kalawthar.com
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...