ကင်ညာနိုင်ငံတွင် ပစ်ခတ်မှုကြောင့် လူ ၄၈ ဦး သေဆုံး


(Asuu Asuu/REUTERS)

ဇွန်လ ၁၅ ရက်ညက ကင်ညာနိုင်ငံ ကမ်းရိုးတန်းမြို့ အမ်ပီကီတိုနီတွင် မည်သူမည်ဝါ မသိရသော သေ နတ်သမား နှစ်ဒါဇင်ကျော်၏ ပစ်ခတ်တိုက်ခိုက် မှုကြောင့် အနည်းဆုံး လူ ၄၈ ဦး သေဆုံး သွားကြောင်း ရဲတပ်ဖွဲ့နှင့် ကင်ညာကြက်ခြေနီအဖွဲ့က ဇွန် လ ၁၆ ရက်တွင် ပြောသည်။

တိုက်ခိုက်ရေးသမားများက ဟိုတယ်နှစ်လုံး၊ ဘဏ်တစ်ခုနှင့် ရဲစခန်းတစ်ခုတို့ကို သေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ဖောက်ခွဲရေးပစ္စည်းတစ်ခု အသုံးပြုခဲ့သည်။

ယင်းတိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခြင်းမရှိသေး ပေ။

သေနတ်သမားများမှာ အစ္စလာမ်မစ်စစ်သွေးကြွများ (သို့ မဟုတ်) ရာဇဝတ်ကောင်များ ဖြစ် နိုင်သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားသောကြောင့် အနောက် နိုင်ငံများက ကင်ညာနိုင်ငံသို့ ခရီး သွားသူများ အား သတိပေးချက် ထုတ်ပြန်ထားသည်။

ယခုအချိန်အထိ အလောင်း ၄၈ လောင်း တွေ့ရှိထားကြောင်း လာမှုကောင်တီဒေသ ရဲမှူး လီယိုနာ့ဒ် အိုမိုလိုက ရိုက်တာသတင်းဌာနအား ဖုန်းဖြင့်ပြောသည်။

သေဆုံးသူအားလုံးမှာ အမျိုးသားများဖြစ်ပြီး အယ်လ်ရှာဘတ် အဖွဲ့၏ လက်ချက် (သို့မဟုတ်) သာမန် ရာဇဝတ်ကောင်တို့၏ လက်ချက် ဟုတ်၊ မဟုတ် မပြော နိုင်သေးဟု အိုမိုလိုက ပြောသည်။

သေဆုံးသူများအနက် ရဲ တပ်ဖွဲ့ အကြီးအကဲ၏ ယာဉ် မောင်း ရဲတပ်သားတစ်ဦး ပါဝင် ကြောင်း ကင်ညာ ရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးရေးမှူးချုပ် ဒေးဗစ်ကီမိုင် ယိုက ပြောသည်။

ယင်းတိုက်ခိုက်မှု ဖြစ်ပွားစဉ် ဒေသခံများစွာသည် အနီးအနားရှိ တောအုပ်များသို့ ထွက်ပြေးသွား ခဲ့ကြသည် ဟု ၎င်းကပြောသည်။

တိုက်ခိုက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ဦးမျှ မဖမ်းဆီးနိုင်သေးဟု ကီမိုင်ယိုကပြောသည်။

တိုက်ခိုက်မှုအတွင်း သေနတ်သမား အနည်းဆုံး ၃၀ ဦး ပါဝင်ခဲ့ပြီး မော်တော်ယာဉ်နှစ်စီး အသုံးပြုခဲ့သည် ဟု ဒေသခံများက ပြောသည်။

ကမ္ဘာ့ဖလားဘောလုံးပွဲကို ဒေသခံများ တီဗီဖန်သားပြင်မှ ကြည့်ရှုနေကြစဉ် ဇွန်လ ၁၅ ရက် ဒေသစံတော် ချိန် ည ၈ နာရီခွဲတွင် တိုက်ခိုက်မှု စတင်ဖြစ်ပွားပြီး တိုက်ခိုက်ရေးသမားများသည် ကားတစ်စီးကို ပြန်ပေး ဆွဲ၍ ယင်း မြို့ရှိ နေရာများစွာကို တိုက်ခိုက် ရာတွင် အသုံးပြုခဲ့သည်ဟု ဒေသ ခံများက ပြောကြားကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။

မျက်နှာများ ဖုံးကွယ်ထား သည့် သေနတ်သမားများက ဒေသဆိုင်ရာရဲစခန်းကို ဖောက်ခွဲရေးပစ္စည်း များဖြင့် တိုက်ခိုက်ကြပြီး လက်နက်များစွာ ခိုးယူခဲ့ကြသည် ဟု မျက်မြင်သက်သေများက ပြောသည်။ 


 —Ref: Reuters
7Day Daily
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...