ညီအစ်ကို မောင်နှမ (၄)ဦး မင်္ဂလာပွဲကို တစ်ပြိုင်တည်း ကျင်းပပြုလုပ်

အေသင်အောင်
အမေရိကန်ပြည်ထောင်စု၊ စိန်ဂျော့မြို့မှာနေထိုင်တဲ့ မိသားစု တစ်စုဟာ ထူးခြားတဲ့ မင်္ဂလာပွဲ တစ်ခုကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ကီဗင်နဲ့ မာရီယာ ဖွန်တီနီတို့ ဇနီးမောင်နှံမှာ သားသမီးခြောက်ဦးရှိပါတယ်။ အဲဒီ သားသမီးခြောက်ဦးထဲက လေးဦးဟာ မင်္ဂလာပွဲကို တစ်ပြိုင်တည်း ကျင်းပပြုလုပ် သွားခဲ့ပါတယ်။ မင်္ဂလာ ပွဲတစ်ပွဲ ပြုလုပ်ရာမှာ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ အတွက် အလွန်အလုပ်များလေ့ ရှိပါတယ်။ ညီ အစ်ကို မောင်နှမလေးဦး မင်္ဂလာပွဲကို တစ်ပြိုင်တည်း ကျင်းပခဲ့လို့ ကီဗင်နဲ့ မာရီယာ ဖွန်တီနီတို့ ဇနီးမောင်နှံဟာ ဧည့်သည်တွေကို မမောတမ်း နှုတ်ဆက်ခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ သမီးသုံးဦးနဲ့ သားတစ်ဦးဟာ လက်ထပ် မင်္ဂလာပွဲကို တစ်ပြိုင်နက် ကျင်းပခြင်း ဖြစ်ပြီး မင်္ဂလာပွဲမှာပါဝင်သူ ဂရေ့စ်က မိသားစု အများစုဟာ ဒီလိုမျိုး ဘယ်သူမှ လုပ်မှာ မဟုတ်ပါဘူး။ အားလုံး အကူအညီပေးခဲ့လို့ လုပ်နိုင်ခဲ့ တာ ဖြစ်ပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။ မိခင်ဖြစ်သူ မာရီယာဖွန်တီနီက သမီးဖြစ်သူတွေရဲ့ ခင်ပွန်း လောင်းသစ်တွေနဲ့ ကြုံတွေ့ရမှာ ဖြစ်ကြောင်း၊ ကလေးတွေ အတွက် အကောင်းဆုံး လုပ်ပေးခွင့် ရလို့ ကျေနပ်မိကြောင်း ပြောကြားသွားခဲ့ပါတယ်။ မင်္ဂလာပွဲကို လူအများအပြား တက်ရောက်နိုင်ဖို့ နေရာ ထိုင်ခင်းကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။