နွားထီးပစ္စည်း တံဆိပ်မှားကပ်တဲ့ဆိုင် တရားစွဲခံရ



နွားထီးတန်ဆာကို အမဲသား လို့ စာကပ်ရောင်းမိတဲ့ အမေရိကန်က ကုန်စုံဆိုင် တရားစွဲခံနေရပါတယ်။

တက္ကဆက်ပြည်နယ် အော်စတင်မြို့က MT Supermarket မှာ ဖြစ်ကြောင်း သတင်းတွေမှာ တွေ့ရမှာပါ။
ပြည်နယ် ရှေ့နေချုပ်ရုံးက စွဲတာလို့ သတင်းတပုဒ်က ဆိုတယ်။

နွားထီးတန်ဆာကို ခွေးစာအဖြစ် ရောင်းတတ်ကြတယ်၊ သို့သော်လည်း အဲဒီဆိုင်မှာ လူစားတဲ့အမဲသား ဆိုတဲ့သဘော ရေးထားခဲ့တာပါ တဲ့။

ဒီအမှုမှာ ကုန်စုံဆိုင်ဘက်က ရှုံးရင်တော့ ဒေါ်လာ ငါးထောင် ဒဏ်ရိုက်ခံရပါမယ်။

ဒီသတင်းအရ ဆိုရင် နွားထီး ပစ္စည်းကို အနောက်တိုင်းသားတွေ မစားကြဘူး ဆိုတဲ့သဘောပေါ့။
အရှေ့တိုင်းသား အာရှသား အများအပြားကတော့ သူတို့ ဘယ်နိုင်ငံရောက်ရောက် စားကြပါတယ်။

အိမ်မှာလည်း ချက်စားပြုတ်စား၊ စားသောက်ဆိုင်ရောက်လည်း မှာစား ၀ယ်စားကြတာပါ။

အနောက်တိုင်းသားတွေက သူတို့ကိုယ်တိုင် မစားသလို သူတို့ရဲ့ အိမ်မွေးခွေးတွေကိုတောင် မကျွေးချင်သူတောင် ရှိတယ် တဲ့။

အမဲသား စားသူ အများအပြားဟာ အသားအပြင် ... လျှာ၊ အဆုတ်၊ ပုဆိုးကြမ်း နဲ့ ကလီစာမျိုးစုံ စားကြသော်လည်း ဒါကိုတော့ ဘာကြောင့် တားမြစ်ထားကြသလဲ ဆိုပြီး စာဖတ်သူတယောက်က မှတ်ချက်ပြုပါတယ်။

အမေရိကန်က အာရှစားသောက်ဆိုင် အများအပြားမှာ ဒါကို ခေါက်ဆွဲထဲ တွေ့ရမှာပါ။ ခေါက်ဆွဲ နှစ်ပွဲ ဓာတ်ပုံကို ဖော်ပြလိုက်ပါတယ်။ အပေါ်ပုံကတော့ မက္ကဆီကိုနိုင်ငံကပါ။  Sautéed bull penis served as an appetizer in Oaxaca, Mexico လို့ ဆိုပါတယ်။ appetizer ခံတွင်းမြိန်စာအဖြစ် သုံးဆောင်ဖို့ ခင်းကျင်းထားတာဖြစ်ပါတယ်။

.
.



ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...