သွေးတိုးကို ကျစေနိုင်တဲ့ စားသောက်ခြင်း



ဆလတ်ရွက်ကို သံလွင်အနည်းငယ်ဆီဆမ်းပြီးစားရင် အရသာရှိရုံမက သွေးပေါင်ချိန်တက်တာကိုပါ တားဆီးပါသတဲ့။ သစ်စေ့နည်းနည်းနဲ့ ထောပတ်သီးပါ ဆလတ်ရွက်ထဲ ရောပြီးစားရင်တော့ ပိုကောင်းပါ တယ်လို့ ဆိုပါတယ်။ ဒီလိုအကြံပေးချက်ကတော့ သံလွင်ဆီထဲမှာပါတဲ့ ကောင်းတဲ့ အဆီဓာတ်ကြောင့် ဆလတ်ရွက်ရဲ့ ကောင်းကျိုးတွေကို ပိုစေပါတယ် ဆိုတဲ့ ဗြိတိသျှသုတေသနတစ်ခုအရ ပေါ်လာတာပါ။

လန်ဒန်ဘုရင့်ကောလိပ်က သုတေသန ပညာရှင်တွေရဲ့ အဆိုအရ အစားအစာ ၂ မျိုးကို စားတဲ့အခါမှာ အစာအိမ်ထဲမှာ ဓာတ်ပြုမှုတစ်ခု ဖြစ်ပါတယ်တဲ့။ အဲဒီအခါမှာ နိုက်ထရိုဖက်တီးအက်စစ်ဓာတ် ထွက်လာ ပါတယ်။ ဒီလိုထွက်လာတဲ့ဓာတ်တွေဟာ အင်ဇိုင်းတစ်မျိုးနဲ့ ဓာတ်ပြုပြီး တက်နေတဲ့သွေးပေါင်ချိန်ကို ကျစေ ပါတယ်။ ဒီတွေ့ရှိချက်တွေကို ကြွက်တွေမှာ စမ်းသပ် တွေ့ရှိထားတာပါ။ အချိန်နှောင်းတဲ့အထိ ဘာရောဂါ လက္ခဏာမှ ပြလေ့မရှိလို့ အသံတိတ်လူသတ်သမားလို့ ခေါ်လေ့ရှိတဲ့ သွေးတိုးရောဂါဟာ နှလုံးသွေးကြော ပိတ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ၃ ဆ များစေပါတယ်။

သွေးတိုးရောဂါကြောင့် ကျောက်ကပ်နဲ့ မျက်လုံးတွေကို ထိခိုက်စေပြီး သူငယ်ပြန်ရောဂါကို ဖြစ်စေတတ်ပါ တယ်။ အမျိုးသား သိပ္ဗံအကယ်ဒမီရဲ့ ဂျာနယ်ထဲမှာ ရေးသားထားတဲ့ တွေ့ရှိချက်အရ ဆလတ်ရွက်ထဲမှာ သံလွင်ဆီ အနည်းငယ်ထည့်ရုံနဲ့တင် ကျန်းမာရေးအတွက် အကျိုးရှိပါတယ်တဲ့။ နိုက်တရိတ်နဲ့ နိုက်ထရိုက် လို့ခေါ်တဲ့ဓာတ် ၂ မျိုးကိုတော့ ဆလတ်ရွက်လို ဟင်းသီးဟင်းရွက်တွေထဲမှာ မြင့်မားနေတာ တွေ့ရပါတယ်။ ဒီဓာတ်တွေကြောင့် လူ့ခန္တာကိုယ်အတွက် ကောင်းတဲ့ ဓာတ်ပြူမှုတွေကို ဖြစ်စေပါတယ်။

ဒီဓာတ်တွေကို များများရနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ဆလတ်ရွက်၊ ဟင်းနုနွယ်ရွက်၊ မုံလာဥ နီတွေ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် မကြိုက်တဲ့သူတွေအနေနဲ့ကတော့ တခြားနည်းလမ်း ရှိပါ တယ်။ ဗြိတိန်အသင်းနဲ့ ပူးတွဲပြီး သုတေသနလုပ်နေတဲ့ အမေရိကန် သိပ္ဗံပညာရှင်တစ်ဦးရဲ့ အဆိုအရ ဆလတ်ရွက်တွေအများကြီး စားစရာမလိုပဲ လိုအပ်တဲ့နိုက်ထရိအဆီဓာတ်ရအောင် သောက်ဆေးထွင်ဖို့ ကြိုးစားနေကြပါပြီ။ လန်ဒန်ဘုရင့်ကောလိပ်က သုတေသနပညာရှင် ကပြောတာကတော့ ဒီသုတေ သနကြောင့် မြေထဲပင်လယ်လူမျိုးတွေရဲ့ အစားအသောက်တွေက ဘာကြောင့် နှလုံးအတွက် ကောင်း သလည်းဆိုတာကို ပြောနိုင်ပါလိမ့်မယ်တဲ့။ မြေထဲပင်လယ်အနီးနေတဲ့ လူတွေက ဟင်းသီးဟင်းရွက်တွေ၊ သစ်စေ့တွေ နဲ့ သံလွင်ဆီကို အများကြီး စားသုံးကြပါတယ်။ သူတို့ဆီ မြေထဲပင်လယ်တစ်ဝိုက်မှာ နေတဲ့ သူတွေကမှာက လေဖြတ်ရောဂါနဲ့ နှလုံးရောဂါ ဖြစ်သူတွေ နည်းပါတယ်။

ဗြိတိန်နှလုံးဖောင်ဒေးရှင်းက Dr Sanjay Thakkar ကပြောတာကတော့ “ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ သုတေသနဟာ မြေထဲပင်လယ်အစားအစာတွေ ဘာကြောင့် နှလုံးအတွက်ကောင်းသည်း ဆိုတာ ကို ပြောနိုင်ပါတယ်” တဲ့။

ဒီသုတေသနတွေ့ရှိချက်အရ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို အဓိက ဖြစ်စေတဲ့ သွေးတိုးရောဂါကို ဘယ်လို တွန်းလှန်နိုင်ကြ မလည်းဆိုတာ တွေ့ရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်ကို ဆက်လက်ပြီး သုတေသလုပ်ဖို့ လိုသေးပေမယ့် အလားအလာကတော့ အတော် ကောင်းပါတယ်။ မြန်မာနို်င်ငံမှာ ဟင်းသီးဟင်းရွက်တွေပေါတာမို့လို့ လူအများအတွက် ကောင်းသတင်းပါပဲ။ သံလွင်ဆီလိုပဲ အလား တူကောင်းတဲ့ ဆီတွေကတော့ နေကြာဆီ၊ ပဲဆီနဲ့ နှမ်းဆီတွေပဲ ဖြစ်ပါတယ်။ စားအုန်းဆီကတော့ လူအများ သိကြတဲ့အတိုင်း ကျန်းမာရေးအတွက် မကောင်းပါဘူး။

ကျန်းမာရွှင်လန်းကြပါစေ

မြန်မာနှလုံးဖောင်ဒေးရှင်း
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...