ကိုယ်ပိုင်စီးပွား လုပ်ဖို့ ကြိုးစားခဲ့သူ တစ်ယောက် ဖြစ်ရပ်



ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးဟာ နယူးယောက် မြို့မှာ နေထိုင်ပါတယ်။ Humans of New York ရဲ့ အင်တာဗျူးမှာ သူမ ယခုလို ဖြေကြား ထားပါတယ်။

'ကျမ အသက် ၁၆ နှစ်ကတည်းက ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့အတွက် အင်မတန် အားသန်သူပါ။ သို့ပေ မယ့် လွန်ခဲ့တဲ့ နှစ်နှစ်ကမှ စတင် အကောင်အထည် ဖော်ဖြစ်တယ်။ စားဝတ်နေရေးအတွက် အလုပ် လုပ်နေရတာ ကြောင့်လည်း ပါဝင်တာပေါ့။ တစ်ယောက်တည်း မဟုတ်ပါဘူး။ အခင်ဆုံး သူငယ်ချင်းနဲ့ အတူ တိုင်ပင် ဖြစ်တယ်။ သူနဲ့ ညနေ ရုံးဆင်းချိန်တိုင်းတွေ့ပြီး နေ့တိုင်း အိုင်ဒီယာတွေ မျှဝေတယ်။ Plan တွေဆွဲတယ်။ အတူတူ အိုင်ဒီယာ ထုတ်တယ်။ ခေါင်းစားတယ်။ စလုပ်လို့ရလောက်မယ့် အနေအထား ရောက်လု နီးနီး မှာပေါ့။ အလုပ်မအားနဲ့ အခြားအကြောင်း အမျိုးမျိုးကြောင့် တွေ့တဲ့ ရက်တွေ ကြဲလာ တယ်။ ၂ နှစ် တစ်ခါ ကနေ ၃ ရက် တစ်ခါ၊ ၃ ရက် တစ်ခါ ကနေ ၅ ရက် တစ်ခါ။ နောက်တော့ ၁၀ ရက် တစ်ခါ၊ တစ်လ တစ်ခါ ကနေ လုံးဝ မတွေ့ဖြစ် ကြတော့ဘူး။

တစ်နှစ်ကြာသွားတဲ့အချိန် သတင်းစာထဲမှာ မထင်မှတ်ပဲ သူ့ကို တွေ့လိုက်တယ်။ ကျမနဲ့ တစ်ချိန်တုန်းက အတူတူ ဆွဲခဲ့တဲ့ စီမံကိန်းတွေကို အသုံးချပြီးတော့ သူမဟာ အောင်မြင်ကျော်ကြား သွားတာကို မြင်လိုက် ရတယ်။ ကျမလည်း ဘာမှ မပြောနိုင်တော့ပါဘူး။'


အောင်ခမ်း (ရိုးရာလေး)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...