အင်္ဂလန်နိုင်ငံရှိ ကောလိပ် ၅၇ ခု လိုင်စင် ရပ်နားခံရ
အင်္ဂလန်နိုင်ငံရှိ တချို့သော ကောလိပ် ၅၇ ခု ဗီဇာစည်းမျဉ်း လိုက်နာမှုမရှိသဖြင့် ၂၆ ဇွန်လတွင် တရား ဝင် လိုင်စင်မှ ရပ်နားခဲ့ကြောင်းကို BBC သတင်းဌာနမှ ဖေါ်ပြသွားကြောင်း Regent Consultancy Services Co.Ltd မှ တစ်ဆင့် သိရသည်။
“ဒီလို ကျောင်းဖွင့်ချိန် နီးမှ ဖြစ်ရတဲ့အတွက် အဆိုပါကောလိပ်တွေကို လျှောက်ထားမိသူ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေ အတွက်က တကယ် နစ်နာပါတယ်။ ဒါကြောင့် ယူကေ ပညာရေးကို တတ်မြောက် ကျွမ်းကျင် နားလည်တဲ့ ပညာရေး တိုင်ပင်ခံတွေကို တိုင်ပင်ပြီးမှ ခိုင်မာမှုရှိတဲ့ ကျောင်းတွေ ကိုသာ ရွေးချယ်လျှောက်ထား သင့်ပါတယ်”ဟု Regent Consultancy Services Co. မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အင်္ဂလန်နိုင်ငံရှိ ကောလိပ်များကို UKVI officers များမှစစ်ဆေးခဲ့ပြီး ကောလိပ် ၅၇ ခုကို လိုင်စင်မှ ရပ်နားခဲ့ကာ အဆိုပါကောလိပ် ၅၇ ခုစာရင်းကို the House ၏ စာကြည့်တိုက်တွင် ထုတ်ဖော်ထားမည် ဖြစ်ကြောင်းသိရသည်။ စကော့တလန်ရှိ Glyndwr University ကိုဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် the Home Office မှ “Highly-trusted sponsor” စာရင်းမှရပ်နားခဲ့ပြီး University of West London နှင့် University of Bedfordshire တက္ကသိုလ်နှစ်ခုကို နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများ လက်ခံခွင့် ကိုခေတ္တ ရပ်ဆိုင်းထားသည်။ လိုအပ်သော စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး အဆိုပါစစ်ဆေးမှုများတွင် ကောလိပ်အချို့နှင့် တက္ကသိုလ်အချို့ ပါဝင်ပတ်သက်လာပြီး စည်းမျဉ်းချိုးဖောက်မှု တစ်ချို့ကြောင့် “Highly-trusted sponsors” ကိုရပ်နားခံခဲ့ ရခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်မှစပြီး ယူကေဗီဇာ လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူတိုင်းသည် သင့်လျော်သော အင်္ဂလိပ်စာဝင်ခွင့် လက်မှတ်ကိုတင်ပြရန် တောင်း ဆိုခဲ့ပြီးယူကေ ဗီဇာလျှောက်ထားရန်အတွက် သတ်မှတ် ထားသော အင်္ဂလိပ်စာလက်မှတ် ထုတ်ပေး သောပညာရေး ကုမ္ပဏီ ၅ ခုမှ အင်္ဂလိပ်စာလက်မှတ်တွေကို လက်ခံပေးခဲ့သည်။ ထိုအထဲမှ အမေရိကန် နိုင်ငံ Education Testing Services (ETS) မှလက်မှတ်တွေနှင့် ပတ်သတ်ပြီး စစ်ဆေးရန်လိုအပ်လာပြီး ၄၈,၀၀၀ ကျော်နီးပါးမှာ အင်္ဂလိပ် ပြောနိုင်စွမ်းမရှိဘဲလက်မှတ်များကို တရားမဝင်နည်းလမ်းများဖြင့် ရ ထားခြင်းဖြစ်နိုင်သည် ဟုBBC သတင်းဌာနတွင် ဖေါ်ပြထားကြောင်းသိရသည်။
အင်္ဂလန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Mr. James Brokenshire မှကျောင်းသားဗီဇာကို အလွဲသုံး စားပြုမှုနှင့် စပ်လျဉ်း၍ the House ကိုအဆိုပြုချက်တစ်ခု ၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်ကတင်ပြခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Mr. James Brokenshire မှနေကျောင်းသားများက ဗီဇာကိုအလွဲသုံးစား ပြုထားခြင်း ဖြစ်နိုင်သောကြောင့် ယူကေနိုင်ငံမှ သေချာစုံစမ်းစစ်ဆေးမည်ဖြစ်ပြီး ဒါဟာပြစ်မှုမြောက် ကြောင်းကို BBC သတင်းတွင်ဖေါ်ပြခဲ့သည်။
"ထို ၄၈,၀၀၀ ကျော် လက်မှတ်များအနက် ၂၉,၀၀၀ ကျော်မှာတရားမဝင်ကြောင်း တွေ့ရပြီး ၁၉,၀၀၀ ကျော်လက်မှတ်များအတွက် မေးခွန်များရှိနေကြောင်းသိရှိရပါတယ်။ ဒီလိုပမာဏနဲ့ အလွဲသုံးစားလုပ် တာဟာ တကယ်ကိုထိတ်လန့်စရာ ကောင်းလှပါတယ်။ တကယ်လက်တွေ့မှာ ဒီထက်ပမာဏများနိုင်ပါ တယ်" ဟု Mr. Brokenshire ကပြောကြားခဲ့သည်။
