ပျော်ပျော်ရွှင်ရွှင် စာကိုကျက် .... ဘဝ နောင်ရေးအတွက်
ညီငယ် ညီမငယ်များ... ပညာအလင်းဖြင့် အသိပညာရှင် အတက်ပညာရှင်များ ဖြစ်ကြပါစေလို့  ဦးစွာ ဆန္ဒမွန်ပြု့ အပ်ပါသည် ။
အချိန်ရှိခိုက်လုံးလစိုက် ၊ အချိန်နှင့်ဒီရေသည် လူကို မစောင့် ၊ ဆိုသည့်အတိုင်း အချိန်လေးရှိခိုက် ကြိုး စားစေချင်လို့ ပါ ။ ကျောင်းစာသင်ကြားသူတိုင်း အချိန်လေးတစ်ခုသတ်မှတ်ပြီး လုပ်ဆောင်ပါ စာကျက်ပါ ။ မိမိကိုယ်တိုင်အစဉ်ပြေသလို အချိန်ကို ရေးဆွဲပြီးပါက အချိန်တိုင်းစာကို လုပ်ဆောင်ပါ ၊ အကြောင်းရာ တစ်ခုပေါ်လာတိုင်း ဒီနေ့ တော့ ရပါတယ် နောက်ရက်မနက်ဖြန်ရှိပါတယ်ဆိုသည့် အတွေးလုံးဝ မလုံးပါနဲ့ ပေါ်ပေါက်လာသည့် အကြောင်းအရာသည့် အလွန်အရေးကြီးသော ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ရင်တော့ တစ် မျိုးပေါ့ ၊ သာမန်ခေါင်းစဉ်အကြောင်းအရာလေးနဲ့ တော့ မိမိ ရေးဆွဲထားသည့် အချိန်ဇယားကို လုံးဝ မပျက်ပါစေနဲ့ နော် ။
ဥပမာပြောပြရင် ..အိပ်နေသည့် ကျောင်းသားတစ်ယောက်ကို ဆရာဖြစ်သူက ထတော့လို့ နိုးထစေချင်ပေ မဲ့ ကျောင်းသားက မထဘဲ အိပ်နေမြဲဆိုရင် မတိုးတက်နိင်သလို ရည်မှန်းချက်လည်း ပျောက်ကွယ်တက် ပါမည် ။
မြန်မာနိုင်ငံမှာ အပျော်အပါး ပွဲလန်းသဘင်တွေ အလွန်များပြားပါတယ် ။ ဒီလိုများပြားနေတာကို ဒီတနှစ် တည်းနဲ့ ပြီးသွားတာမှ မဟုတ်တာ ကျန်းမာလို့ အသက်ရှင်နေသရွေ့ တွေ့ နေကြမှာပါ ။ ပညာသင်ကြား သည့် အချိန်ကာလဆိုတာ သတ်မှတ်ချက်ရှိပါတယ် ငယ်တုန်းမှ ဒါတွေကို အသိစိတ်မှ မဝင်စေဘဲ စာကြိုး စားပါ ။
ပညာသင်ကြားချိန်တွင် စာကို ကြိုးစားကြစမ်းပါ ။ တို့ နိုင်ငံမှာ ပညာပါသောအသိတရား အတွေးအခေါ်မ တက်တော့ မိမိနိုင်ငံမှတန်းဖိုးများသည့် သယံဇာတတွေကို အောက်ကြေး သူခိုးဈေးပမာ ရောင်းချခဲ့ကြ တယ်ဆိုတာ အားလုံး အသိပါ ။ ဒါဘာလည်းဆိုတာ ပညာဆိုသည့် အသိအတွေးတွေ မရှိလို့ ပါ။ ပညာ အဆင့်တန်းနိမ့်ကျခဲ့လို့  မြန်မာဆိုတာ ကမ္ဘာက အထင်သေးသလို ရီစရာလည်းဖြစ်ပါတယ်။ မျိုးဆက်သစ် လူငယ်တွေကို နောင်တစ်ချိန် မြန်မာလို့ ပြောလို့  ကမ္ဘာမှာ အထင်ကြီးလေးစားရအောင် ယခုတည်းက ပညာသင်ကြားသည့်အချိန်တွေကို အထူးအလေးထား သင်ကြားစေလိုပါသည်။
