ကင်ဆာဖြစ်စေသော သန်ကောင်များတွင် အနာကျက်စေနိုင်သော အစွမ်းရှိနေ

Health Updates Journal No. 121
အသည်းကို ပျက်စီးစေပြီး ကင်ဆာဖြစ်စေနိုင်တဲ့ သန်ကောင်များကို အနာမကျက်နိုင်တဲ့ ထိခိုက်ဒဏ်ရာ များမှာ အသုံးပြုနိုင်ကြောင်း သုတေသီတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဂျိမ်းကွတ်တက္ကသိုလ်မှ ကပ်ပါးပိုး ဗေဒဆိုင်ရာပညာရှင် (Michael Smout) ဟာ ဓာတ်ခွဲခန်းအတွင်းမှာ တက်ဒီဝက်ဝံရပ်လို့ နာမည်ပြောင်ပေးထားပြီး အသည်းတစ်ရှုးများကို ပျက်စီးစေတဲ့ သန်ကောင်ကြီးများကို အသုံးပြုခဲ့ပါတယ်။ ဒီသန်ကောင်ကြီးတွေဟာ အရှေ့တောင်အာရှဒေသရဲ့ အသည်းကင်ဆာဖြစ်ပွား မှုနှုန်းကို မြင့်မားစေတဲ့ လက်သည်များဖြစ်ပြီး သေချာစွာမချက်ပြုတ်ထားတဲ့ ငါးတွေကနေ ကူးစက်တွယ် ကပ်နိုင်ကြောင်း သိရှိရပါတယ်။ ဒီသန်ကောင်ကြီးတွေကြောင့် အသည်းကင်ဆာဖြစ်ပြီး သေဆုံးရသူဟာ ထိုင်းနိုင်ငံမှာနှစ်စဉ် နှစ်သောင်းခန့်ရှိကြောင်း Michael Smout ကပြောကြားထားပါတယ်။
ဒါပေမယ့် Michael Smout အသုံးပြုလေ့လာခဲ့တာကတော့ သန်ကောင်များစွန့်ထုတ်လိုက်တဲ့ အရည် (worm spit) မှာပါဝင်တဲ့ မော်လီ ကျူးတွေပဲ ဖြစ်ပါတယ်။ အရည်တွေဟာ အနာမကျက်နိုင်ဘဲ ရက်ကြာ နေတဲ့အနာတွေကို လျှင်မြန်စွာ ကျက်စေနိုင်တဲ့ မော်လီကျူး granulin ကို တိုးပွားစေမှာ ဖြစ်ပါတယ်။
““အသည်းမှာ အဲဒီအကောင်တွေဟာ ယင်းတို့ ဖာသာအသည်းကို အနာဖြစ်စေပြီး ပြန်ကျက်စေပါတယ်။ ခဏတာဆို မသိသာပေမယ့် ကြာလာရင် အသည်းကင်ဆာ ဖြစ်လာစေနိုင်ပါတယ်။အသည်းမှာမဟုတ်ဘဲ အခြားနေရာတွေမှာတော့ သန်ကောင်က စစ်ထုတ် လိုက်တဲ့ အရည်ကိုအသုံးပြုပြီး အနာကို လျှင်မြန်စွာ ကျက်စေနိုင်တဲ့ဆေးတွေကို ဖော်စပ်နိုင်ကြောင်း မိမိတို့ သက်သေပြနိုင်ခဲ့ပါတယ်လို့ Michael Smout က ရှင်းပြခဲ့ပါတယ်။
ဒီလေ့လာမှုဟာ အနာကျက်စေတဲ့အာနိသင်ကို လေ့လာမှုအပြင် အသည်းကင်ဆာ ဖြစ်ပွားမှုကို လျှော့ ချနိုင်ဖို့နဲ့ အသည်းကို ကူးစက်နိုင်တဲ့ သန်ကောင်ပိုးဝင်မှုကို ကာကွယ်ဖြစ်ပွားမှုကို လျှော့ချနိုင်ဖို့နဲ့ အသည်း ကိုကူးစက်နိုင်တဲ့ သန်ကောင်ပိုးဝင်မှုကို ကာကွယ်ဆေးဖော် နိုင်ဖို့ ရည်ရွယ်ထားတဲ့ သုတေသန ပရောဂျက်တစ်ခု ဖြစ်ပါတယ်။
ငြိမ်းအေး
ref: PTI
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)