ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှုများခြင်းက ကလေးအား ဘယ်သန်ဖြစ်စေနိုင်ရန် အလားအလာပိုများ

Health Updates Journal No. 122
Durham နှင့် Lancaster့ တက္ကသိုလ်တို့မှ လေ့လာတွေ့ရှိချက်အရ မိခင်လောင်း၏ စိတ်ဖိစီးမှုက သန္ဓေ သားအပေါ်တွင် သက်ရောက်မှုများရှိစေကြောင်း သိရသည်။ လေ့လာသူများက ယခုတွေ့ ရှိချက်မှာ လုံးဝ အတိအကျကြီး မဟုတ်သေးသော်လည်း မိခင်တွင် စိတ်ဖိစီးမှုများခြင်းက ကလေးအား ဘယ်သန် ဖြစ်စေကြောင်း တွေ့ခဲ့ရသည်။ အချို့သူများ၌ ဘယ်သန်(သို့) ညာသန်ဖြစ်ရခြင်းမှာ မျိုးရိုးဗီဇက ပိုမို သက်ရောက်မှုရှိစေပြီး လူတစ်ယောက်လုံး၏ ဘ၀ကိုပြောင်းလဲသွားစေနိုင်သည်။
လေ့လာမှုတွင် လေးဖက်မြင်အာတရာဆောင်း အသုံးပြု၍ မိခင်လောင်းများအား ကိုယ်ဝန် ၂၄ ပတ်နှင့် ၃၆ ပတ်ကြားတွင် စစ်ဆေးခဲ့သည်။ ထို့နောက် မိခင်အားလည်း ကလေးကိုယ်ဝန်လွယ်ထားရစဉ် မည်မျှ စိတ်ပင်ပန်းရသည်၊ စိတ်ဖိစီးရသည်ကို မေးခွန်းများမေးခဲ့သည်။ ထိုအခါ အာထရာဆောင်း ရလဒ်များအရ စိတ်ဖိစီးမှုများသော မိခင်၏ သန္ဓေသားသည် ဘယ်ဖက်လက်အား အသုံးပြု၍ ၎င်းတို့၏ မျက်နှာအား အကြိမ်များစွာ ပွတ် သတ်ပြီး၊ ညာလက်အသုံးပြုမှု သိသာစွာ ပိုနည်းကြောင်း တွေ့ခဲ့ရသည်။ ယင်းအခြေ အနေမှာ ကလေးငယ်မှာ ဘယ်သန်ဖြစ်လာနိုင်သည့် အလား အလာ ဖြစ်ကြောင်းသိရသည်။
ထို့ ကြောင့် လေ့လာသူများက ကိုယ်ဝန်ဆောင်စဉ်၌ စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းရန် လုပ်ဆောင်သင့် သည်ဟု အကြံပြုခဲ့သည်။
အပိန်လေး
အပိန်လေး
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)