တရုတ်နိုင်ငံမှ ဝါးများဖြင့် လုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ကီးဘုတ်

ကမ္ဘာ့အကြီးဆုံး ကီးဘုတ်ကို တရုတ်နိုင်ငံက ပြုလုပ်ခဲ့ ပါတယ်။ ပလပ်စတစ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ ဝါးများဖြင့် လုပ်ထား ဖြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့ပြင် ၎င်းကီးဘုတ်အတွက် မောက်ကိုပါ တစ်ပါ တည်း ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
ထုတ်လုပ်ထားတဲ့ ကုမ္ပဏီ နာမည်ကတော့ တရုတ်နိုင်ငံမှ Benbu Technologies Company ပဲဖြစ်ပါ တယ်။ ကမ္ဘာ့အကြီးဆုံး ကီးဘုတ်၏ အရှည်ကတော့ ၂.၀၁ မီတာနှင့် အကျယ်ကတော့ ၀.၆၉ မီတာ ရှိတယ်လို့ သိရပါတယ်။
၎င်းကီးဘုတ်တွင် function များလည်း ထည့်သွင်း ပေးထား ပါတယ်။ ထို့ပြင် အသံများလည်း မည်အောင် ပြုလုပ်ပေးထား တယ်လို့ ဆိုပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)