အချိန်ကို တန်းဖိုးထားရမယ် စာမေးပွဲဆိုတာလည်း အချိန်တွေ နာရီတွေနဲ့ ဖြေဆိုကြရသည့်အရာပါ။ ဒီနေ့ တော့ မဖြေသေးဘူးဆိုရင် မနက်ဖြန်မှ ဖြေမယ်လို့ လုပ်လို့ မရပါ နောက်တစ်နှစ်မှ ဖြေဆိုလို့ သာ ရပါ လိမ့်မယ်။ ဒါကြောင့် အခုတည်းက စာကျက်သည့် အလေ့အကျင့်ကို မိမိရေးဆွဲထားသည့် အချိန်ဇယားကို တိတိကျကျ လေးစားလိုက်နာပါ အချိန်ကို တန်းဖိုးထားလေးစားတက်လျှင် သင်တို့ တစ်နေ့ နေ့ တစ်ချိန်ချိန် မှာ အလွန်အကျိုးများကြောင်း သိသာခံစားရပါလိမ့်မည်။ အချိန်လေးစားသောကြောင့် လေးစားတန်းဖိုး ထားလာမည် ကိုလည်း ရရှိလာပါမည်။ စာသင်နှစ် တစ်နှစ်ဆိုတာ ခဏလေးပါ။ တကယ်တွက်ကြည့်မယ် ဆိုရင် ရက်ပေါင်း နည်းပါတယ် ၊ဒါကြောင့် သည်တစ်နှစ်ကို အထူးကြိုးစား အားထုတ်လိုက်ပါ။
တစ်နှစ်ထက်တစ်နှစ် ပညာသင်ကြားသည့် စရိတ်တွေက ကြောက်စရာအလိလိပါ၊ သင်ယူသည့် ကျောင်း သားတိုင်းလည်း မိဘတွေအပေါ်နားလည်ပါ တစ်နှစ်ဆိုတစ်နှစ် မလွယ်ကူသလို မိမိမကြိုးစားခဲ့လျှင်လည်း တစ်နှစ်သာကြီးပြီး အချိန်တွေ ကုန်ပါတယ်။ မိဘဖြစ်သူတွေက သားသမီးကို အကောင်းဆုံးဖြစ်ဖို့ မျှော် လင့်သလို လိုအပ်မှု့ မရှိအောင်ထားပေးကြပါတယ် ဒါကို အထူးသိနားလည်ရန်လည်း အရေးကြီးပါတယ် တက်နိုင်သူတွေက အဆောင်ထားပေးကြပါတယ် သို့ သော်လည်း ဆရာဝန်တိုင်းသည့် ဘော်ဒါနေ အဆောင်နေ သူများမှ ပေါ်ပေါက်တာမဟုတ်ပါဘူး။ ဒါဆို အဆောင်နေ ကျောင်းသားတိုင်း ဘော်ဒါ ကျောင်း သားတိုင်း ဆရာဝန်တွေ ဖြစ်နေကြမှာပေါ့ ။
သင်ကြားသည့် ဆရာတွေ ဘယ်လောက်တော်နေပါစေ အမောင်ကျောင်းသားတို့  မကြိုးစားရင် အ ချည်းနှီးပါဘဲ။ အဓိကတော့ မိမိကိုယ်တိုင်ကိုက မကြိုးစားပါက သဲထဲရေသွန်းသလို၊ အိတ်ကောက်နှင့် ဖားကောက်ဖြစ်နေပါမယ် ဘာဆိုဘာမှ ဖြစ်လာမှ မဟုတ်ပါဘူး။
အဆောင်နေမှ ဆရာတစ်ယောက်ကို သိန်းငွေဘယ်လောက်ပေးရမှ ပညာတက်ဖြစ်မယ်ဆိုရင် မြန်မာ ပြည်မှာ ဒေါက်တာတွေ အင်ဂျင်နီယာတွေ သဲတွေလို့ပေါ်နေမှာ တော်တာတွေ အများကြီးရှိနေမှာပါ။ အဲလိုမနေရလို့  ပညာတက်မဖြစ်တော့ဘူးလား စိတ်လုံးဝ မရှိပါနဲ့ အားငယ်စရာလည်း မလိုပါဘူး။ အချိန်ကို တန်းဖိုးရှိရှိကြိုးစားမယ်ဆိုလျှင် အောင်မြင်မှု့ ဆိုတာ လက်ဝယ်မှာဘဲ ရှိပါသည် ။
