ကျကျန်ခဲ့တဲ့ အရာတွေ။
မိန်းကလေးတယောက်ဟာ လူစည်ကားတဲ့ဈေးတန်းတခုကို ဆိုင်ကယ်စီးပြီး ဖြတ်ပါတယ်။ အဲဒီမှာ ဈေးခြင်းတောင်းဆွဲထားတဲ့ အဒေါ်ကြီးတစ်ဦးနဲ့ မျက်နှာချင်းဆိုင်မိတယ်။ လမ်းကကျဉ်း ဈေးကလည်း စည်းကားတာမို့ ရှောင်ပေမယ့် အဒေါ်ကြီးရဲ့ဈေးခြင်းတောင်းကို ဆိုင်ကယ်လက်ကိုင်နဲ့ ချိတ်လိုက်မိပါ တယ်။ အဒေါ်ကြီးလက်ထဲကနေ ဈေးခြင်းတောင်းလွတ်ကျသွားခဲ့တယ် ။ မိန်းကလေးက ဆိုင်ကယ်ပေါ် ကနေ အဒေါ်ကြီးကို လှည့်ကြည့်လိုက်ပါတယ်။ ဈေးခြင်းတောင်းက ကျသွားတယ် ဆိုပေမယ့် ခြင်းတောင်းထဲက အရာတွေ အပြင်ကိုထွက်မကျခဲ့ပါဘူး။ ဒါကိုဘာမှမဖြစ်ဘူးဆိုပြီး မိန်းကလေးက ဆိုင်ကယ်စီးပြီး ထွက်သွားဖို့ပြင်ပါတယ်။
အဲဒီမှာ အဒေါ်ကြီးကလှမ်းအော်ပါတယ်.........
"မိန်းကလေး ... မိန်းကလေးရဲ့ ပစ္စည်းကျခဲ့ပြီ"
မိန်းကလေးက သူ့ပစ္စည်းတခုခု ပြုတ်ကျသွားတယ်အထင်နဲ့ ဆိုင်ကယ်ချက်ချင်းရပ်ပြီး မေးပါတယ်။
"ကျမရဲ့ဘာပစ္စည်းများ ကျခဲ့သလဲ"
"မိန်းကလေးရဲ့ လူတွေမှာရှိသင့်တဲ့ ရည်မွန်ခြင်း ကျခဲ့ပါတယ်" လို့ အဒေါ်ကြီးက ပြန်ပြောပါတယ်။
အဖြစ်အပျက်ထဲက အဒေါ်ကြီးရဲ့စကားက အဓိပ္ပာယ်လေးနက်လွန်း ပါတယ်။ အခုခေတ် လူတွေ ကိုတွေးတောစရာတွေပေးတယ်။ လုပ်စရာတွေနဲ့ အမြဲအလုပ်များနေတဲ့ နေ့စဉ်ဘဝတွေထဲမှာ ကျွန်တော် တို့ဟာ ခန္ဓာကိုယ်ပေါ်မှာ ပစ္စည်းအချို့ကိုဆောင်ထားဖို့ မမေ့ခဲ့ကြပါဘူး။ ကျွန်တော်တို့ ဆောင်ထားဖို့ မမေ့တဲ့အရာတွေက ဖုန်း၊ ကွန်ပြူတာ ၊ လက်ကိုင်အိတ် ၊.....စတာတွေဖြစ်တယ်။ ဒါပေမယ့် ဒီထက်ပို အရေးပါတဲ့ ဒြပ်မဲ့အရာတချို့ကိုတော့ ခန္ဓာကိုယ်ပေါ်ဆောင်ထားဖို့ ကျွန်တော်တို့မေ့နေခဲ့ကြတယ်။ တခါ တလေမှာ ကိုယ့်ကိုယ်ကို ဒါမှမဟုတ် သူတစ်ပါးကိုကျွန်တော်တို့ သတိပေးသင့်ပါတယ်။
သင့်ရဲ့ရည်မွန်ခြင်းကျကျန်ခဲ့ပြီ
သင့်ရဲ့မေတ္တာစိတ် ကျကျန်ခဲ့ပြီ
သင့်ရဲ့ ကိုယ့်ကိုယ်ကို ချိုးနှိမ်စိတ် ကျကျန်ခဲ့ပြီ
သင့်မျက်နှာပေါ်က အပြုံးကျကျန်ခဲ့ပြီ
သင့်ရဲ့မျှတစိတ်ကျကျန်ခဲ့ပြီ
သင့်ရဲ့ပျော်ရွှင်ခြင်း ကျကျန်ခဲ့ပြီ
သင့်ရဲ့ခွင့်လွှတ်စိတ် ကျကျန်ခဲ့ပြီ
သင့်ရဲ့ အကောင်းမြင်စိတ် ကျကျန်ခဲ့ပြီ
ကျွန်တော်တို့ သတိမထားမိချိန်မှာ ကျွန်တော်တို့ဆီက ပစ္စည်အချို့ အမြဲကျကျန်နေခဲ့ပြီလား ။ အမြန်ပြန်ပြီး ကောက်ယူလှည့်ပါ..။
----------
နိုင်းနိုင်းစနေရဲ့ စာအုပ်ထဲက ဒီစာလေးကို သဘောကျလို့ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
နည်းစနစ်ကျကျအတွေးအခေါ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)