ပရိသတ်ကပေးတဲ့ အုန်းသီးလက်ဆောင်နဲ့ယုဇန



ဆူးလေ ရှန်ဂရီလာဟို တယ်၌ ပြုလုပ်သော ကုမ္ပဏီည စာစားပွဲတစ်ခုတွင် သီချင်းသီ ဆိုနေချိန် ပရိသတ် တစ်ဦးပေး သော အုန်းသီးလက်ဆောင်က အ ဆိုတော်သက်တမ်းတစ်လျှောက် ပထမဆုံးရသည့် အလေးဆုံး လက်ဆောင်ဖြစ်ကြောင်း အဆို တော် ယုဇနက ပြောသည်။

‘‘အုန်းသီးကို လက်ထဲလာ ပေးတော့ ဆိုနေရင်းနဲ့ မနိုင်မနင်း ဖြစ်ပြီး ဘယ်ဘက်က အုန်းသီး၊ ညာဘက် က မိုက်ခရိုဖုန်းကိုင်ပြီး သီချင်းဆိုတာ အသံတောင် ပျောက်သွားလို့ မဆိုနိုင်တော့ဘူး။ အုန်းသီးကို စင်ပေါ် မှာပဲ အောက် ချပြီး ဆက်ဆိုရတယ်။ ဆိုလို့ လည်းပြီးရော ပရိသတ်ပေးတဲ့ အုန်းသီးလေး ကြမ်းပြင်မှာ မထား ခဲ့ချင်ပြန်တော့ ပေးတဲ့လူလည်း စိတ်ချမ်းသာအောင် ပြန်သယ် လာခဲ့တယ်’’ ဟု ယုဇနက ပြော သည်။

အဆိုပါပွဲတွင် အခြားသော ပရိသတ်များက ပန်းသီး၊ ပန်းများ လက်ဆောင်ပေးခဲ့သလို နှစ် ပိဿာခန့်ရှိသော အုန်းသီးလက် ဆောင်ကြောင့် ဘယ်ဘက်လက် တွင် ဒဏ်ရာရခဲ့သော်လည်း ပျော် စရာကောင်းသော အမှတ်တရ တစ်ခုဖြစ်ခဲ့ကြောင်း အဆိုတော် ယုဇနက ပြောသည်။

‘‘နဂိုကတည်းက ကြွက်သား တွေက သိပ်မကောင်းဘူး။ လေး တာ တစ်ခုခုသယ်လိုက်တာနဲ့ မိုး တွင်း ဘက် မိုးရွာတဲ့အချိန်တွေဆို ပိုဆိုးတယ်။ အစ်မလက်က အခု အကျိတ်ဖြစ်နေတာ။ လေးလက်မ လောက် ရှိတယ်။ ဒီလိုမျိုးလူတိုင်း ဖြစ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အစ်မရဲ့ ကြွက်သားတွေကိုက မကောင်းတာ’’ ဟု ယုဇနက ပြော ကြားသည်။

တစ်ကိုယ်တော်ခွေအတွက် လည်း ယုဇနနှင့် ၎င်း၏အမျိုးသား ရေးထားသော သီချင်းများအ တွက် တီးခတ်မှုအပိုင်း စတင်လုပ် ဆောင်နေပြီး အခွေထွက်ရှိရန် တစ်နှစ်ခန့် အချိန်ယူ ပြင်ဆင် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


7Day News Journal
No.404 Monday, June 9, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...