ထိုင်းနယ်စပ်ရှိ မြန်မာ-ဒုက္ခသည် တစ်သိန်းကျော် နေရပ်သို့ပြန်ပို့နိုင်ရေး ဆွေးနွေးမည်

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ သို့ ထိုင်းပြည်တွင်းလုံခြုံရေးတာ ၀န်ရှိသူများ၊ မြန်မာဒုက္ခသည်စ ခန်းများ တည်ရှိရာ ခရိုင်လေးခု ဒေသဆိုင်ရာကွပ်ကဲရေးမှူးများ၊ ထိုင်းပြည်ထဲရေးဌာနမှ တာဝန်ရှိ သူများ၊ UNHCR မှ တာဝန်ရှိသူ များအပါအ၀င် အရပ်ဘက်အဖွဲ့ အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ဆွေးနွေးနေကြောင်း သတင်းရရှိသည်။ ‘‘၀န်ထုပ်ဝန်ပိုးဖြစ်တာလို့ ဆိုတယ်။ နှစ် ၃၀ ရှိပြီလေ’’ ဟု အ ဆိုပါဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သူ မန်းမျိုးမြင့်(မီဒီယာ)ကပြော သည်။
ထိုင်းစစ်တပ်သည် အာဏာ သိမ်းပြီးနောက် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် အထောက်အထား မရှိသော ရွှေ့ ပြောင်းလုပ်သားများအား စစ်ဆင် ရေးတစ်ခု သဖွယ် ပြုလုပ်ပြီး နောက်မကြာသေးမီ ရက်ပိုင်းက ဖမ်းဆီးမှုများ ပြုလုပ် ခဲ့သည်။ ဆွေးနွေးပွဲသို့ တက်ရောက် နေသူများထဲမှ ထိုင်းအစိုးတာဝန် ရှိသူများနှင့် UNHCRမှ တာဝန်ရှိ သူများသည် ဇွန်လ ၁၈ရက်တွင် အကြီးဆုံး ဒုက္ခသည် စခန်းဖြစ် သော မဲလဒုက္ခသည် စခန်းသို့သွား ရောက်လေ့ လာခဲ့ကြောင်း မန်းမျိုး မြင့်ကပြော သည်။
ကရင်အမျိုးသား အစည်းအ ရုံး(KNU)နှင့် မြန်မာ အစိုးရတို့ ကြား အပစ်အခတ်ရပ်စဲရေးလက် မှန်ရေး ထိုးထားသည်မှာ ၂နှစ် ကျော်ပြီဖြစ်သော်လည်း ဒုက္ခ သည်များအနေဖြင့် နေရပ်သို့ မပြန်နိုင်ကြသေးပေ။ အဆိုပါဆွေးနွေးပွဲကို ဇွန် လ ၁၉ရက်တွင်အပြီးသတ်ဆွေး နွေးမည်ဖြစ်ပြီး ဆုံးဖြတ်ချက်တစ် ခုချသွား မည်ဖြစ်သည်။
7Day News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)