အင်္ဂါဂြိုလ်ပေါ် ၁၇ နှစ်ကြာနေခဲ့သူ ပြောတဲ့ ကမ္ဘာမြေကာကွယ်ရေး ကိစ္စ
ဒီကနေ့ The Mirror မှာ တကယ့်ကို ခပ်ကြောင်ကြောင် သတင်းတပုဒ် တွေ့တယ်။ ဘာပဲပြောပြော စိတ် ဝင် စားစရာမို့ ကြိုးစားပြီး ဘာသာပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အင်္ဂါဂြိုလ်ပေါ် လူသား များ နယ်ချဲ့မည် လို့ ဧရာဝတီက သတင်းတပုဒ် တင်ခဲ့ဖူးပါတယ်။ အခု သတင်းကလည်း အင်္ဂါဂြိုလ် ကိစ္စဖြစ်ပေမယ့် ထူးခြားနေပါတယ်။
ကမ္ဘာ့လူသားတွေ သွားနယ်ချဲ့ကြမယ့် အင်္ဂါဂြိုလ်၊ ဓာတ်ပုံ- ၀ီကီပီဒီးယား
သတင်းက ….
အငြိမ်းစား အမေရိကန် ရေတပ် ကပ္ပတိန် ကေးက သူဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ ကမ္ဘာမြေကာကွယ်ရေး ရဲ့ လျှို့ဝှက် အာကာသယာဉ်တခုမှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ထုတ်ပြောလိုက်ပြီး သူ့ဘဝမှာ ဂြိုလ်နီ ကြီးလို့ ခေါ်တဲ့ အင်္ဂါဂြိုလ်ပေါ်မှာ ၁၇ နှစ်ကြာ ခဲ့တယ်လို့လည်း ဆိုပါတယ်။
အငြိမ်းစား ရေတပ် ကပ္ပတိန် ကေး ( အမည်လွှဲ)က သူ့ကို လူသားတွေ နယ်ချဲ့ထားတဲ့ ကိုလိုနီ နေရာ ၅ ခု ကို ကာကွယ်ဖို့အတွက် အင်္ဂါဂြိုလ်ပေါ်မှာ တာဝန်ပေးအပ်ခံ ရတယ်လို့ ဆိုပါတယ်။
သူပြောတာက အမေရိကန်၊ ရုရှားနဲ့ တရုတ်အပါအဝင် နိုင်ငံပေါင်းစုံက စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာမြေကာကွယ် ရေး Earth Defense Force –EDF အဖွဲ့အစည်းတခုမှာ ၃ နှစ်နီးပါး လျှို့ဝှက်ယာဉ် တစီးမှာ တာဝန်ထမ်းဆောင် ခဲ့တာလို့ ဆိုပါတယ်။
အစမ်းလေ့ကျင့်တဲ့ ကိစ္စမှာ ကပ္ပတိန်ကေးကို အာကာသ တိုက်လေယာဉ် ၃ မျိုးနဲ့ ဗုံးကျဲ လေယာဉ် ၃ စီးတို့ ကို ပျံသန်းဖို့ လေ့ကျင့်ခိုင်းခဲ့တယ်တဲ့။
ပြီးတော့ လကမ္ဘာအခြေစိုက် စစ်ဌာနချုပ် Lunar Operations Command လို့ ခေါ်တဲ့ လျှို့ဝှက် လကမ္ဘာ အခြေစိုက် စခန်း တခု၊ စနေဂြိုလ်ရဲ့ အရံဂြိုလ် တိုက်တန်နဲ့ တကယ့် အာကာသ ကြီးထဲမှာ သူ့ကို လေ့ ကျင့်ဖို့ ခေါ်သွားခဲ့တယ်လို့ သူက ထပ် ပြောပါတယ်။
ကပ္ပတိန်ကေးက တာဝန်တွေကို နှစ်ပေါင်း ၂ဝ ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့ပါတယ်လို့ ပြောပါတယ်။ အငြိမ်းစားယူတဲ့ အခမ်းအနားကို လကမ္ဘာပေါ်မှာ ကျင်းပခဲ့တာလို့ သူက ပြောပြီး အမေရိကန် ကာ ကွယ်ရေး ဝန်ကြီးဟောင်း ဒေါ်နယ်ရမ်းစဖီးလ်အပါအဝင် အရေးကြီး ပုဂ္ဂိုလ်တွေလည်း တက်ရောက် မိန့်ခွန်းတွေ ပြောခဲ့ကြတယ်တဲ့။
စိတ်ဝင်စားစရာ ဒီလိုသတင်းမျိုးက သူတို့ဆီမှာ ရေးသားဖော်ပြလေ့ ရှိတတ်ပါတယ်။
အိမ့်သံစဉ် ~ ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)