ကျန်းမာဖို့ ချမ်းသာဖို့


ဖူးကျော်ဇင် (Future Wave)

အောင်မြင်ပြည့်စုံတဲ့ ဘ၀တစ်ခုရရှိဖို့ လူသားတိုင်းဟာ ကျန်းမာခြင်းနဲ့ ချမ်းသာခြင်း နှစ်မျိုးလုံး ပြည့်စုံနေဖို့ လိုအပ်ပါတယ်။ တချို့က ကျန်းမာရေး အထူးကောင်းမွန်ပေမယ့် ခက်ခဲဆင်းရဲပြီး ဘ၀ကို မပြည့်မစုံနဲ့ ရုန်းကန်ဖြတ် သန်းနေကြရပါတယ်။ တချို့ကြပြန်တော့ ငွေကြေးဓန ဥစ္စာတွေ ပြည့်စုံပေမယ့် ကျန်းမာရေး အရ ချို့တဲ့ကာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြရပါတယ်။ ပိုဆိုးတာကတော့ ကျန်းမာရေးလည်း မကောင်း၊ ငွေကြေးလည်း မပြည့်စုံတဲ့ ဘ၀မျိုးပေါ့။ ဒါကြောင့် လူတစ်ယောက်ဟာဘ၀မှာ ပျော်ရွှင်ဖို့ဆိုရင် ကျန်းမာခြင်းရော ချမ်းသာခြင်းပါ နှစ်မျိုးစလုံး ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ဒီနှစ်မျိုးထဲကတစ်ခုခု ချို့ယွင်းနေပြီ ဆိုရင်တော့ ပျော်ရွှင်တဲ့ဘ၀ကို မရရှိနိုင်ပါဘူး။

ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ငြိမ်းချမ်းပျော်ရွှင်ပါစေလို့ ကျွန်တော်တို့အမြဲ တမ်းဆုတောင်းလေ့ရှိပါတယ်။ လူကြီးသူမတွေကလည်း ဆုတောင်းပေးလေ့ ရှိပါတယ်။ ကျန်းမာခြင်းရောချမ်းသာခြင်းပါ ပြည့်စုံပါမှ ဘ၀မှာ ငြိမ်းချမ်းပျော်ရွှင်မှာ ပါ။ ဆင်းရဲချို့တဲ့တဲ့ဘ၀ဟာ ဘယ်လိုမှ မငြိမ်းချမ်းနိုင်ပါဘူး။ စားဝတ်နေရေးအ တွက်၊ ငွေရေးကြေးရေးအတွက် အမြဲ ပူပင်သောကရောက်နေရမှာပါ။ မကျန်း မာတဲ့ဘ၀၊ အနာရောဂါ ထူပြော နေရတဲ့ ဘ၀ဟာလည်း ငြိမ်းချမ်းပျော်ရွှင်မှု မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လည်း ကျန်းမာဖို့၊ ချမ်းသာ ဖို့ဆိုတဲ့ ဆုတောင်းဟာ လူသားတိုင်းရဲ့ ဘ၀ အတွက် သိပ်ကိုအရေးကြီးတဲ့အရာပဲပေါ့။

ကျန်းမာဖို့ ချမ်းသာဖို့ဆိုရင် ဆုတောင်းနေရုံနဲ့ မပြီးပါဘူး။ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်သလို ချမ်းသာရေးနဲ့ တိုးတက်အောင် မြင်ရေးကိုလည်း အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။ လူတိုင်းဟာ ကျန်းမာ ချင်သလားလို့ မေးရင် ကျန်းမာချင်ကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးကို သေသေချာချာ ဂရုတစိုက်နဲ့ လေ့ လာလိုက်စားသလားလို့ မေးရင်တော့ အဖြေက “ဟင့်အင်း” ပါပဲ။ ကျန်းမာရေးကို ဂရုမစိုက်ရင် ကျန်းမာရေး ချို့တဲ့လာမှာ အသေချာပါပဲ။ ဒီလိုပါပဲ။ လူတိုင်းကို ချမ်းသာကြွယ်ဝ ချင်သလားလို့ မေးရင် ချမ်းသာချင်တယ်လို့ ဖြေမယ့် လူတွေ အများ ကြီးပါပဲ။ ချမ်းသာကြွယ်ဝဖို့အတွက် ကြိုးစားအားထုတ်နေ သလား လို့ မေးရင်တော့ အဖြေက မရေမရာပါပဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က လူတွေရဲ့ ကျန်းမာခြင်း နဲ့ ပတ်သက်လို့ လေ့လာချက်အရ ကမ္ဘာပေါ်မှာ ဒေါင်ဒေါင်မြည် ကျန်းမာသန်စွမ်း သူတွေဟာ ၅% ၊ မတ်တတ်နာ ရောဂါဝေဒနာသည်တွေ က ၇၅% နဲ့ နာတာ ရှည် ရောဂါဆိုးကြီးတွေ ခံစားနေရသူတွေက ၂၀% ရှိပါတယ်လို့ သိရှိရပါတယ်။

