ဆုတောင်းသူများ

Photo: ဆုတောင်းသူများ

တစ်ခါက သူငယ်ချင်းနှစ်ယောက်ဟာ သင်္ဘောပျက်ရင်းနဲ့ ကျွန်းလေးတစ်ကျွန်းပေါ်ရောက်သွားတယ်။ အဲဒီကျွန်းလေးဟာ အလွန်သေးပြီးတော့ ရေလဲမရှိ အပင်လဲမရှိတဲ့ ကျောက်ဆောင်ကျွန်းလေးတစ်ခုပဲ။
ဒါနဲ့ သူငယ်ချင်းနှစ်ယောက်ဆုတောင်းကြမယ်ဆိုပြီး ဆုတောင်းတယ်။ သူတို့နှစ်ယောက်လုံး ဘာဆုတောင်းတယ်ဆိုတာ မပြောကြဘူး။ ဒါနဲ့ပထမ တစ်ယောက်က စားစရာလိုချင်တယ်လို့ဆုတောင်းတယ်။ နောက်နေ့ကျတော့ ကျွန်းမှာ အသီးတွေ သီးတဲ့အပင်ကြီးပေါက်ပြီး အသီးတွေသီးနေတယ်။ သူတို့လဲ စားကြတယ်။

နောက်တော့ ပထမတစ်ယောက်ကဘဲ မိန်းမလိုချင်တယ်လို့ ဆုတောင်းတယ်။ နောက်နေ့ကျတော့ သင်္ဘောပျက်ပြီး မိန်းမတစ်ယောက်ရောက်လာတယ်။ပထမ တစ်ယောက်က မိန်းမကို လက်ထပ် လိုက်တယ်။

အဲဒီသူကပဲ ရတနာတွေ လိုချင်တယ်လို့ ဆုတောင်းလိုက်တယ်။ နောက်နေ့မှာ များပြားလှတဲ့ ရတနာတွေဟာ ပုံအောပြီး ကမ်းခြေမှာ အပြည့်ဖြစ်နေတယ်။

ပထမတစ်ယောက်ကပဲ 
သင်္ဘောကြိးတစ်စီး လိုချင်တယ်လို့ ဆုတောင်းတယ်။ နောက်နေ့ကျတော့ ရွင်လွှင့်ဖို့ အဆင်သင့်ဖြစ်နေတဲ့ သင်္ဘောကြီးကိုတွေ့လိုက်ရတယ်။ ဒါနဲ့ သူလဲ သူ့မိန်းမရယ် ရတနာတွေရယ်ကို သင်္ဘောပေါ်တင်ပြီးတော့ ထွက်ဖို့ပြင်တယ်။ အဲဒီအချိန်မှာပဲ အဲဒီကျွန်းက နတ်သားပေါ်လာတယ် " မင်းဘာလို့ မင်းသူငယ်ချင်းကို ထားခဲ့ရတာလဲ "
ပထမတစ်ယောက်ကလဲ " ဒါတွေအားလုံးဟာ ကျွန်တော်ဆုတောင်းလို့ ဖြစ်လာတာတွေအားလုံးပဲ သူ့ရဲ့ ဆုတောင်းတွေဟာ တစ်ခုမှ မပြည့်ဘူး ဒါကြောင့်ထားခဲ့တာ "
နတ်သားက " မင်းမှားနေပြီ တကယ်တော့ ငါက ဒုတိယတစ်ယောက် တောင်းတဲ့ဆုကို ဖြည့်ဆည်းပေးရတာ မင်းက ကောင်းမှု ကုသိုလ်လုံးဝမရှိလို့ မင်းဆုတောင်းတွေ မပြည့်နိုင်ဘူး "
ပထမတစ်ယောက်လဲ ခေါင်းစားသွားတယ်။ သူဆုတောင်းတာတွေ ပြည့်ပါတယ်ပေါ့။ဒါနဲ့သူက သူ့သူငယ်ချင်းက ဘာဆုတွေတောင်းလဲ ဆိုတာ သိချင်လာတယ်။

နတ်သားက
" မင်းသူငယ်ချင်းဘာဆုတောင်းလဲ သိလား မင်းဆုတောင်းတွေ ပြည့်ပါစေဆိုပြီး ဆုတောင်းခဲ့တာကွ "

