ကြေးအိုး ချက်နည်း



ပထမဆုံး ပိုစ့်အနေနဲ့ မြန်မာပြည်မှာ ပေါ်ပြူလာ အဖြစ်ဆုံး ခေါက်ဆွဲပြုတ် တမျိုးဖြစ်တဲ့ ကြေးအိုးပြုတ်ကို ဘယ်လို လုပ်ကြမလဲဆိုတာ ဒီဘလောက်ခ့်ကနေ မျှဝေပေးလိုက်ပါတယ်။

လူတွေပြောလေ့ပြောထ ရှိတာက ကြေးအိုးက ဆိုင်မှာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ်မှုပါဘဲ။ စိတ်မ ပူပါနဲ့။ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ။ တထပ်တည်း မကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။ အသားလုံးတဲ့ အခါမှာလည်း တရုပ်မဆလာ ကြိုက် ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ၀ယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။ အနောက်နိုင်ငံက အသားတွေက ဖွာလန်လန်နဲ့ မြန်မာပြည်က အသားတွေနဲ့တော့ မတူတာ အမှန်ပါ။ ကြေးအိုးပြုတ်ပူပူလေးကို ချက်စား ရင်း အေးခဲလှတဲ့ ဆောင်းတွင်းမှာ ခံတွင်းမြိန်လို့ ပျော်ရွှင်နိုင်ကြပါစေ။

ကြေးအိုးချက်နည်း

ပါဝင်သော ပစ္စည်းများ

၁။ ကြက်ရိုး (သို.မဟုတ်) ၀က်ရိုး
၂၊ အူစုံ ၊ အသည်းစုံ
၃၊ တောက်တောက်စင်းထားသော အသား
၎၊ ငုံးဥ
၅၊ ပဲပြား
၆၊ မုန်ညင်းစိမ်း
ရ၊ ဆန်ပြား၊ ကြာဆံ
၈၊ ဘဲငန်းပျံ ငရုပ်ဆီ
၉၊ ရှာလကာရည်
၁၀။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ

ဟင်းရည်

အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်လို.ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊အချို လေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊

သတိပြုရန်မှာ- အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက် မထည့်ပါနဲ.။ အထူးသဖြင့်.... ဂျင်း၊ တရုပ်နံနံ လုံးဝမထည့်ရ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

၁၊ တောက်တောက် စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥအကာ (နှမြော လျှင် အနှစ်ပါထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်းတို.နှင့် နယ်ပြီး နှပ်ထားပါ၊

၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊

၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ် ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
(ဟင်းရည်ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)

၎၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထား

၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊

၆၊ ဆန်ပြား နှင့် ကြာဆံကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊

နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း

နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊

ပွဲပြင်နည်း

- သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊ တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
- အူစုံ အသည်းစုံထည့်
- ကြာဆံ (သို.) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်
- ပဲပြားထည့်
- ငုံးဥ ထည့်
- အရွက်စိမ်း နောက်ဆုံးမှ ထည့်
- ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ
- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ

အချဉ်ရည် ပြင်ဆင်နည်း

ငရုပ်သီး စိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်း ငယ် နှင့် ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနိုင်ပါပြီ။


Credit to ချက်ကြီးတို့မီးဖိုချောင်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...