ကျန်းမာခြင်းနဲ့ပတ်သက်လို့ အခုလို လူတန်းစားသုံးမျိုးခွဲခြားနိုင်သလို ချမ်းသာခြင်းနဲ့ ပတ်သက်လာရင် လည်း လူတန်းစားသုံးမျိုးသုံးစား ခွဲခြားနိုင်ပါ တယ်။ ဒါကတော့ လူချမ်းသာ (Rich)၊ လူလတ်တန်းစား (Middle Class) နဲ့ ဆင်းရဲသူ (Poor) ပဲဖြစ်ပါတယ်။ ကျန်းမာရေးအရ လူတွေကို ရာခိုင်နှုန်းခွဲ သလိုပါပဲ။ ကမ္ဘာပေါ်မှာ လူချမ်းသာတွေဟာ ၅%၊ လူလတ်တန်းစားတွေက ၇၅% အများစု ဖြစ်ပြီး ဆင်းရဲမွဲတေပြီး အငတ် ဘေးဆိုက်နေသူတွေ ၂၀% ရှိနိုင်ပါတယ်။

ဒါကြောင့် လူနည်းစုသာ ကျန်းမာရေးကောင်းကြတယ်။ လူနည်းစု ကသာ ကြွယ်ဝချမ်းသာပြီး သူဌေး သူကြွယ်တွေ ဖြစ်ကြတယ်။ အများစုက တော့ ကျန်းမာခြင်းနဲ့ ချမ်းသာခြင်းမှာ ချို့တဲ့ကြတာကို တွေ့ရပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းဟာ ကျန်းမာချမ်းသာချင်ကြပေမယ့် အသေအချာ တစိုက်မတ် မတ် ကျန်းမာရေးလိုက်စားသူ၊ ချမ်းသာတိုး တက်ရေးကို လေ့လာလိုက်စားကြိုး ပမ်းသူတွေ နည်းပါးလို့ ပဲဖြစ် ပါတယ်။

လူတစ်ယောက်ကို ကျန်းမာအောင် ဘယ်အရာက လုပ်ဆောင် ပေးပါသ လဲ။ ဆေးဝါးတွေလား၊ အစား အစာတွေလား၊ဆရာဝန်တွေနဲ့ ဆေးရုံဆေးခန်းတွေ လား။ ဒါတွေတစ်ခုမှ မဟုတ်ပါဘူး။ လူတစ်ယောက် ကို ကျန်းမာစေတာဟာ သူ့ရဲ့ကျန်းမာရေးအသိပညာကသာ ဖြစ်ပါတယ်။ ကျန်းမာအောင် ဘယ်လို နေ ထိုင်ရမလဲ၊ ဘယ်လို စားသောက်ရမလဲ၊ ဘာတွေကို ရှောင်ကျဉ်ရမလဲ၊ ဘာတွေ ကိုဆောင်ရမလဲ စတဲ့ အသိဥာဏ်ပညာကသာ လူတစ်ယောက်ကို ကျန်းမာတဲ့ ဘ၀ကို အရောက်ပို့ ဆောင်ပေးမှာပါ။

အလားတူပါပဲ။ လူတစ်ယောက်ကို ချမ်းသာစေတာဟာလည်း ငွေတွေ မဟုတ်ပါဘူး၊ ရွှေတွေ၊ စတော့ တွေ၊ အိမ်မြေတွေ မဟုတ်ပါဘူး။ ချမ်းသာရေး အသိပညာသာလျှင် ဖြစ်ပါတယ်။ မိမိဘ၀တိုးတက်ချမ်းသာ အောင် ဘယ်လို ကြံဆောင်ရမလဲ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု အသိပညာတွေ၊ စီးပွားရေး အသိ ပညာတွေ ကသာ သူတစ်ယောက်ကို ချမ်းသာတဲ့ ဘ၀ကို ရောက်ရှိစေမှာဖြစ် ပါတယ်။ ငွေတွေ တစ်ပုံကြီးရှိပြီး ငွေကြေးနဲ့ စီးပွားရေး အသိပညာမရှိလို့ ဆင်းရဲ သွားတဲ့ သာဓကတွေ အများကြီးပါ။ ဒါကြောင့် ငွေတွေက လူကိုချမ်းသာအောင် လုပ်ပေးနိုင်တာမဟုတ်ပါဘူး။ အသိ ပညာကသာ လူတွေကို ချမ်းသာအောင် ဆောင်ကြဉ်းပေးမှာဖြစ်ပါတယ်။

