ဒူးရင်းသီး နှင့်ကျန်းမာရေး



အနံ့ အရသာနှင့်ပြည့်စုံသော ဒူးရင်းသီးပင်များ၏ ဌာနေဒေသမှာ ဘရူနိုင်း၊ အင်ဒိုနီးရှား နှင့် မေ လးရှား တို့ ဖြစ်ကြပြီး၊ ကမ္ဘာ ပေါ်တွင် ဒူးရင်းပင်မျိုးစိပ်ပေါင်း ၃၀ ရှိရာ၊ ၉-မျိုးသာ စား၍ရ ပါသည်။ အပင်စိုက်ပြီး ၄-၅ နှစ်ခန့် ကြာမှ စတင်အသီးသီးလေ့ရှိပြီး၊ အသီးမှည့်၍၊ ၂-ရက် မှ ၄-ရက်အကြာ တွင် သူ့ အလိုလို ကြွေကျတတ်ရာ၊ အဆူးမာအခွံများ၏ အန္တရာယ်ကြောင့် ဒူးရင်းသီး များရင့် မှည့်သော ရာသီရောက်ပါက၊ အပင်အောက်မှ သတိထားပြီးဖြတ်သန်းသွားလာသင့်သည်။ ခူး ဆွတ်ပြီး ၅-ရက် မှ ၆-ရက် အတွင်းစား သုံးပါက အရသာပိုရှိသည်။ အချို့ ကလဲ စူးရှသောရနံ့  ရှိသည် ဟူ ၍ မနှစ်သက်ကြပါ။ သို့ သော် မြည်း စမ်းကြည့် လိုက်ရာ၊ နူးညံ့ချိုမွှေးအီ ဆိမ့်ပြီး အရ သာကောင်းမှန်းသိသွား၍ စွဲလန်းသွားကြပါသည်။ ဒူးရင်းသီး၏ ထူးခြားသောအရသာ ကြောင့် အရှေ့ တောင်အာရှနိုင်ငံများတွင်၊ ၄င်းကို "အသီးမှာဘုရင်" ဟု တင်စားခေါ်ဝေါ်ကြသည်။

(၁) ဒူရင်းသီးအနှစ်သားသည် ပရိုတင်းဓာတ်ကြွယ်ဝရုံသာမက၊ လူသားတို့ ကျန်းမာရေးအတွက်
အကျိုးပြုဗီတာမင်နှင့် သတ္တု ဓာတ် (၁၇)မျိုးပါရှိသည့်အတွက် နာလန်ထစလူနာများ ခွန်အားပြည့် ဓာတ် စာအဖြစ် မှီဝဲနိုင်သည်။

(၂) ဒူးရင်းသီးအနှစ်သားထဲတွင် သဘာဝသကြားဓာတ်ပါရှိကာ၊ အလွန်နူးညံ့အစာကြေလွယ် သဖြင့် ကိုယ်အလေးချိန်မပြည့်သော ကလေးငယ်များအတွက် ဖြည့်စွက်စာ အဖြစ် ကျွေးေ မွးသင့်သည်။

(၃) သံဓာတ်နှင့်ဖော့စဖရက်တို့ သည် ဌက်ပျောသီးတွင်ပါဝင်မှုထက် ၁၀-ဆကျော်ပိုမိုသဖြင့် ကလေး မီးဖွာပြီးစ မိခင်များ ဒူးရင်းသီး စားသုံးခြင်း (သို့ မဟုတ်) အခွံကိုမီးမြှိုက်၍ အခွံအတွင်း သားအမျှင်များကို စားသုံးရန် အထူးသင့်တော်သည်။

(၄) အသီးထဲတွင်ပါဝင်သောအဆီဓာတ်သည် အခြားအသီးအနှံများထက် အဆီဓာတ်ပါ ၀င်မှုမြင့် မားသော်လဲဘဲ၊ ကိုလက်စထရော ကင်းသော အဆီဓာတ်ဖြစ်သည်။

(၅) အစာကြေလွယ်သော အမျှင်ဓာတ်များပေါကြွယ်ဝစွာပါရှိသောကြောင့် ၀မ်းပျော့စေပြီး အူသိမ်အူမ ထဲရှိ အရိအချွဲများကို လျော့ စေကာ အူမကြီးကင်ဆာဖြစ်ပွာခြင်းမှ ကာကွယ်ပေးသည်။ အလွန်အမင်း ၀မ်းချုပ်ပါက၊ ဒူးရင်းသီးအခွံ၏ အတွင်းသားဖြင့် ၀မ်းဗိုက် ကို ပွတ်တိုက်ေ ပးနိုင်သည်။

(၆) ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင် B Complex များကြွယ် ၀သောကြောင့် ကိုယ်ခံစွမ်းအားမြင့်မား ကာ၊ ပြင်ပရောဂါများကို အလွယ်တကူမကူးစပ်နို င်ေ အာင် တိုက်ထုတ်ပေးသည်။

(၇) ဒူးရင်းသီးအနှစ်သားသာမက၊ အမြစ်နှင့် အရွက်တို့ ကို တိုင်းရင်းဆေးဆရာများက အပြင်းဖျားနာခြင်း နှင့် အသားဝါရောဂါ ကုထုံးများတွင်အသုံးပြုလေ့ရှိသည်။

(၈) သွေးသန့် စေသည့်ပြင် သွေးနီဥဆဲလ်များကို ထုတ်လုပ်ပေးပြီး၊ သံဓာတ်နှင့် ဖောလစ်အက် ဆစ်တို့ ကြွယ်ဝသဖြင့် သွေးအား နည်းရောဂါကိုလည်း မဖြစ်စေပါ။

