ချစ်သူတွေ တစ်ဦးကိုတစ်ဦး တယုတယပွေ့ဖက်ထားခြင်းက ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ


မေသော် on 2014-06-07 10:34

ချစ်သူနှစ်ဦး တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ရှိနေတဲ့အချိန်ဟာ သူတို့နှစ်ယောက်အတွက်တော့ တကယ့်ကို ပျော်ရွှင်ကြည်နူးစေနိုင်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး။ ကိုယ့်ချစ်သူကို ပွေ့ဖက် ရင်း လှဲလျောင်းရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကလည်း သာယာချမ်းမြေ့မှုကို ဆောင်ကြည်းပေးနိုင် သလို ဒီလို ပြုလုပ်ခြင်းအတွက် အကျိုးကျေးဇူးတွေ များစွာရရှိနိုင်ပါတယ်။ အဲ့ဒါတွေကတော့

၁။သံယောဇဉ် ပိုကာတိုးစေပါတယ်။

ချစ်သူနဲ့ နီးနီးကပ်ကပ် လဲလျောင်းခြင်းဟာ သူတို့နှစ်ဦးရဲ့ သံယောဇဉ်ကြိုးကို ပိုတင်းကျပ်စေပါတယ်။ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်အိပ်စက်ခြင်းတွေထဲမှာမှ နှစ်ဦးသား နီးနီးကပ်ကပ် နွေးနွေးထွေးထွေး လဲလျောင်းအိပ်စက်တတ်တဲ့ စုံတွဲတွေဟာ မြဲလေ့ရှိတယ်လို့ စစ်တမ်းကောက်ချက်များ အရ သိရပါတယ်။

၂။ပျော်ရွှင်မှုကို ခံစားရစေပါတယ်။

တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားမယ်ဆိုရင် နှစ်ဦးမှာရှိတဲ့ ဟော်မုန်းတွေ ထုတ်လွှတ်မှုကြောင့် စိတ်ခံစားမှု ဟာ ပေါ့ပါးပျော်ရွှင်စေနိုင်ပါတယ်။

၃။စိတ်ဖိစီးမှုတွေ လျော့ကျသွားစေပါတယ်။

နှစ်ဦးစလုံး တစ်ယောက်အသား တစ်ယောက်ထိတွေ့တဲ့အခါ ဦးနှောက်ကနေ ဂလင်းတစ်ချို့ကို မလို အပ်တဲ့ ဟိုမုန်းတစ်ချို့ကို ရပ်တန့်ပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ စိတ်ဖိစီးမှုကို လျော့ကျ သွားစေခြင်းပါပဲ။

၎။သင်အိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ကိုယ့်ချစ်သူက ကိုယ့်ကိုဖက်ပြီး အိပ်ပျော်သွားတဲ့သူအများစုဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်ကြပါ တယ်။ ဒါဟာ ကိုယ့်စိတ်ထဲ ရှိထားတဲ့ အပူအပင်လျော့နည်းသွားတာကြောင့်လို့ သိရပါတယ်။

၅။ကိုယ်ခံအား ကောင်းစေပါတယ်။

ပွေ့ဖက်အိပ်စက်ခြင်းဟာ စိတ်ကိုပေါ့ပါးပြီး အပန်းပြေသွားစေတဲ့ စနစ်ဖြစ်တဲ့ parasympathetic ဆိုတာကို မြှင့်တင်ပေးလိုက်တာကြောင့် သင့်ရဲ့ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးလိုက်ရာ ရောက်ပါ တယ်။ လွယ်လွယ်ကူကူ ဖျားနာမှု မရှိနိုင်တော့ပါဘူး။


Ref:womenshealthmag.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...