ကျန်းမာဖို့နဲ့ ချမ်းသာဖို့ ဘယ်အရာက ပိုအရေးကြီးတယ်လို့ ထင်ပါလဲ။ အားလုံးသိပြီးတဲ့ အတိုင်းပါပဲ။ ကျန်းမာခြင်းဟာ လာဘ်တစ်ပါးပါပဲ။ လောကမှာ အရေးကြီးဆုံးက ကျန်းမာဖို့ပါပဲ။ လူတစ်ယောက်ဟာ ကျန်းမာသန်စွမ်းနေပြီ ဆိုလို့ရှိရင် အရာရာကို စွမ်းဆောင်ဖန်တီးနိုင်ပါတယ်။ ချမ်းသာအောင်လည်း လုပ်နိုင်တယ်။ အောင်မြင် တိုးတက်အောင်လည်း လုပ်ဆောင်နိုင်တယ်။ ကျန်းမာရေးချို့တဲ့နေရင် ဘာကိုမှာ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာခြင်းဟာ နံပါတ် (၁) အရေးကြီးဆုံးဖြစ်ပါ တယ်။

ဥပမာသာဓကလေးတစ်ခု တင်ပြပါရစေ။ ကျန်းမာခြင်းဟာ နံပါတ် (၁)ဆိုရင် ချမ်းသာခြင်း၊ ငွေကြေးပြည့် စုံခြင်း၊ တိုးတက်အောင်မြင်ခြင်း တွေဟာ (၁) အနောက်က “သုည” တွေ (၁,၀၀၀,၀၀၀...) ဖြစ်ပါတယ်။ ကျန်းမာခြင်း (၁) မရှိရင် ကြွယ်ဝချမ်းသာခြင်း “သုည” တွေ က ဘာတန်ဖိုးမှ ရှိမှာ မဟုတ်တော့ပါဘူး။ ဒီလိုပါပဲ။ ကျန်းမာခြင်း (၁) ရှိပြီး ချမ်းသာခြင်း “သုည” တွေမရှိရင်လည်း (၁) ရဲ့ တန်ဖိုးက (၁) ပါပဲ။ ပိုပြီး တန်ဖိုးတက်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီ (၁) ရှိနေရင် အချိန်မရွေး ချမ်းသာခြင်းဆိုတဲ့ “သုည” တွေ တစ်စီတစ်တန်းကြီး ဖြစ်လာအောင် ကြိုးစားလို့ရပါတယ်။

ကျန်းမာရေးချို့တဲ့နေရင် ဝေဒနာတွေ၊ နာကျင်မှုတွေ၊ ဆင်းရဲဒုက္ခ တွေ ခံစားရပါလိမ့်မယ်။ ငွေကြေးချို့တဲ့ နေရင်လည်း ဝေဒနာတွေ၊ နာကျင်မှုတွေ၊ ဆင်းရဲဒုက္ခတွေ ခံစားရမှာပါပဲ။ ဒါကြောင့် ကျန်းမာမချို့တဲ့ အောင် ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ ငွေကြေးမချို့တဲ့အောင် ချမ်း သာကြွယ်ဝရေးကို အထူးဂရုစိုက် ပါ။ ကျန်းမာရေးကိုလည်း လေ့လာ လိုက်စားဖို့လိုအပ်သလို ချမ်းသာကြွယ်ဝ အောင်မြင်ရေးကိုလည်း အထူး လေ့လာကြိုးစားအားထုတ်ဖို့ လိုပါတယ်။ ဒါမှလည်း ကျန်းမာခြင်း၊ ချမ်းသာခြင်းတွေနဲ့ ပြည့်စုံတဲ့ ငြိမ်းချမ်းပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Let's Fly Together!

ဖူးကျော်ဇင် (Future Wave)

Job Seekers Journal Vol.3,No.1 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...