ဖေဖေါ်ဝါရီလမှစတင်ကာ Immigration Enforcement Officers များက National Crime Agency ၏ အကူအညီနှင့် ကျောင်းသားဗီဇာများ၏ အင်္ဂလိပ်စာလက်မှတ်များကို စတင်ကာသေချာ စစ်ဆေးလာကြပြီး အချို့ကောလိပ်များမှာ လူဝင်မှုကြီးကြပ်ရေးက ချမှတ်ထားသော စည်းမျဉ်းတွေကို လိုက်နာခြင်းမရှိ သည် များကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့်ကောလိပ်တချို့နှင့် တက္ကသိုလ်များအား လူဝင်မှုကြီးကြပ်ရေးမှ ချမှတ် ထားသော စည်းမျည်းများအတိုင်းလိုက်နာမှုရှိ၊ မရှိကိုစစ်ဆေးခဲ့ပြီး အဆိုပါ ကိစ္စရပ်ကြောင့် ယူကေ ကျောင်းသား ဗီဇာကိုလျှောက်ထားရန် ETS (TOEFL) မှလက်မှတ်များကို လက်ခံပေးမှုကိုရပ်ဆိုင်း ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လိုင်စင် အပိတ်ခံရသော အင်္ဂလန်နိုင်ငံရှိ ကောလိပ် ၅၇ ခု
1. Alpha College
2. Alpha Meridian College
3. APS Computer Solutions TA Pitman Training Centre
4. Birmingham Institute of Education Training and Technology
5. Blake Hall College
6. Bloomsbury International UK
7. Bradford College of Management
8. Bradford Metropolitan College
9. Bristol College of Accountancy
10. Britain College
11. Central College London
12. Central College of Studies
13. Central Cranbrook College
14. Citizen 2000 Education Institute
15. City of London Academy
16. College of Advanced Studies
17. College of East London
18. College of Excellence
19. Cranford College
20. Essex College
21. Eynsford College
22. FBT (Finance Business Training)
23. Forbes Graduate School
24. Hammersmith Management College
25. Helios International College
26. IIM Bedford
27. Interlink College of Technology & Business Studies
28. Katherine & Kings College of London
29. Kinnaird College
30. LIT LON Ltd
31. London Academy of Management and Business
32. London College of Business Management and Computing Studies
33. London College of Finance and Accounting
34. London Corporate College
35. London Educators Ltd
36. London Premier College
37. London Regal College
38. London School of Advanced Studies
39. London School of Marketing t/a LS Business School
40. London School of Technology
41. London St Andrews College
42. LSBF (London School of Business and Finance)
43. Manchester College of Management Sciences
44.Manchester International College (International Learning Centre)
45. Manchester Trinity
46. Midlands Academy of Business and Technology
47. North West College Reading
48. Queensbury College
49. Shakespeare College
50. South London College
51. Stanfords College UK Ltd
52. Studio Cambridge
53. Superior College London
54. UK Business Academy
55. UK Vocational Training College t/a UK CAT
56. West George College
57. West London Business College
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)