ဘယ်မှာနေနေ ဘယ်မှာသင်သင် မိမိကိုယ်တိုင် မကြိုးစားပါက အချည်းအနှီးပင်ဖြစ်ပါသည်။
ခံယူသည့် မိမိသည်သာ အဓိကပါ ။ စည်းကမ်းထားပါ အချိန်ဇယားနဲ့  အလုပ်လုပ်ပါ ကြိုးစားပါ မသိရင် လည်း ဆရာတွေကို မေးပါ ရှက်စာမလိုပါဘူး စာမသိလိုမေးတာ သိချင်တက်ချင်လို့ ပါ။ စာသင်ခန်းမှာ နားမလည်း မသိတာကို ရှက်နေပြီး ရပါတယ် သဘောနဲ့  ရလား ရပါတယ် ဖြေပြောတဲ့ သူသည် တက်ရောင်ကားဖြစ်ပြီး အမြင့်ကို တက်လှမ်းဖို့  ခက်ပါလိမ့်မည် ။
နေ့ တိုင်း ပုံမှန်အချိန်ဇယားတိုင်း လုပ်ဆောင်ပါ စာကို ညသန်းခေါင်း တစ်နာရီကျော်ထိ ကျက်စရာ မလိုအပ်ပါဘူး၊ အိပ်ချိန်လည်း ကောင်းကောင်းယူရပါမယ်။ ည ၁၂ ထိသာ ကျက်မှတ်ပါ၊ မနက်ကို ၅ နာရီ ဆို ထပါ ကိုယ်လက်လေ့ကျင့်ခန်း ၁၅ မိနစ်ခန့် လုပ်ဆောင်ပါ။ ခဏနားပြီး မိမိညက ကျန်ရှိနေသည့် စာ ကိုပြန်ကြည့်ပါ ။ မိမိရေးဆွဲထားသည့် အချိန်ဇယားကို မပျက်မကွက် လုပ်ဆောင်ပါ နေ့တိုင်းပုံမှန်လုပ်ပါ ။ နောက်ရက်မှ စာမေးပွဲက လိုပါသေးတယ်ဆိုသည့် စိတ်မထားရန်ဖြစ်ပါသည်။ အယူအဆ မတူညီတာရှိ နိုင်ပါတယ်။ အချိန်ကိုလည်း မိမိချိန်ဆပါ။ လိုအပ်တာရှိက ယူလိုက်ပါ မလိုအပ်ရင် ပယ်လိုက်ပါ။
ကျန်းမာမှာရေးလည်း အရေးပါလို့  ကျန်းမာရေးအတွက် အဟာရနှင့် မှတ်ဥာဏ်ကောင်းစေသည့် အစား အစာတစ်ချို့ မှာ ငါးများများစား ၊ ကြက်သား ၊ ကြက်ဥ ၊ နွားနို့ ၊ လက်ဆက်သောအသီးအနှံနှင့်အရွက်များ ၊ ရှောက်ရွက် ၊ ဌက်ပျောသီး ၊ ခါကြက်ဥ ၊ ပဲပင်ပေါက် ၊ ကန်စွန်းရွက် နှင့် ကုလားပဲတို့ ကို မျှတစွာစား သုံးပေးပါ။ ခေါင်းမကြည့်သည့်အခါမျိုးတွင် ဂျင်းသုပ်၊ သံပုရာရည်၊ ရှောက်ရည်တို့ ကို စားသောက်ပေးနိုင် သလို ရက်မကြာမကြာလည်း စားသောက်နိုင်ပါသည်။
သင် ….. အောင်မြင်ဖို့ အတွက် တင်းကြပ်သည့် စည်းကမ်းတွေသည် ယခုအခါ ခါးသီးပေမဲ့ နောင်လာ မည့် အနာဂတ်အတွက် အလွန်ချိုမြိန်စေသည့် အရသာကို လိုက်နာနိုင်သူတွေအတွက် ခံစားရရှိမှာပါ ဆိုတာ ယုံကြည်လိုက်ပါ။
ကျောင်းသားတိုင်းသည် ဆရာဝန် မဖြစ်နိုင်ပေမဲ့ ဆရာဝန်တိုင်းသည် ကျောင်းသားများမှ ပေါက်ဖွား ဖြစ်ပေါ်လာခြင်းပင် ဖြစ်ပါသည်။
အသက်ရာကျော်ရှည်ပါစေ