မွေးခါစကလေးငယ်၏ကျောက်ကပ်ကို ကျောက်ကပ်ဆေးစက်နဲ့ ပထမဆုံးဆေးနိုင်တဲ့ အောင်ပွဲ


Health Updates Journal No. 120

အီတလီသုတေသီများရဲ့ စက်ရပ်သတင်းတစ်ခုက ကမ္ဘာ့ပထမဆုံး မွေးပြီးပြီးချင်း ကလေးငယ်ရဲ့ ကျောက် ကပ်ဆေးကြောမှု လုပ်နိုင်ခဲ့ တယ်ဆိုတယ်။ မွေးခါစကလေးနှင့် ကလေးငယ်တွေမှာ လိုအပ်ရင် ကုသ နိုင်ဖို့ ရှိတယ်ဆိုတယ်။ ကျောက်ကပ် ဆေးစက်က မွေးခါစကလေးငယ်ရဲ့ အင်္ဂါအားနည်းပျက်စီးမှု မွေးရာပါ ရောဂါများအား အောင်မြင်စွာ ကုသပေးနိုင်တော့ မယ်လို့ဆိုတယ်။

ပါမောက္ခ ကလော်ဒီရိုရွှန်ကို အီတလီနိုင်ငံ စန်ဘော့တိုလို ဆေးရုံ နဲ့အဖွဲ့ဟာ တွေ့ရှိမှုကို လန်းဆက်ဂျာ နယ်မှာ ပုံနှိပ်ဖော်ပြထားတယ်။

ရုတ်တရက် ကျောက်ကပ် ဒဏ်ရာရ (သို့) ရုတ်တရက် ကျောက်ကပ်အားနည်းရောဂါဟာ ပေါင်မပြည့် ကလေးများရဲ့ (၁၈%) နှင့်ကြပ်မတ် ကြည့်ရှုကုသဆောင်ရဲ့ (၂၀%) ကလေးများမှာ တွေ့ရတာဖြစ်ပြီး ကျောက်ကပ်ပျက်စီးနေတယ်။

ကျောက်ကပ်အားနည်းပြီး မွေးဖွားလာတဲ့ ကလေးငယ်များအတွက် ကျောက်ကပ်ဆေးခြင်းဟာ ရောဂါ ကုသမှုရဲ့ ပထမဦးစားပေး ဖြစ်တယ်။ ယင်းမှာ အဆက်မပြတ် ဆေးနေရပြီး ကျောက်ကပ်အစားထိုးမှုအောင်မြင်ပြီးမှ ဆေးခြင်းရပ်သွားတယ်။

သုတေသနအဖွဲ့ အနေနဲ့ ကျောက်ကပ်ဆေးကြောဖို့ ပြင်ဆင်ရာမှာ ရောဂါမကူးစက်စေရေးနှင့် ကလေး ငယ်အတွက် သေးငယ်တဲ့ စက်ပစ္စည်းကိရိယာများ ရရှိသုံးစွဲဖို့ မှာ ပြဿနာရဲ့ အစဖြစ်တယ်။ စီအာအာ တီစက်က (၁၅) ကီလိုဂရမ်ထက်နည်းတဲ့ ကလေးငယ်များအတွက် သီးခြားဒီဇိုင်းဆွဲ တီထွင်ထားတဲ့ စက် ဖြစ်တယ်။

အဓိကပြဿနာက ရေဘယ်လောက်သွင်းပေးရင် ခံနိုင်ရည် ရှိ/ မရှိဖြစ်တယ်။ လူကြီးများမှာ ကျောက် ကပ်ဆေးကြောသလို ကလေးငယ် အတွက် အရည်မှာများလွန်းလျှင်လည်း ရေဓာတ် ခန်းခြောက်ခြင်းနည်းလျှင်လည်း ဆီးမထွက်ခြင်း၊ သွေးဖိအားမြင့်ခြင်းနှင့် ဖောရောင်ခြင်းများ ဖြစ်နိုင် တယ်လို့ ပါမောက္ခ ရွှန်ကို က ဆိုတယ်။

သုတေသီများက မွေးကင်းစ ကျောက်ကပ်ဆေးတဲ့ စက်တစ်ခု စီရင်တီထွင်ခြင်းဖြင့် မွေးခါစကလေးများ ကျောက်ကပ်ဆေးဖို့ စီစဉ်နိုင်တော့မှာနှင့် ပတ်သက်ပြီး စိတ်အားထက်သန်လျှက် ရှိတယ်လို့ဆိုတယ်။


ဒေါက်တာလွင်သန့်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...