မောင်စိုင်း

တစ်ခါက သူငယ်ချင်းနှစ်ယောက်ဟာ သင်္ဘောပျက်ရင်းနဲ့ ကျွန်းလေးတစ်ကျွန်းပေါ်ရောက်သွားတယ်။ အဲဒီကျွန်းလေးဟာ အလွန်သေးပြီးတော့ ရေလဲမရှိ အပင်လဲမရှိတဲ့ ကျောက်ဆောင်ကျွန်းလေးတစ်ခုပဲ။
ဒါနဲ့ သူငယ်ချင်းနှစ်ယောက်ဆုတောင်းကြမယ်ဆိုပြီး ဆုတောင်းတယ်။ သူတို့နှစ်ယောက်လုံး ဘာ ဆုတောင်းတယ်ဆိုတာ မပြောကြဘူး။ ဒါနဲ့ပထမ တစ်ယောက်က စားစရာလိုချင်တယ်လို့ ဆုတောင်း တယ်။ နောက်နေ့ကျတော့ ကျွန်းမှာ အသီးတွေ သီးတဲ့အပင်ကြီးပေါက်ပြီး အသီးတွေသီးနေတယ်။ သူတို့လဲ စားကြတယ်။

နောက်တော့ ပထမတစ်ယောက်ကဘဲ မိန်းမလိုချင်တယ်လို့ ဆုတောင်းတယ်။ နောက်နေ့ကျတော့ သင်္ဘောပျက်ပြီး မိန်းမတစ်ယောက်ရောက်လာတယ်။ပထမ တစ်ယောက်က မိန်းမကို လက်ထပ် လိုက် တယ်။

အဲဒီသူကပဲ ရတနာတွေ လိုချင်တယ်လို့ ဆုတောင်းလိုက်တယ်။ နောက်နေ့မှာ များပြားလှတဲ့ ရတနာတွေဟာ ပုံအောပြီး ကမ်းခြေမှာ အပြည့်ဖြစ်နေတယ်။

ပထမတစ်ယောက်ကပဲ သင်္ဘောကြိးတစ်စီး လိုချင်တယ်လို့ ဆုတောင်းတယ်။ နောက်နေ့ကျတော့ ရွင် လွှင့်ဖို့ အဆင်သင့်ဖြစ်နေတဲ့ သင်္ဘောကြီးကိုတွေ့လိုက်ရတယ်။ ဒါနဲ့ သူလဲ သူ့မိန်းမရယ် ရတနာတွေ ရယ်ကို သင်္ဘောပေါ်တင်ပြီးတော့ ထွက်ဖို့ပြင်တယ်။ အဲဒီအချိန်မှာပဲ အဲဒီကျွန်းက နတ်သားပေါ်လာတယ် " မင်းဘာလို့ မင်းသူငယ်ချင်းကို ထားခဲ့ရတာလဲ "

ပထမတစ်ယောက်ကလဲ " ဒါတွေအားလုံးဟာ ကျွန်တော်ဆုတောင်းလို့ ဖြစ်လာတာတွေ အားလုံးပဲ သူ့ရဲ့ ဆုတောင်းတွေဟာ တစ်ခုမှ မပြည့်ဘူး ဒါကြောင့်ထားခဲ့တာ "

နတ်သားက " မင်းမှားနေပြီ တကယ်တော့ ငါက ဒုတိယတစ်ယောက် တောင်းတဲ့ဆုကို ဖြည့်ဆည်းပေး ရတာ မင်းက ကောင်းမှု ကုသိုလ်လုံးဝမရှိလို့ မင်းဆုတောင်းတွေ မပြည့်နိုင်ဘူး"

ပထမတစ်ယောက်လဲ ခေါင်းစားသွားတယ်။ သူဆုတောင်းတာတွေ ပြည့်ပါတယ်ပေါ့။ ဒါနဲ့သူက သူ့သူငယ်ချင်းက ဘာဆုတွေတောင်းလဲ ဆိုတာ သိချင်လာတယ်။

နတ်သားက " မင်းသူငယ်ချင်းဘာဆုတောင်းလဲ သိလား မင်းဆုတောင်းတွေ ပြည့်ပါစေဆိုပြီး ဆုတောင်း ခဲ့တာကွ"


မောင်စိုင်း
နည်းစနစ်ကျကျအတွေးအခေါ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...