မျက်မှန် လှလှတပ်ကြမယ်

လူနေမှုအဆင့် တိုးတက်ခေတ်မီ လာသည်နှင့်အမျှ၊ ကွန်ပြူတာ၊ ဂိမ်း၊ အင်တာနက် iPhone, iPad, Tablet, စသည်ဖြင့် မျက်စေ့ အားစိုက်ထုတ်ရသော ဖျော်ဖြေမှုပစ္စည်းများကို သင့်တင့်ေ သာဈေးဖြင့် လူတိုင်းနီးပါး သုံးနိုင်လာကြပါပြီ။ ဒါကြောင့်လည်း ယခုအခါ ကလေး/လူကြီး ၁၀ ဦးတွင် ၆ ဦးနီးပါးခန့် ဆေးမျက်မှန်(ပါဝါမျက်မှန်)များ တပ်ဆင်နေကြရပါတယ်။
အချို့ ကလည်း မျက်မှန်တပ်မှ စတိုင်လ်ကျသည်ထင်၍ အလှမျက်မှန် တပ်ဆင်ကြသလို၊ အချို့ကလည်း မဖြစ်မနေ ဆေးမျက်မှန် တပ်ရမည်ကိုပင် ရှက်ရွံ့ နေတတ်ကြပါတယ်။ မျက်မှန်တပ်၍ အရုပ် ဆိုးအကျည်း မတန်စေပါ။ မိမိမျက်နှာနဲ့  လိုက်ဖက်အောင်ရွေး ချယ်တတ်ပါက၊ စတိုင်လ်ကျ နပြီး အများအလယ် ထင်ပေါ်နေဦးမှာပါ။
ဆိုင်ရောက်တဲ့အခါ ရွေးချယ်စရာမျက်မှန်ကိုင်း(ဂိုင်း)တွေကများမှများ။ မျက်နှာနဲ့ လိုက်ဖက်အောင် ဘယ်လိုရွေးချယ်ရပါ့မလဲနော် ?
# ဘဲဥပုံ မျက်နှာပိုင်ရှင်များအတွက် ဘယ်ကိုင်း(ဂိုင်း)နဲ့ မဆိုလိုက်ဖက်၍ ကြိုက်ရာကိုသာ စိတ်ချဝယ် လိုက်ပါ။
# မျက်နှာဝိုင်းသူများအတွက် အများအမြင်မှာ မျက်နှာသေးသွယ်သယောင်ထင်ရအောင် လေးထောင့် ကျကျ (ထောင့်မှန် စတုဂံ) ပုံ မျက်မှန်ကိုင်း(ဂိုင်း)ကို ရွေးချယ်ပါ။
# မျက်နှာ ဆယ်ပြားစေ့ (လေးထျောင့်ကျသူ) များအတွက် အ၀ိုင်း(သို့ မဟုတ်)ဘဲဥပုံ ကိုင်း(ဂိုင်း) ကို ရွေးချယ်ပေးပါ။
# တြိဂံပုံ မျက်နှာပိုင်ရှင်များကတော့ စတိုင်လ်တမျိုးနဲ့ ပေါ်လွင်စေရန် လှည်းဘီးပုံကိုင်း(ဂိုင်း)ကြီးကြီး ကိုသာ သုံးပါ။
မျက်မှန်ကိုင်း(ဂိုင်း) ကတော့ဟုတ်ပါပြီ။ အရောင်ကရော ရွေးဖို့ ခက်နေပါလား ?
# မျက်လုံးအပြာရောင် ပိုင်ရှင်များက အပြာ-မီးခိုး-ခရမ်းရောင် မျက်မှန်ကိုင်း(ဂိုင်း) ကိုဝယ်ပါ။
# မျက်လုံးအစိမ်းရောင် ပိုင်ရှင်များက အစိမ်း-ခရမ်း-ပန်းဆီရောင် ကိုင်း (ဂိုင်း) နှင့်အလိုက် ဖက်ဆုံးပါ။
# မျက်လုံးအညိုရောင် ပိုင်ရှင်များက ကြေးနီရောင်-အညို-အနက်ရောာင် မျက်မှန်ကိုင်း(ဂိုင်း) ကိုရွေးလိုက် ပါ။
# အနက်ရောင်မျက်ဝန်း ပိုင်ရှင်များက ငွေရောင်-ရွှေရောင်-အနက်-ပန်းသွေးရောင် ကိုင်း(ဂိုင်း) ကိုသာ ၀ယ်လိုက်ပါ။
# အသားဖြူသူတွေက မျက်မှန်ကိုင်း အရောင်ရင့်ရင့်ဖြင့် လိုက်ဖက်ပြီး၊ အသားညိုသူများကတော့ အရောင်ဖျော့တဲ့  ကိုင်း(ဂိုင်း) ဖြင့် ဆွဲဆောင်မှုရှိစေပါတယ်။
# အညိုရောင်(သို့ မဟုတ်)အနက်ရောင် ဆံပင်ပိုင်ရှင်များအတွက် အမည်းရောင် နှင့် Navy (ခေါ်) ကွန်ပြူတာအပြာရောင် ကိုင်း(ဂိုင်း)တို့ ဖြင့် အလှသွေးကြွယ်စေမှာပါ။
အရေးကြီးဆုံး တစ်ချက်ကတော့….မျက်မှန်ကိုင်းလှလှတော့ရပါပြီ မျက်စေ့ပါဝါ မတော်ရင်မျက်ရည် ပူကျ ခေါင်းကိုက်နှင့်နောက် ဆက်တွဲပြသနာတွေ ဖြစ်လာတတ်လို့ ၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် (သို့ မဟုတ်) ကျွမ်းကျင်သူပညာရှင်နဲ့  စစ်ဆေးခံယူပြီး၊ တီဗွီကြည့်/ ကွန်ပြူတာရိုက်/ ညဘက် ကားမောင်း အားလုံးအတွက် အထူးသင့်တော်တဲ့  anti-reflective coatings ဆိုတဲ့ မှန်ကိုသာ အသုံးပြုကြပါ။ မျက် မှန်လှလှရဘို့  တိုင်ပင်ရအောင် သူငယ်ချင်းတစ်ယောက်လောက် အဖော်ခေါ် သွားပြီး၊ အေးအေးဆေး ဆေးရွေးဝယ်နော်။
(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
ကိုးကား (Daily Health Tips - Eyeglasses)
--
promise.pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)