(၉) နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ ကိုထိန်းချုပ်ပေးသည့် ပိုတက်စီယမ်လဲ ကြွယ်ဝစွာ ပါရှိသည်။

(၁၀) ဦးခေါင်းပေါ်ရှိ ဒက် နှင့် အရေပြားပေါ်ရှိ ပွေးကွက်များအတွက် အရွက်ပြုတ်ရည်ဖြင့် လိမ်းကျံပေးနိုင် သည်။

(၁၁) ကော့ပါးဓာတ်ပါရှိသဖြင့် သိုင်းရွိုက်(လည်ပင်းအကျိတ် )ဝေဒနာသည်များကို ကောင်းကျိုးပြု သည်။

(၁၁) ပရိုတင်းဓာတ်ကြွယ်ဝမှုကြောင့် ကြွက်သားများ ကောင်းမွန်စွာတည်ဆောက်မှုကို အေ ထာက် အကူပြုပေးသည်။

(၁၂) သွေးလည်ပတ်မှုကိုအားပေးပြီး၊ ကာမစိတ်ကိုအစွမ်းကုန်လှုံ့ ဆော်ပေးသည်။

(၁၃) အသီးထဲတွင် မဂ္ဂနီစီယမ်၊ ဗီတာမင်ဘီ နှင့် ပိုတက်စီယမ်တို့ ကြွယ်ဝစွာပါရှိခြင်းကြောင့် အရိုးနှင့် အရိုးဆက်များ ကျန်းမာရေး ကို ကောင်းစွာပံ့ပိုးပေးသည်။

(၁၄) ခြေသည်း/လက်သည်းမှိုပိုးစွဲခြင်းများအတွက် ဒူးရင်းသီးပင်အမြစ်က ကောင်းစွာကုသပေးနိုင်စွမ်း ရှိသည်။

(၁၅) မဂ္ဂနီးစ်ဓာတ်ပါရှိခြင်းကြောင့် သွေးထဲရှိသကြားပမာဏကို ပုံမှန်ဖြစ်အောင်ထိန်း ချုပ်ပေးသည်။

(၁၆) မီးစုန်းဓာတ်ပါရှိသဖြင့် သွားနှင့်သွားဖုံး ကျန်းမာရေးကို ကောင်းစွာမြှင့်တင်ပေးသည်။

(၁၇) ဒူးရင်းသီးအခွံကို အိမ်ယာကုတင်အောက်ထားခြင်းဖြင့် ကြမ်းပိုး နှင့် ခြင် အန္တရာယ်တို့ မှ ကင်းဝေးစေသည်။

(၁၈) Pyridoxine (ခေါ်) ဗီတာမင်B6 နှင့် အမိုင်နိုအက်ဆစ်တမျိုးဖြစ်သော *tryptophan*တို့  ပါဝင် သဖြင့် စိတ်ကျရောဂါများ၊ စိုးရိမ်ကြောင့်ကြဖြစ်ခြင်းနှင့် စိတ်ဖိစီးခြင်း စသည့်ဝေဒနာများ ကိုပြေပျောက်စေ ကာ၊ အိပ်မောကျ၍ဉာဏ်ရည်ကိုတိုးတက် ကောင်း မွန်စေသည်။

(၁၉) riboflavin (ခေါ်) ဗီတာမင်B2 ပါရှိသဖြင့် ခေါင်းတခြမ်းကိုက်ခြင်းမှ သက်သာစေသည်။

(၂၀) သီအာမင်နှင့်နီအာစင်းဓာတ်ပါရှိခြင်းကြောင့် ဒူးရင်းသီးစားပြီးနောက်ဗိုက်ဝသွားကာ နောက်ထပ် အစာစားချင်စိတ်ကို ချိုးနှိမ် ပေးသည်။

(၂၁) ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတမျိုးဖြစ်သော ဗီတာမင်စီ RDA ရာခိုင်နှုန်း အပြည့်အ၀ပါရှိသဖြင့်၊ ခန္ဓာကိုယ်အတွက်မလိုလားအပ်သော free radicals များကို တိုက်ထုတ်ပေး၍ ကူးစက်ရောဂါများမှ ကာကွယ်ပေးကြောင်း၊ ထိခိုက်ဒဏ်ရာများ အနာကျက် လွယ်စေကာ အရေပြားကို ကျန်းမာစေကြောင်း၊ အရွယ်တင်နုပျိုစေကြောင်း လေ့လာသိရှိရသည်။

*<သတိပြုရန်>>*(က) ဒူးရင်းသီးသည် အရက်နှင့်လုံးဝ ဓာတ်မတည့်ပါ။ တွဲစားမိပါက၊ အူချဉ် နာ၊ လေထိုးလေအောင့်နာဖြစ် စေ နိုင်သည်။ (ခ) အပူဓာတ်ဖြစ်ကာ၊ သကြားဓာတ် အမြောက် အများ ပါရှိ သည့်အတွက်၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ဆီးချို ရောဂါသည်များမစား သင့်ပါ။ (ဂ) ကျန်းမာရေး အတွက် ကောင်းကျိုးပြုသော်လည်း အလွန်အကျွံ စားသုံးပါ က၊ သွေးတိုးခြင်း/ အပူ ကန်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်စေတတ်သည်။ (အပူစင်စေရန်အတွက် ဒူးရင်းသီးစားပြီးတိုင်း မင်းကွတ်သီး အနည်းငယ် စားပေးသင့်သည်)
+++++++++++++++++++++

သို့ ပါ၍ ဒူးရင်းသီးကို သင့်တင့်မျှတစွာစားသုံးခြင်းဖြင့် အထက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများကို အရယူနိုင်ပါကြောင်း။


(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
(ကိုးကားချက် - Health Benefit's of Durian By Len7288)*
--
*promise.pauk*
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...