ဆရာဝန်လူနာများ ကိုယ်တိုင်သေဆုံးခါနီးအချိန်၌ အပြင်းအထန်အသက်ကယ်ရန် လိုလားခြင်းမရှိ


Health Updates Journal No. 120

ဆရာဝန်အများစုသည် ကိုယ်တိုင် အသက်သေဆုံးခါနီးသောအချိန်၌ ရှုပ်ထွေးသောကုသမှုများ ခံယူ လိုခြင်းမရှိကြောင်း Stanford တက္ကသိုလ်လေ့လာမှု တစ်ခုအရ သိရသည်။ 

၂၀၁၃ ခုနှစ်အတွင်းက လူငယ်ဆရာဝန် ၁၁၀၀ဦးကို ဆေးပညာသင်တန်းများ ပြီးစီးချိန်၌ စစ် တမ်းကောက်ယူခဲ့ရာ ဆယ်ဦးတွင် ကိုးဦးခန့်က ၎င်းတို့သေဆုံးခါနီးလျှင် အသက်ကယ်ကုသမှုများ ခံယူရန်မလိုလား ကြောင်း ဖြေဆိုခဲ့ကြသည်။ 

““ဆေးပညာသင်တန်းတွေ လေ့ကျင့်နေဆဲအချိန်နှင့် ဆေးကုသမှု ပြုလုပ်နေဆဲအချိန်တွေမှာ တွေ့ရ သလောက်ကတော့ လူနာအသက် မသေအောင် နင်းကန်ပြီးနှလုံးဖိခြင်း၊ အသက်ရှူစေခြင်းတို့ ပြုလုပ်ပေးတာဟာ တကယ်တော့ လူနာကိုသာ နာကျင်စေတာတွေ့လာရပါတယ်””ဟု သုတေသီ V y j eyanth Periyakoil က ဆိုသည်။

ဆရာဝန်လူနာများသည် ဆေးကုသမှု မထိရောက်တော့သည့် အချိန်ရောက်လျှင် ကိုယ်တိုင်သိရှိနား လည်နေသောကြောင့် အပြင်းအထန် အသက်ကယ်ဆယ်ခြင်းကို မလိုလားတော့ဘဲ တည်ငြိမ်စွာ သေဆုံးနိုင်ရန်သာ လိုလားကြသည်။ နောက်ဆုံးအချိန်ရောက်လာသည့်အခါ ဆေးကုသမှုများသည် သေလုမျောပါးဖြစ်နေသည့် ကာလကို ဆွဲဆန့်ထားခြင်းသာဖြစ်ပြီး အသက်ပြန်ရှင်လာနိုင်မည် မဟုတ်ကြောင်း ယူဆလေ့ရှိကြသည်။ 

““လူနာတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာလည်း ဆေးရုံမတက်လိုခြင်း၊ အပြင်းအထန် အသက်ကယ်ဆယ်ခြင်းကို မလိုလားကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဆေးရုံနှင့်လုပ်ထုံးလုပ်နည်းတွေအရ သေလုမျေားပါးအချိန်မှာ တတ်နိုင်သမျှ အသက်မသေအောင် ဆွဲဆန့်ပေးထားလေ့ရှိကြတယ်””ဟု သုတေသီတစ်ဦးက ဆိုသည်။


ဇော်ကို
ref: NMD
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...