တရုတ်သက်ကြီးရွယ်အိုများ မီးသဂြိုလ်မခံရဘဲ မြေမြုပ်သဂြိုလ် ခံရစေရန် သတ်သေကြ

တရုတ်နိုင်ငံ အန်ဟွိုင်းပြည်နယ် အစိုးရက သုဿာန်တွင် နေရာ မရှိတော့သည့် အတွက် ဇွန်လ ၁ ရက်နောက်ပိုင်းတွင် သုဿာန်များအားလုံး ပိတ်လိုက်တော့မည်ဟု ဧပြီလ ၁ ရက်တွင် ကြေငြာခဲ့သည်။



ထို့ကြောင့် ဇွန်လ ၁ ရက်နောက်ပိုင်း သေဆုံးသူများကို မီးသင်္ဂြိုဟ်သွားမည် ဖြစ်ကာ မြေမြှုပ်သင်္ဂြိုဟ်ခွင့် မပြုတော့ဟု အာဏာပိုင်များက ဆိုသည်။ ထိုသတင်းသည် တောနေ သက်ကြီးရွယ်အိုများအတွက် သတင်းဆိုး တစ်ရပ် ဖြစ်လာသည်။ မီးသင်္ဂြိုဟ် ခံရခြင်းသည် တရုတ်ထုံးတမ်းစဉ်လာ ယုံကြည်မှုနှင့် ဆန့်ကျင်နေသည့်အတွက် ကျေးလက်ဒေသမှ သက်ကြီးရွယ်အိုများ သည် မီးသင်္ဂြိုဟ် ခံရမည်ကို အလွန်ကြောက်လန့်ကြသည်။

ထို့အတွက် အချို့သော သက်ကြီးရွယ်အိုများသည် ဇွန်လ ၁ ရက်မတိုင်မီ မိမိကိုယ်မိမိ သတ်သေ သွားကြတော့သည်။

၉၇ နှစ်အရွယ် ၀ူလီဇူသည် မေလ ၁၂ ရက်တွင် မိမိကိုယ် မိမိ အဆုံးစီရင်သွားကာ ၈၇ နှစ်အရွယ် ဇန်ဝင်ယင်က မေလ ၁၃ ရက်တွင် ကြိုးဆွဲချ သတ်သေသွားခဲ့သည်။ အဘွားအို ဇန်ဝင်ယင်သည် သေကြောင်းကြံသည့်စာ ရေးသားခဲ့သည်။ မြေမြှုပ်သင်္ဂြီုလ်ခံရပါက ကောင်းမွန်သော သေဆုံးခြင်းဖြစ် သည့်အတွက် ကြိုးဆွဲချ သတ်သေသွားခဲ့ခြင်း ဖြစ်သည်ဟ သူမစာတွင် ရေးသားထားသည်။ အန်ဟွိုင်းပြည်နယ် ရှိ ရွာငယ်သုံးရွာမှ သက်ကြီးရွယ်အို ၇နှစ်ဦးကျော်သည်လည်း ထိုကဲ့သို့ သတ်သေ သွားခဲ့ကြသည်ဟု သတင်းများအရ သိရှိရသည်။

World Myanmar News
ref: OC
ချယ်ရီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...