အိန္ဒိယနိုင်ငံ သမ္မတဟောင်း၏ အကောင်းမြင်ဝါဒ



ဤဓာတ်ပုံရှင်ကို မြင်ဖူးတွေ့ ဖူးကြမှာပါ။ သူ့ ရဲ့ အမည်က Dr.A.P.J.Adbul Kalam ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ၏ ၁၁-ဦးမြောက် သမ္မတ နေရာကို ၂၀၀၂ ခုနှစ် ဇူလိုင် လ ၂၅ ရက် မှ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်အထိ (၅)နှစ်တာကာလပတ်လုံး ဂုဏ်သရေရှိစွာဖြင့် တာ ၀န်ကျြေ ပွန်ခဲ့သူ တစ်ယောက်ပါ။ သူဟာ သမ္မတရာထူး လက်မခံခင်အထိ DRDO(ခေါ်)အိန္ဒိယ နိုင်ငံ၏ ကာကွယ်ရေးသုတေ သန ဖွံ့ ဖြိုးတိုးတက်ရေးအ ဖွဲ့  နှင့် ISRO(ခေါ်)အိန္ဒိယနိုင်ငံ၏ အာကာသဆိုင်ရာ သုတေသနအဖွဲ့ များမှာ ဒုံးပျံယာဉ်တည် ဆောက်မှုနည်း ပညာဆိုင်ရာ အင်္ဂျင်နီယာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အထူးသဖြင့် အဝေးရောက်ပေါက် ကွဲ တွန်းလွှတ် ဒုံးပျံယာဉ်အမျိုးအစားကို ဖန်တီးနိုင်သူတစ်ေ ယာက်မို့ လည်း၊ မိခင် နိုင်ငံကသာမက ကမ္ဘာ့ နိုင်ငံများကပါ သူ့ ကို “ဒုံးပျံ လူသား” ရယ် လို့  ချစ်စနိုးခေါ်ကြပါတယ်။

၂၀၀၅ ခုနှစ် မေလ ၂၆ ရက်နေ့ မှာ မစ္စတာ Kalam က ဆွစ်ဇာလန်နိုင်ငံကို အလည်အပတ်ရောက် ရှိခဲ့ပါ တယ်။ ထို အိမ်ရှင်နိုင်ငံ က သိပ္ပံပညာရှင် မစ္စတာ Kalam ကို ၀မ်း သာကြို ဆိုဂုဏ်ပြုတဲ့အနေဖြင့်၊ နှစ် စဉ် မေလ ၂၆ ရက်နေ့ ကို ဆွစ်ဇာလန်နိုင် ငံ ၏ “Science Day(ခေါ်)သိပ္ပံနေ့ ” ရယ်လို့  သတ်မှတ် ထားခြင်းဟာ သူ့ ရဲ့ အောင်မြင်မှုများထဲက မှတ်တိုင် တစ်ခုပါဘဲ။

ယနေ့  အသက် ၇၉ နှစ် ရှိပြီဖြစ်သော မစ္စတာ Kalam@ဒုံးပျံလူသား@ပရော်ဖက်ဆာ@ စာရေးဆရာ @သိပ္ပံပညာရှင် @သမ္မတ ဟောင်း ၏ အကောင်းမြင်ဝါဒ မှာတမ်းလေး ကို နောင်လာနောင်သားများ အတုယူလိုက်နာစေဖို့ အတွက် အောက်ပါအတိုင်း မျှ ဝေ လိုက်ရပါတယ်ရှင်။

(၁) “ F.A.I.L ဆိုတာ ကျဆုံးတာ မဟုတ်ဘူးနော်… သူ့ အဓိပ္ပါယ်က First Attempt In Learning ပါ… ဒါကြောင့် သင် မအောင်မြင်သေးတဲ့ အခါ၊ ဘယ်သောအခါမျှ အားမေ လျာ့ပါနဲ့  … အစကနေပြန်လည် ကြိုးစားလေ့လာပါ ”

(၂) “ E.N.D ဆိုတာ အဆုံးသတ်တာ မဟုတ်ပါဘူး… အဓိပ္ပါယ် စစ်စစ်က Effort Never
Dies ပါ… ဒါကြောင့် ပြီးဆုံးခြင်းကို ပြန်လည် စတင်ခြင်း တစ်ခုအဖြစ် အမြဲတမ်းရှင် သန်နေပါစေ ”

(၃) “ N.O ဆိုတာ တဲ့ အဓိပ္ပါယ်ကတော့ Next Opportunity ပါ… နောက်ထပ် ကြိုးစား ဖို့  အခွင့်အရေး ရှိသေးတယ်နော် ”

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်) — feeling great.
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...