တရုတ်ရိုးရာ ခွေးသားစားပွဲတော်ကို ဆန့်ကျင်ကန့်ကွက်

ပွဲတော်ကျင်းပသူတွေက ဒီပွဲတော်ဟာ ရာစုနှစ်နဲ့ချီနေပြီလို့ ပြောဆိုကြပေမယ့် တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့တွေက ၁၉၉၀ နှစ်တွေမှာမှ စဖြစ်လာတာလို့ ဆိုပါတယ်။ တရက်ထဲ ခွေးအကောင် ၁ သောင်းလောက် သတ်စားကြမှာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။
တရုတ်နိုင်ငံတ၀န်းခွေးချစ်သူတွေ ယူလင်မြို့ကို သွားရောက်ပြီး ခွေးတွေအသတ်မခံရအောင် သွားရောက် ၀ယ်ယူကြတာဖြစ်ပါတယ်။ ခွေးရောင်းသူတွေဟာ ခွေးဝယ်သူတွေ မ၀ယ်ဝယ်အောင် ခွေးတွေကို နှိပ် စက်ပြီး ဈေးတောင်းတဲ့ဓါတ်ပုံတွေ အင်တာနက်မှာ ပျံ့နှံ့ခဲ့တာကြောင့် ဒီပွဲတော်အပေါ် ပြစ်တင်ဝေဖန် သူတွ ပိုမိုများပြားခဲ့ပါတယ်။ ယူလင်မြို့ခံတွေကတော့ ဒီလူတွေဟာ ယူလင်မြို့ကို ကိုယ်စားမပြုကြပါဘူး လို့ ပြောဆိုပါတယ်။
ဆန့်ကျင်ကန့်ကွက်သူတဦးကတော့ ယူလင်မြို့ တိုးတက်ဖွံ့ဖြိုးစေချင်တယ်ဆိုရင် မြို့ခံတွေ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားအောင် အရင်ကြိုးစားကြရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ပွဲတော်ကို ထောက်ခံ သူတဦးကတော့ ခွေးတွေဟာ ရှားပါးတိရစ္ဆာန်မဟုတ်ပဲ ရိုးရာဟင်းလျာတမျိုးဖြစ်တာကြောင့် စားသူတွေ များပြားနေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်က တရုတ်နိုင်ငံအရှေ့ပိုင်းက ဇီဂျန်း ပြည်နယ်မှာ အခုလိုခွေးသားစားပွဲတော်ကို ဒေသ ခံတွေက ၀ိုင်းဝန်းဆန့်ကျင်ကန့်ကွက်ခဲ့ကြလို့ ပိတ်ပင်ခံခဲ့ရပါတယ်။
တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တခုဖြစ်တဲ့ Animals Asia ကတော့ ခွေးသားဟာ လူတွေရဲ့ကျန်းမာရေးနဲ့ မသင့်လျော်သလို အခုလို ခွေးသားစားပွဲတော်မှာ ရောဂါရှိတဲ့ခွေးတွေ၊ ခိုးလာတဲ့ခွေးတွေကို ချက်ပြုတ်ကြ တာကြောင့် ခွေးသားစားတာကို ပိတ်ပင်ဖို့ တောင်းဆိုနေပါတယ်။
DVB News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) M Seng Lu - Pretty Fashion Photoshoot စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... JAVA leaning Myanmar (PDF)Huawei G730-U00 Myanmar Font Installer (One Click Tool)မိုဘိုင်းလ်ဖုန်း ဗဟုသုတ Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF တစ်ကိုယ်တော် ဖျော်ဖြေပွဲကလွဲလို့ အခြားပွဲတွေမှာ ဝင်မဆိုတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ လင်းလင်း
- (အနောကျသို့) Facebook ကျင့်ဝတ် ဆောင်ရန်-ရှောင်ရန်များ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... JAVA leaning Myanmar (PDF)Huawei G730-U00 Myanmar Font Installer (One Click Tool)မိုဘိုင်းလ်ဖုန်း ဗဟုသုတ Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF တစ်ကိုယ်တော် ဖျော်ဖြေပွဲကလွဲလို့ အခြားပွဲတွေမှာ ဝင်မဆိုတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ လင်းလင်း